Author: Baby Yit Lone
-

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း အများအပြား ဖမ်းမိ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း စသည့် ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ “တိုက်ခိုက်သိမ်းပိုက်တာက ၅ ခုပါ၊ တောင်းအင်စခန်းကုန်းကတော့ စခတွေ ဆုတ်ခွာထွက်ပြေး တာပါ။ စုစုပေါင်းစခန်း ၆…
-

ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ
ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည် နိုင်ငံတကာသတင်းမီဒီယာများအားလုံးက စစ်တပ်၏ ရက်စက်မှုကို ထိပ်တန်းသတင်းအဖြစ် ဖော်ပြ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ…
-
ဝိုင်းမော်မြို့ရှိ စစ်တပ်နှင့် ပြည်သူ့စစ် စခန်းငယ် ၂ ခု KIA သိမ်းပိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် စခန်းငယ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA)က အောက်တိုဘာလ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ KIA သိမ်းလိုက်သည့် စခန်းများသည် ဝိုင်းမော်မြို့ အရှေ့ဘက် ငါး မိုင်ခန့်အကွာ လမြန်ရွာအနီးရှိ စစ်တပ်စခန်းများဖြစ်သည်။ ယမန်နေ့နံနက် ၆ နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် လမြန်ရွာ အနောက်ဘက် ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်ထိုင်ထားသည့် ကင်းစခန်း နှစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကင်းစခန်းလိုမျိုး စခန်းအသေးလေးပါပဲ နှစ်ခုရလိုက်တာ ဟုတ်တယ်။ စစ်တပ်ရော၊ ပြည်သူ့စစ်အဖွဲ့ရော ရောပြီးထိုင်တာ။ အခုကတော့ ငြိမ်သွားပြီး တစ်မနက်လုံး လက်နက်ကြီးတွေ…
-

စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်
လက်ရှိ မြန်မာပြည် နွေဦးတော်လှန်စစ်ပွဲကာလအတွင်း စစ်ရေးအခြေအနေအား သုံးသပ်ကြသူများသည် မြေပြင်အခိုင်အမာအခြေအနေ အချက်အလက်များကို မျက်မှောက်ပြုပြီး သုံးသပ်ကြရန် လိုအပ်ပေသည်။ လူ့အသက်များစွာနှင့် ရင်းနှီးထားသည့် စစ်ရေးနှင့်ပတ်သက်သော သုံးသပ်ချက်များတွင် အလွန်တရာ ယေဘုယျကျသည့်အချက်များ၊ မှန်းဆချက်များ၊ ဖြစ်နိုင်ခြေများကို အခြေပြု သုံးသပ်၍ မရပေ။ ပကတိ မြေပြင်အခြေအနေကို မျက်မှောက်ပြုပြီး သုံးသပ်မှသာ မှန်ကန်သည့် သုံးသပ်ချက်ကို ရရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မှန်ကန်သည့် သုံးသပ်ချက်များနှင့် လွဲချော်ရုံမက စစ်ကော်မရှင် (စကမ) ၏ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်နေသည့် ဆိုက်ဝါးများနှင့် မခြားသည့်အမြင်များ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့်ကာလတွင် အခြေအနေမှန်ကို သုံးသပ်ကြရန် လိုပါသည်။ ရန်သူ စကမကို စစ်မြေပြင်တွင်…
-

သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်
သန်လျင်တွင် တက္ကစီမောင်းသူကို သတ်ပြီး ကားလုယက်သူ လူငယ် နှစ်ဦး ဖမ်းမိ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူ အသက် (၁၇) နှစ်အရွယ် လူငယ်ပိုင်း အမျိုးသား နှစ်ယောက်ကို ဖမ်းမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆ နှစ်) ဟာ သူမောင်းနှင်တဲ့ Toyota Probox အမျိုးအစား အဖြူရောင်အဌားယာဉ်နဲ့ ထွက်ခွာသွားပြီး အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီအချိန်ထိ နေအိမ်ကို ပြန်ရောက်လာတာ မရှိဘဲ သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတဲ့အတွက်…