Author: Baby Yit Lone
-

ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး
စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ “လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။ လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့…
-

အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ
အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးပြားရွာအလှူပွဲမှာဖြစ်ခဲ့တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး အောင်ချမ်းသာရွာ ရပ်ကျေးပကဖ၊ ပအဖအဖွဲ့ဝင် ၃ ဦးနဲ့ ရုန်းသာရွာသား ၄ ဦးတို့ကို ဖမ်ဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ဝက်လက်မြို့နယ် ပလဖတာဝန်ခံဆီက သိရပါတယ်။ ဖြစ်စဥ်မှာပါဝင်တဲ့ အောင်ချမ်းသားရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ကို မတ်လတတိယပတ်အတွင်းမှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ရုန်းသာကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ဒူးဝါး၊ အောင်ခန့်နိုင်၊ အောင်မြတ်စိုး၊ ဇင်ကိုလွင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “အလှူမှာ အဖွဲ့လိုက်ရန်ဖြစ်ကြတာလေ။ အုပ်ချုပ်ရေးအဖွဲ့တွေဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးကလည်း တရားလိုလုပ်ပြီး အမှုပြန်ဖွင့်ထားတော့…
-

ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရ
စစ်တပ် နှင့် မင်းအောင်လှိုင်၏ ပြန်ကြားရေး ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိသော်လည်း ရုံးနှင့်အခမ်းအနားများတွင် မတွေ့ရဟုဆို အကြမ်းဖက်စစ်တပ်၏ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် အကြမ်းဖက် ဇော်မင်းထွန်းမှာ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိနေသော်လည်း ရုံး တက်ခြင်းနှင့်အခမ်းအနားများ တက်ခြင်း မတွေ့ရတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၃ ရက်နေ့ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် အစားထိုးဝင်ရောက်လာပြီး အကြမ်းဖက် ဗိုလ်ချုပ် ဇော်မင်းထွန်းမှာမူ ယင်းရာထူးမှ အနားယူသွားကြောင်း၊ သို့ရာတွင် ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်လက်…
-

Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ
Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြားထားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို လက်ခံရရှိထားပါတယ်။ ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card…
-

စစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့
အမေရိကန်သမ္မတ ထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိရောက်သော အရေးယူမှုများလုပ်ဆောင်ရန်အမေရိကန် လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။ မတ်လ ၂၆ ရက်နေ့ အဆိုပါပေးစာကို ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး စာပေးပို့သူများတွင် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဂရေဂရီ မိစ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ယန်းကင်၊ လွှတ်တော်အမတ် အေမီဘာရာနှင့် တောင်နှင့်အလယ်အာရှ ဆပ်ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဆစ္စနီ…