Author: Baby Yit Lone
-

The Rip
The Rip (2026) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ Netflix ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ မက်ဒေမန် (Matt Damon) နဲ့ ဘန်အက်ဖလက် (Ben Affleck) တို့ရဲ့ Crime Thriller ရုပ်ရှင် “RIP” လာပါပြီ။ The Walking Dead မင်းသား Steven Yeun လည်းပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက မိုင်ယာမီ (Miami) မြို့ရဲ့ အထူးမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ (TNT Unit) ကို အခြေခံထားပါတယ်။ ရဲအရာရှိတွေဖြစ်တဲ့ Dane (Matt Damon) နဲ့ Byrne (Ben Affleck) တို့ ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ သူတို့ရဲ့ ခေါင်းဆောင်အသတ်ခံရပြီးနောက် သံသယတွေနဲ့ စိတ်ဖိစီးနေကြချိန်ဖြစ်ပါတယ်။…
-

3 Hajat
3 Hajat (2025) တော်ဖစ်ဟာ ရုန်းကန်ကြိုးစားနေဆဲ တက်သစ်စ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့အဆင်မပြေမှုတွေကြောင့် စိတ်တွေလေနေပါတယ်။ အဲ့ဒီချိန်မှာ တပူပေါ်နှစ်ပူဆင့်စေတာကတော့ သူသိပ်မုန်းတဲ့သူ့အဖေ ထောင်နှစ်ရှည်ကျနေရာက ပြန်လွတ်လာလို့ပါပဲ။ သူ့မှတ်ဉာဏ်ထဲမှာ သူ့အဖေဟာ သူ့မိခင်ကိုနှိပ်စက်သူ၊ မိခင်ရဲ့မောင် ဦးလေးကိုသတ်ခဲ့တဲ့လူသတ်သမား၊ သူတို့မိသားစု ပြိုကွဲရတဲ့ အကြောင်းရင်းခံအဖြစ် အဆိုးတွေချည်းသာရှိနေခဲ့ရုံမက အခုချိန်ထိလည်း အမုန်းတွေဖြေဖျောက်လို့မရသေးဘူးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ငယ်သူငယ်ချင်းတစ်ချို့ရဲ့အသိပေးမှုအရ သူ့အဖေဟာ နေရမယ့်ရက်တွေသိပ်မကျန်တော့ဘူးဆိုတာ သိရတဲ့နောက် ပင်ကိုစိတ်အရင်းခံမဆိုးလှတဲ့သူဟာ အဖေကို တွေ့ဖို့ရွာပြန်ရောက်ခဲ့ပါတော့တယ်။ သူ့ဖခင်ဟာ သူ့မှတ်ဉာဏ်ထဲမှာစွဲနေခဲ့တဲ့ လူဆိုးကြီးတစ်ယောက်ပဲလား? သူ့ကိုတွေ့ချင်နေတဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ? အစရှိတာတွေကို လှလှပပ ပြေပြေပြစ်ပြစ် တင်ဆက်ထားတဲ့၊ စိတ်နှလုံးကိုနွေးထွေးစေမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
-

Sight & Sound in Love
Sight & Sound in Love (2025) ဖူးစာ ဆန်းကျယ်တဲ့ချစ်ခြင်းတရားကို ပုံဖော်ပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းလေးတစ်ပုဒ်… တမီလ်စကားပြောရုပ်ရှင်ဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာကတော့ တမီလ်လူမျိုးတွေအများကြီး ရှိတဲ့ မလေးရှားနိုင်ငံမှာဖြစ်ပါတယ်။ ကန်ဒါဟာ အမြင်အာရုံချို့တဲ့နေတဲ့ အသံတု နောက်ခံစကားပြောပညာရှင်တစ်ယောက်ပါ။ အမြင်အာရုံချို့တဲ့နေပေမဲ့ ဘဝကြီးကို ပျော်ပျော်ပဲဖြတ်သန်းနေသူပေါ့။ တနေ့မှာတော့ ကန်ဒါဟာ ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့ပြီး ပိုင်ရှင်ကိုပြန်ပေးဖို့ကြိုးစားတဲ့အခါ ပိုက်ဆံအိတ်ပိုင်ရှင်က ရှိုဘားနားဆိုတဲ့ စကားမပြောနိုင်တဲ့ကောင်မလေးဖြစ်နေတဲ့အခါမှာတော့။ မျက်မမြင်ကောင်လေးနဲ့ ဆွံ့အကောင်မလေးကြားက ထူးထူးဆန်းဆန်း အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။
-

Simple Manusan
Simple Manusan (2025) ဖူးစာဖက်ရှာပုံတော် အသက် ၃၂ ရှိပြီဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက် ကျောင်းတုန်းကလည်း ရည်းစားမရှိ။ ကောလိပ်ရောက်ပြန်တော့လည်း ရည်းစားမရ။ အလုပ်ခွင်ရောက်တော့လည်း ရည်းစားမရနဲ့အမ ဆိုလို့ယင်မတောင်မသန်းဘူးတဲ့သူ။ ဆရာ၀န်တွေ အင်ဂျင်နီယာတွေ နဲ့ ပိုက်ဆံရှာနိုင်တဲ့ယောကျာ်းတွေကိုပဲ အိမ်ထောင်ဖက် ရွေးချယ်ချင်ကြတဲ့ မိန်းမတွေရဲ့ကြား သာမန်ဆံပင်ညှပ်ဆိုင်ပိုင်ရှင်လူပျိုကြီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ရှာပုံတော်ဖွင့်ခန်းကိုရှုစားကြရမှာပါ။
-

Sayew
Sayew (2003) စိတ်ကူးယဉ်ဆန်ဆန် မဂ္ဂဇင်းစာစောင်တွေ ဝတ္ထုတွေရေးတတ်တဲ့ သောင်ဆိုတဲ့ မိန်းကလေးတစ်ယောက်… ဘဝမှာ စိတ်လှုပ်ရှားမှုတွေရှိမှ အရသာရှိတယ်ဆိုပြီး သူမရဲ့တည်ငြိမ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်နေတတ်တဲ့သူလေး…. တစ်ချိန်မှာ သူမဟာ ဘဝရဲ့စစ်မှန်တဲ့အရာက ဘာလဲဆိုတာ ရှာတွေ့ချိန်မှာတော့ သူမဘဝကိုကျေနပ်သွားမလား ဆက်ပြီး စွန့်စားချင်ဦးမလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…