Author: Baby Yit Lone

  • ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    မိမိတို့ဒေသက ဆွေမျိုးမိတ်ဆွေများ သိရှိနိုင်အောင် Share ပေးပြီး အသိပေးလိုက်ကြရအောင်ဗျာ။ 📢 ဒေါက်တာစိုင်းခွန်အာကာ ၏ မိုးလေဝသခန့်မှန်းချက်များအရ လာမည့် ၄၈ နာရီအတွင်း (မေလ ၉ ရက်နေ့အထိ) အောက်ပါဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရာသီဥတုအပြောင်းအလဲ ပြင်းထန်နိုင်ပါတယ်။ 📌 ကချင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ တနိုင်းနှင့် မိုးညှင်းခရိုင်များတွင် တစ်ပြည်နယ်လုံးအနှံ့ မိုးဆက်လက်ရွာသွန်းပါမယ်။ အထူးသဖြင့် ပူတာအိုနှင့် မြစ်ကြီးနား မှာ မိုးရေချိန် (၃) လက်မမှ (၄) လက်မအထိ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ မြစ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ မြစ်ရေမြင့်တက်မှုကို ဂရုစိုက်ကြပါရန်။ 📌 မကွေးတိုင်းအတွင်း နေထိုင်သူများအတွက် ဆော၊ ချောက်၊ စေတုတ္တရာ၊ ရေနံချောင်း၊ ငဖဲနှင့် မင်းဘူးမြို့များတွင် နေရာကွက်၍…

  • ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး

    ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး

    ပြင်ဦးလွင်၊ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးသွားကြောင်း ဗိုလ်လောင်း သိန်းဟန်၏ မိတ်ဆွေများက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။ သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း သေဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာအိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။ “DSA မှာ တက်နေတာ။ စီနီယာတွေက အုပ်ချုပ်တယ်ဆိုပြီး ကြီးနိုင်ငယ်ညှင်း ဝိုင်းထိုးကြိတ်လိုက်တာမှာ သေဆုံးသွားပုံရတယ်” ဟု သိန်းဟန်၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။…

  • ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှု

    ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှု

    ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သားတစ်ဦး သေဆုံး မတော်တဆထိခိုက်မှုအတွက် ကာကွယ်ရေးတပ်ဖွဲ့များက အနူးအညွတ်တောင်းပန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်အိုစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF က ယနေ့ မေလ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုနှစ်ဖက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မိသားစုဝင်များထံ အနူးအညွတ် တောင်းပန်ထားသည်။ ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင်…

  • တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ

    တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ

    သားဖြစ်သူတို့ တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ သူတို့ရဲ့ခွေးလေးအပါအဝင် တစ်မိသားစုလုံး အဖြစ်ဆိုးကြုံခဲ့မှန်းသိခဲ့ရ 😰💔 မိခင်ကတော့ ယခုဖြစ်ရပ်ကြောင့် သူမအနေနဲ့ ၂၀၂၅ မေလ ၁ရက်နေ့ကို ဘယ်တော့မှ မမေ့ကြောင်း အဲဒီနေ့မှာ သူမရင်ကွဲနာကျခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာ ယခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ “သင်္ကြန်အပြီး သမီးတို့ ညီအစ်မ လုပ်ငန်းထဲပြန်သွားကြတော့ သားကြီးနဲ့ မြေးလေးပဲ အိမ်မှာကျန်တယ်။ သားကြီးကို ဆက်သွယ်တော့ မရတဲ့အခါ သူတို့သားအဖ ဖုန်းနားမရှိကြဘူးလို့ ထင်ခဲ့ပေမယ့် ၃/၄ ရက် ကြာတဲ့အထိ ဆက်သွယ်မရခဲ့ဘူး။ သမီးဆီ ဖုန်းဆက်တော့လည်း ပြန်မဆက်တာက အလုပ်ချိန်ဖုန်းမကိုင်တာလို့ ထင်မိခဲ့တာ… အိမ်မှာကျန်တဲ့ သားအဖနှစ်ယောက်များ နေမကောင်းလို့လားဆိုပြီး မေ ၁ရက်မှာ သူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ် တံခါးခေါက်ပြီး ခေါ်မရလို့ အိမ်ရှင်ခွင့်ပြုချက်နဲ့ တံခါးဖျက်ပြီး ပြတင်းပေါက်အရင်ဖွင့်ကြည့်မိချိန်မှာ…

  • ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝါးခယ်မမြို့ တံတားအဆင်းရှိ ကောင်းထက် ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှု အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။ “ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။ ဆီဆိုင် တစ်ဆိုင်လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။ အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုကြောင့် မော်တော် ၂၂…