Author: Baby Yit Lone

  • တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ

    တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ

    TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။ ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား မြင်တွေ့ရသလို အတွင်းမှ ဆောင့်စွဲပြီး တံခါးပြန်ပိတ်သွားမှုကို မြင်တွေ့ခဲ့ရသည်။ သံသယတရားခံ ချွိုင် (အွန်လိုင်းအမည်…

  • မီးပုံးပျံအန္တရာယ်

    မီးပုံးပျံအန္တရာယ်

    ⭕️မီးပုံးပျံအန္တရာယ်⭕️ အခုလက်ရှိစျေးကွက်ထဲမှာရောင်းနေတဲ့ မီးပုံးပျံတွေအားလုံးက မြို့ထဲမှာလုံးဝမလွှတ်သင့်ပါဘူးဗျ အိမ်တွေမီးလောင်တဲ့အထိဘာကြောင့်ဖြစ်ရလဲဆိုရင် အဓိက မီးစာကြောင့်ပါ ကျနော်ကိုယ်တိုင် ခုနကတစ်လုံးလွှတ်ကြည့်ရင်းလေ့လာကြည့်တာ ဒီမီးစာကမီးပုံးပျံအကြောင်းတစ်ခုခုကြောင့်ပြန်ပျက်ကျသွားရင်တောင် သူကမီးမငြိမ်းပါဘူး ဘာနဲ့လုပ်ထားတာလဲတော့နားမလည်ဘူး မီးစွဲအားအရမ်းကောင်းပါတယ် လက်ရှိမီးပုံးပျံအများစုက အမြင့်ကြီးထိပျံတက်ပီး လေလမ်းကြောင်းကနေအဝေးကြီးထိ လွင့်ပါနိုင်တဲ့အရွယ်အစားမဟုတ်သလို အရည်အသွေးလည်းမပြည့်မှီပါဘူး လေလမ်းကြောင်းက လူနေအိမ်တွေရှိတဲ့ဘက်ကိုဦးတည်နေတယ်ဆိုရင်မလွှတ်တာအကောင်းဆုံးပါပဲ မြို့ထဲမှာလွှတ်ရင် ကိုယ့်အိမ်ကလွှတ်တဲ့အချိန်အနည်းငယ်ပျံတက်သွားရင်တောင် အခြားရပ်ကွက်တွေထဲကျသွားနိုင်ပါတယ် ရှေ့လျှောက်ဆိုရင် မိုးလေကင်းလွတ်ပီးမီးပုံးပျံလွှတ်တဲ့ရာသီတွေရောက်လာပီမို့ ကြိုတင်သတိထားကာကွယ်သင့်ပါသည်။ (အခုမီးလောင်မှုဖြစ်တာက ဆိုလာပြားပေါ်မီးပုံးပျံပျက်ကျလို့ဆိုပီးသိရတာမို့ ဆိုလာပြားတွေကိုခေါင်မိုးလုပ်ပီးနေကြတဲ့ မန္တလေးမြို့နဲ့ဆိုလာတပ်ဆင်ထားတဲ့အခြားဒေသကအိမ်တွေလည်း ပိုပီးဂရုစိုက်ကြပါဗျ)

  • စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင် (ထန်းသစ်ရွာ)ရွာမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသည့် ဘုန်းကြီး ဦးဝေပုလ္လ ဦးဆောင်၍ စစ်မှုထမ်းအတွက် လူငယ်များအား ပေါ်တာဆွဲနေကြောင်း သိရသည်။ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးယူထားသည့် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့များ နှင့်အတူ ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လ၏တပည့် စစ်ကိုင်းအနောက်တာသား စောပြည့်ချမ်းသာ ဦးဆောင်၍ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရပ်ကွက်တွင်းဝင်၍ သေနတ်ပစ်ဖောက်မှုများလုပ်သလို အိမ်ထဲထိပါဝင်ပြီး ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “ဒီကောင်တွေက လူတွေကိုဆွဲပြီးတော့ ဝေပုလ္လဆိုတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားကြပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတာ။ လူ တယောက်ကို ပြန်လိုချင်ရင် အနည်းဆုံး သိန်း ၅၀/၆၀ ဆိုတာမျိုး တောင်းနေတာ။ မပေးနိုင်ရင် စစ်တပ်ထဲ ထည့်ပစ်လိုက်…

  • ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    စစ်ကော်မရှင်က လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာနေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှစပြီး ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီပြည်သူ့စစ်များပူးပေါင်းပြီး စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၅ ရက်နေ့က လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်၍ အကာအကွယ်ယူ ရှေ့တိုးလာနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းများ မြို့နဲ့ လေးမိုင်အကွာထိ ရောက်လာပြီလို့သိရပါတယ်။ မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဗန်းမောက်မြို့ ဆေးရုံဘက်ကို အရင်ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ ကြားပါတယ်။ အခုတော့ ဟုမ္မလင်းဘက်ကနေ ပူးပေါင်းတပ်တွေ စေလွှတ်ထားပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကော်မရှင်၏ တပ်မ ၃၃၊ ခမရ ၁၆ နှင့် ရှမ်းနီပြည်သူ့ SNA တပ်တို့ပူးပေါင်းပြီး ဗန်းမောက်မြို့ရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ချဉ်းကပ်လာသည့်အတွက်…

  • မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်ခွေး…