Author: Baby Yit Lone
-

တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး
(၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။ အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ” အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။…
-

စက်သုံးဆီအတွက် သတင်းကောင်း
လောင်စာဆီရှားပါးသည့်ကာလအတွင်း မြန်မာနှင့် လာအိုသို့ စက်သုံးဆီတင်ပို့မှုအပေါ် ထိုင်းအစိုးရ ဖြေရှင်းချက်ထုတ် ထိုင်းပြည်တွင်း၌ စက်သုံးဆီအကျပ်အတည်း ဖြစ်ပေါ်လာနိုင်ခြေရှိပြီး ပြည်ပသို့ ဆီတင်ပို့မှုကို ပိတ်ပင်ထားသော်လည်း မြန်မာနှင့် လာအိုနိုင်ငံများသို့ လာအိုနှင့် တစ်ရက်လျှင် စက်သုံးဆီ လီတာငါးသန်းခန့် ဆက်လက်တင်ပို့လျက်ရှိနေခြင်းအပေါ် ထိုင်းအစိုးရက ဖြေရှင်းချက် ထုတ်ပြန်ထားရသည်။ မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့နေခြင်းမှာ ထိုင်းနိုင်ငံရှိ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် မရှိမဖြစ်လိုအပ်သော သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံမှ ဆက်လက်ရရှိနိုင်ရန်အတွက် ဖြစ်ပြီး လာအိုနိုင်ငံသို့ တင်ပို့ရခြင်းမှာ ရေအားလျှပ်စစ် ပြန်လည်တင်သွင်းနိုင်ရန်အတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ထိုင်းပြည်သူများအနေဖြင့် ဓာတ်ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အစိုးရကလည်း အရေးပေါ်စီမံချက်များနှင့် အမိန့်ဒီကရီများ ထုတ်ပြန်ကာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲ…
-

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်
မြန်မာ-ထိုင်းနယ်စပ်မှာ တစ်ခုတည်းကျန်နေတဲ့ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ ” တိုက်ပွဲက ဖြစ်နေကြတုန်းပဲ။အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။ “ဒီနေ့တစ်နေကုန်နီးပါး လေယာဥ်လာလိုက်၊ ဒရုန်းတွေလာလိုက်ပဲ အဆက်မပြတ် အသံတွေကြားနေရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။ တဖက်မှာလည်း ဝေါ်လေဗျူဟာကုန်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေကို…
-

စစ်ခေါင်းဆောင် စီစဉ်ထားသည့် သမ္မတပြဇာတ် စတင်
လူယုံတော် ညိုစောနှင့် နန်းနီနီအေးတို့ကို ဒုသမ္မတ နေရာပေး၍ အသုံးချ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်ကာ “သမ္မတအိမ်မက်” ကို ပုံဖော်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ကျင်းပခဲ့သော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် “ရွေးတုလွှတ်တော်” မှတစ်ဆင့် သမ္မတနေရာကို ရယူတော့ မည်ဖြစ်သည်။ စစ်ခေါင်းဆောင်သည် သမ္မတနေရာအတွက် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာကို လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား လွှဲပြောင်းပေးခဲ့ပြီး ယနေ့ မတ်လ ၃၁ ရက်တွင် ပြုလုပ်သည့် ရွေးတုလွှတ်တော် (ပြည်သူ့လွှတ်တော်အစုအဖွဲ့) မှ တင်သွင်းလာသော ထောက်ခံမဲအများဆုံးရ ဒုသမ္မတတစ်ဦး ဖြစ်လာပြီဖြစ်သည်။ စစ်ခေါင်းဆောင်နှင့်အတူ ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရသူများမှာ စစ်အုပ်စု၏ လက်ဝေခံ များသာ ဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ…
-

ထရမ့်၏ ခြိမ်းခြောက်မှုအပြီး အီရန်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့ အကြီးအကျယ် တိုက်ခိုက်
အီရန်နိုင်ငံ၏ ရေနံနှင့် စွမ်းအင်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် အင်္ဂါနေ့ (မတ်လ ၃၁ ရက်) တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြကာ အနောက်မြောက်ဘက်ရှိ အထင်ကရ ဘာသာရေးအဆောက်အအုံတခု ပျက်စီးခဲ့ရသလို နိုင်ငံအတွင်း လျှပ်စစ်မီးများလည်း ပြတ်တောက်သွားခဲ့သည်။ အီရန်အလယ်ပိုင်း အစ္စဖာဟန်မြို့တွင် အနည်းဆုံး အင်အားပြင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးကြီးများ တက်လာသည်ကို AFP သတင်းဌာနက အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။ အနောက်မြောက်ဘက် ဇန်ဂျန်မြို့ရှိ ရှီဟိုက်ဘာသာရေးစင်တာတခုဖြစ်သော Grand Husseiniya အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးသွားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။ တီဟီရန်မြို့ နေရာအချို့တွင် ပေါက်ကွဲမှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီရန်နိုင်ငံ၏ Fars သတင်းအေဂျင်စီက ထုတ်ပြန်သည်။…