Author: Baby Yit Lone
-

TNLA နှင့် MNDAA အပစ်ရပ်ဖို့ သဘောတူ
ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ကြား တွေ့ဆုံဆွေးနွေးမှု နှစ်ရက်မြောက် ယမန်နေ့ညတွင် အပစ်ရပ်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၁၈ ရက် ည ၁၂ နာရီအတိတွင် TNLA နှင့် MNDAA တို့ အပစ်ရပ် သဘောတူညီမှုရရှိခဲ့ပြီး မြေပြင်ရှိ တပ်မှူးများကို လည်း ညွှန်ကြားထားပြီဖြစ်ကြောင်း နှစ်ဖက်တပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ အပစ်ရပ်သဘောတူညီမှု ရပြီးသော်လည်း ယနေ့ အခြားကိစ္စများ ဆက်လက်ဆွေးနွေးနေကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို AA ခေါင်းဆောင်များက ပါဝင်ညှိနှိုင်းပေးနေကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ နှစ်ဖက်တပ်များ ရောက်ရှိနေသည့် နေရာများတွင် ရပ်တန့်ကာ စစ်ဆိုင်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ယနေ့…
-

ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး
ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး Tayဆုံးကာ လူ (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိ ရန်ကုန်မြို့၊ ဒလ-တွံတေး လမ်းမအနီးတစ်ဝိုက်မှယမန်နေ့ည (၉) နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသည်ဟု ယူဆရတဲ့ ယာဉ်မောင်းတစ်ဦးဟာ လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူ (၃) ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အဆိုပါ မော်တော်ယာဉ်ဟာ စက်မြေရပ်ကွက် လမ်းမပေါ်မှာ ပထမဦးဆုံး ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ထိုသို့တိုက်မိပြီးနောက် အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးမောင်းနှင်ရာမှ ဗိုလ်ရန်ပြေရပ်ကွက် အရောက်မှာတော့ လမ်းဘေးမှာ ဘုရားပန်းရောင်းချနေတဲ့ အံ့ကြီးအနောက်ရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံတိုက်မိခဲ့ပါတယ်။ အဆိုပါ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ လက်ရှိမှာတော့…
-

ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ်
📢 ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ် (မတ်လ ၁၉ – ၃၁) ရန်ကုန်မြို့ရှိ မြို့နယ်များ (အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) အားလုံးအတွက် မတ်လကုန်အထိ အသုံးပြုရမည့် ဓာတ်အားပေးဝေမှု ဇယားသစ် ထွက်ရှိလာပါတယ်။ အဓိကပြောင်းလဲချက်အနေနဲ့ မနက် ၉ နာရီကနေ ည ၉ နာရီအတွင်း အုပ်စုတစ်ခုလျှင် (၄) နာရီစီ၊ တစ်နေ့ (၂) ကြိမ် ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။ အရေးကြီးအချက်များ: * မိမိတို့၏ မူလအုပ်စု (Group A သို့မဟုတ် B) ပြောင်းလဲခြင်း မရှိပါ။ * စက်မှုဇုန်များ၊ သန်လျင်သီလဝါနှင့် အရေးကြီးဌာနဆိုင်ရာများကို (၂၄) နာရီ မီးပေးထားမည် ဖြစ်သည်။ 📅 အလှည့်ကျ…
-

စစ်တပ်နယ်မြေအတွင်း ဆော့ကစားနေသော PDF များ
မတ်လ ၁၉ ရက်နေ့မှာ AA ၊ PDF နဲ့ တော်လှန်ရေးရဲဘော် ၅၀၀ လောက် စစ်ကော်မရှင်ဘက်ကို အလင်းဝင်ခဲ့ကြောင်း အခမ်းအနား တစ်ခုပြုလုပ်ပြီး စစ်ကော်မရှင်ဘက်က ဝါဒဖြန်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်ကောင်စီ ဆီကို လက်နက်ချအလင်းဝင်လာသူ အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းဟာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေက တဆင့် လူမှုကွန်ယက်တွေဆီကို အသီးသီးရောက်ရှိခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ အသက်အရွယ်တူ သင်တန်းဆင်း လူငယ်တချို့ကို ကွင်းပြင်မှာ ထိုင်ခိုင်းထားပြီး အခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့တာပါ။ ဒီလူငယ်တွေကို မန္တလေးတိုင်းမှူးက မိန့်ခွန်းအရှည်ကြီးပြောပြီး ကြိုဆိုခဲ့ကြတာပါ။ ထူးခြားချက်အနေနဲ့ ကတော့ ဒီလူငယ်တွေဟာ တခြားတစ်ဖက်က အလင်းဝင်လာသူတွေ နဲ့မတူဘဲ…
-

ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု…
“ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု… 😥😥 လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံက အခန်းငှားတစ်ခုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသူလေး မနင်းအေးသိန်း (အသက် ၂၇ နှစ်) တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ရပါတယ်။ အဆိုးဝါးဆုံးကတော့ သူမဟာ နေမကောင်းဖြစ်နေတာ ရက်အတန်ကြာခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဆေးခန်းပြဖို့ အခက်အခဲရှိနေခဲ့ပုံရပါတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှမသိရှိဘဲ သူမရဲ့ အခန်းလေးထဲမှာပဲ အသက်ရှူရပ်တန့်သွားခဲ့ရရှာပါတယ်။ ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ သူမရဲ့ (၂) နှစ်၊ (၃) နှစ်အရွယ် သမီးငယ်လေးဟာ သူ့အမေ အသက်မရှိတော့တာကို မသိဘဲ ‘မေမေ အိပ်ပျော်နေတယ်’ အမှတ်နဲ့ ဘေးနားမှာ ဆော့ကစားရင်း၊ ငိုတောင်မငိုဘဲ အဖော်လုပ်ပေးနေခဲ့တာပါပဲ။ ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့သူတိုင်း ရင်ထဲမှာ တကယ်ကို ခံစားရခက်လွန်းလှပါတယ်။ အခုတော့ ပအိုဝ်းလူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့…