The Rip (2026)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ Netflix ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ မက်ဒေမန် (Matt Damon) နဲ့ ဘန်အက်ဖလက် (Ben Affleck) တို့ရဲ့ Crime Thriller ရုပ်ရှင် “RIP” လာပါပြီ။
The Walking Dead မင်းသား Steven Yeun လည်းပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းက မိုင်ယာမီ (Miami) မြို့ရဲ့ အထူးမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ (TNT Unit) ကို အခြေခံထားပါတယ်။
ရဲအရာရှိတွေဖြစ်တဲ့ Dane (Matt Damon) နဲ့ Byrne (Ben Affleck) တို့ ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ သူတို့ရဲ့ ခေါင်းဆောင်အသတ်ခံရပြီးနောက် သံသယတွေနဲ့ စိတ်ဖိစီးနေကြချိန်ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သူတို့အဖွဲ့ဟာ သတင်းပေးချက်တစ်ခုအရ လူမနေတဲ့ အိမ်ပျက်တစ်ခုကို ဝင်ရောက်စီးနင်းပါတယ်။
ပုံမှန် မူးယစ်ဆေးဝါး ရှာဖွေမှုလို့ ထင်ခဲ့ပေမယ့် အဲဒီအိမ်ထဲမှာ ဒေါ်လာသန်း ၂၀ ကျော်ပါတဲ့ ငွေသားတွေကို မမျှော်လင့်ဘဲ ရှာတွေ့သွားပါတယ်။
ဒီလောက်များပြားတဲ့ ငွေပမာဏကို မြင်လိုက်ရတဲ့အခါမှာတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး “ဒီငွေတွေကို ငါတို့ပဲ ယူလိုက်ကြမလား” ဆိုတဲ့ လောဘစိတ်တွေ ဝင်လာကြပါတော့တယ်။
ပြဿနာက အဲဒီငွေတွေက ပိုင်ရှင်ရှိနေပြီး အိမ်ကိုလည်း အပြင်ကနေ ဝိုင်းထားတာ ခံလိုက်ရတဲ့အခါမှာတော့…
အဖွဲ့ထဲမှာ ဘယ်သူ့ကို ယုံရမလဲ?
ဘယ်သူက သစ္စာဖောက်လဲ?
ဒီအခြေအနေကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား?ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ပုံမှန်ဆိုရင် Matt Damon နဲ့ Ben Affleck ကို တွဲဖက်ညီတဲ့ သူငယ်ချင်းတွေအဖြစ် မြင်ရလေ့ရှိပေမယ့် ဒီကားမှာတော့ သူတို့နှစ်ယောက်ကြားက ယုံကြည်မှုတွေ ပျက်ပြားပြီး အားပြိုင်ကြတဲ့ သရုပ်ဆောင်ချက်တွေကို ထူးထူးခြားခြား မြင်တွေ့ရမှာပါ။
ဇာတ်လမ်းက အိမ်တစ်လုံးထဲမှာ အဓိကထား ရိုက်ကူးထားပေမယ့် ဇာတ်ရှိန် လုံးဝမကျသွားဘဲ လူ့စိတ်သဘောသဘာဝကို ကောင်းကောင်း ပုံဖော်ထားပါတယ်။
“The Town”၊ “Triple Frontier” နဲ့ “Training Day” လိုမျိုး ရဲဇာတ်ကား၊ (Heist) ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။


Leave a Reply