3 Hajat

3 Hajat

3 Hajat (2025)

တော်ဖစ်ဟာ ရုန်းကန်ကြိုးစားနေဆဲ တက်သစ်စ ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့အဆင်မပြေမှုတွေကြောင့် စိတ်တွေလေနေပါတယ်။

အဲ့ဒီချိန်မှာ တပူပေါ်နှစ်ပူဆင့်စေတာကတော့ သူသိပ်မုန်းတဲ့သူ့အဖေ ထောင်နှစ်ရှည်ကျနေရာက ပြန်လွတ်လာလို့ပါပဲ။

သူ့မှတ်ဉာဏ်ထဲမှာ သူ့အဖေဟာ သူ့မိခင်ကိုနှိပ်စက်သူ၊ မိခင်ရဲ့မောင် ဦးလေးကိုသတ်ခဲ့တဲ့လူသတ်သမား၊ သူတို့မိသားစု ပြိုကွဲရတဲ့ အကြောင်းရင်းခံအဖြစ် အဆိုးတွေချည်းသာရှိနေခဲ့ရုံမက အခုချိန်ထိလည်း အမုန်းတွေဖြေဖျောက်လို့မရသေးဘူးဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ငယ်သူငယ်ချင်းတစ်ချို့ရဲ့အသိပေးမှုအရ သူ့အဖေဟာ နေရမယ့်ရက်တွေသိပ်မကျန်တော့ဘူးဆိုတာ သိရတဲ့နောက် ပင်ကိုစိတ်အရင်းခံမဆိုးလှတဲ့သူဟာ အဖေကို တွေ့ဖို့ရွာပြန်ရောက်ခဲ့ပါတော့တယ်။

သူ့ဖခင်ဟာ သူ့မှတ်ဉာဏ်ထဲမှာစွဲနေခဲ့တဲ့ လူဆိုးကြီးတစ်ယောက်ပဲလား?

သူ့ကိုတွေ့ချင်နေတဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ?

အစရှိတာတွေကို လှလှပပ ပြေပြေပြစ်ပြစ် တင်ဆက်ထားတဲ့၊ စိတ်နှလုံးကိုနွေးထွေးစေမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *