Author: Baby Yit Lone
-

အီရန်နှင့်မြန်မာအကြား လက်နက်ကုန်သွယ်မှုကွင်းဆက်များ ရှိနေ
အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံလုပ် ဒရုန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေး ၏ သားဖြစ်သူ ပါဝင်နေသော မြန်မာကုမ္ပဏီ Synpex Shwe မှ မော်တာ အစိတ်အပိုင်း ပါဝင်နေ အီရန်နှင့်မြန်မာအကြား လက်နက်ကုန်သွယ်မှုကွင်းဆက်များ ရှိနေ အီရတ်နှင့်ဆီးရီးယားနယ်စပ်ရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံလုပ် ဒရုန်းတွင် မြန်မာ Synpex Shwe ကုမ္ပဏီက တင်သွင်းသော မော်တာ အစိတ်အပိုင်းပါဝင်နေကြောင်း Conflict Armament Research (CAR)၏ အစီရင်ခံစာနှင့် Justice For Myanmar -JFM ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အီရတ်-ဆီးရီးယား နယ်စပ်အနီးရှိ အမေရိကန် ဦးဆောင်သော မဟာ မိတ်တပ်ဖွဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှုအပြီးတွင်…
-

ကရင်နီပြည်နယ်၌ KTV ဆိုင်များ အားလုံးပိတ်သိမ်းရန် အသိပေး
စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက KTV ကာရာအိုကေဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့နဲ့ မလိုက်နာရင်အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကရင်နီတပ်ပေါင်းစုံအဖွဲ့တွေက ထုတ်ပြန် အသိပေးထားပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်း မြို့နယ်တွေဖြစ်တဲ့ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်ခူမြို့နယ်အတွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ ဘေးကင်းစွာ နေထိုင်သွားလာဖို့နဲ့ တရားဥပဒေလုပ်ငန်းစဉ်တွေ ပိုလုပ်ဆောင်နိုင်ဖို့ မတ် ၁၆ ရက်ကစပြီး ကရင်နီပြည်နယ်ထဲက KTV ဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့ ထုတ်ပြန်ထားပါတယ်။ အဲဒီမြို့နယ်တွေဟာ စစ်ရှောင်အများစု နေနေကြတဲ့ မြို့နယ်တွေဖြစ်ပြီး အခုလို အပြီးပိတ်သိမ်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကရင်နီပြည်ရဲတပ်ဖွဲ့နဲ့ ကရင်နီပြည်တပ်ပေါင်းစုံအဖွဲ့တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ဆောင်လိုက်တာပါ။ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းတာဝန်ခံက “ပထမ စထောင်တုန်းကတော့ တရုံနှစ်ရုံပဲ…
-

အထည်ချုပ်စက်ရုံဝန်ထမ်း ၂ ဦအား တရုတ်သို့ရောင်းစားသည့် အမျိုးသမီးကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ် ဇေကမ္ဘာစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် ၂ ယောက်အား တရုတ်နိုင်ငံကို ရောင်းစားတဲ့ အမျိုးသမီးတယောက်အား မတ် ၁၈ ရက်မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မတ် ၁၈ ရက် နေ့လယ်က ပြစ်မှုကျူးလွန်သူ ဒေါ်နှင်းဝေဖြိုးကို သင်္ဃန်းကျွန်းခရိုင်တရားရုံးက လူကုန်တားပုဒ်မ ၃၅ အရ အလုပ် နဲ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ “ကောင်မလေးနှစ်ယောက်က မကွေးဘက်ကနေ အလုပ်လာလုပ်တာ စက်ရုံမှာ နေ့စားခ ၅,၀၀၀ ပဲ ရလို့ အဲစက်ရုံကနေ အလုပ်ထွက်ပြီ အလုပ်လိုက်ရှာနေတဲ့အချိန် လူကုန်ကူးတဲ့ အမျိုးသမီးနဲ့တွေ့ပြီး အဲ့အမျိုးသမီးက တရုတ်လူမျိုးနဲ့လက်ထပ်ရင် သိန်း ၈၀ ရမယ်ဆိုမယ်လို့…
-

အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို
အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှု အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း စစ်တပ်က ယနေ့ ညနေပိုင်း သတင်းထုတ်ပြန်သည်။ မင်းအောင်လှိုင်သည် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် မတ် လ ၂၀ ရက်နေ့ စစ်ဆေးရုံတွင် အိန္ဒိယနိုင်ငံမှပါရဂူများနှင့် စစ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မင်းအောင်လှိုင်၏ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သော်လည်း လာမည့် မတ်လ ၂၇ ရက်နေ့ စစ်တပ်နေ့ အခမ်းအနား တက်မည်၊…
-

မင်းလှအုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး
မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြိုနယ်၊ ဝက်လှကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) မှ ရဲဘော်များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးရန် လုပ်ဆောင်ရန် ခုခံထွက်ပြေးရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များက…