Author: Baby Yit Lone
-

အနာကို မီးသွေးနဲ့ အချိုမှုန့် ရောပြီး သိပ်သတဲ့လား ကလေးရယ်…
လွန်ခဲ့တဲ့ နှစ်လလောက်က ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက် ခွေးကိုက်ခံရတယ်တဲ့။ သမီးလေး ခင်မေဇင်တဲ့၊ အသက်က ၉ နှစ်ပဲ ရှိသေးတာ။ မိခင်မရှိရှာဘဲ အဖေနဲ့ အဒေါ်တွေနဲ့ နေထိုင်ရတဲ့ ကလေးမလေးပါ။ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတဲ့ ရောဂါလက္ခဏာတွေကို အဲ့ဒီအစ်မက သူ့အိမ်နားက ကလေးဆီမှာ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ ဒီဖြစ်ရပ်မှာ ရင်နာစရာအကောင်းဆုံးက သမီးလေးမှာ ၂ လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခု အလုံအလောက် ရခဲ့ပါလျက်နဲ့ ဆုံးရှုံးလိုက်ရတာပါပဲ။ ခွေးရူးပြန်ရောဂါရဲ့ ပိုးပျိုးရက် (Incubation Period) က များသောအားဖြင့် ၁ လကနေ ၃ လအထိ ကြာတတ်ပါတယ်။ (တချို့မှာ ပိုတို/ပိုရှည်နိုင်ပါတယ် – 1 week to 1 year (rare)) တကယ်လို့သာ အကိုက်ခံရပြီးချင်း…
-

ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်
⚠️ ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပူပြင်းသည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆမတန် မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစတင်ကာ အချိန်ပိုင်းအလိုက် ဝန်အားမျှတခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ ကာလအတွင်း ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အချို့နေရာများနှင့် အချိန်များကို ညှိနှိုင်းကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးရခြင်းဖြစ်ကြောင်း သိရသည်။ သိထားသင့်သည့် အချက်များ – အလှည့်ကျ မီးဖြတ်မည့်စနစ်: ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အချိန်ပိုင်းအလိုက် ခွဲဝေဖြန့်ဖြူးမည် ဖြစ်သည်။ မီးမပြတ်မည့် နေရာများ: သဘာဝဓာတ်ငွေ့ရည်…
-

ဖခင်က စစ်တပ်ဆီရောင်းစားခဲ့တဲ့ လူငယ်စစ်တပ်က နှိပ်စက်လို့သေဆုံး၊သတင်းကြားပြီး မိခင်ပါကွယ်လွန်
ဖခင်က စစ်တပ်ဆီရောင်းစားခဲ့တဲ့လူငယ် စစ်တပ်ကနှိပ်စက်လို့သေဆုံး သတင်းကြားပြီးမိခင်ပါကွယ်လွန် ရန်ကုန်မြို့မှာ ဖခင်ဖြစ်သူကစစ်တပ်ဆီရောင်းစားခံရတဲ့လူငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းထုတ်ယူဖို့ အိမ်ကမိခင် ဆီအကြောင်းကြားလာပြီးနောက် မိခင်ဖြစ်သူပါ သားစိတ်နဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နောက်အိမ်ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သားဖြစ်သူကို ကျပ်သိန်း ၅၀ နဲ့ မတ်လဆန်းမှာရောင်းစားခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူက မိခင်ကိုအဓိကလုပ်ကြွေးနေသူဖြစ်ပြီး အပြင်မှာထားရင် ပျက်စီးမယ်လို့အကြောင်းပြပြီး စစ်တပ်ဆီရောင်းစားခဲ့တာလို့စုံစမ်းသိရပါတယ်။ အဆိုပါ လူငယ်ဟာ စစ်တပ်ကနေ ထွက်ပြေးခဲ့တာကြောင့် စစ်သားတွေကပြန်လည်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ မကွယ်လွန်မီ ဒေသခံတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။ “သူ့ကို သူ့ဖအေ ရောင်းစားပြီး သိပ်မကြာဘူး။ ရုပ်အလောင်းလာထုတ်ဖို့အိမ်ကို လာပြောတယ်။ ကျွန်မကမေးတာပေါ့။ သားလေးက ဘာကြောင့် သေရတာလဲပေါ့။ကျွန်မကို မချေမငံရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသွားတယ်။ထွက်ပြေးလို့ ပညာပေးလိုက်တာဆိုပြီးပြောတယ်။ ကျွန်မရင်ကျိုးရချည်ရဲ့လို့ပြောတယ်”လို့ ဒေသခံတဦးကပြောပါတယ်။ သားဖြစ်သူသတင်းကြားပြီး နာရီပိုင်းအကြာမှာပဲ မိခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားတယ်လို့…
-

မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာ သမ္မတလုပ်ရန် ကြံစည်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ် အမည်စာရင်းများ မကြာမီရက်ပိုင်းက ထွက်ပေါ်လာသည်။ အဓိကသော့ချက်ကျသည့် တပ်ချုပ်နေရာကို ၎င်း၏အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ပေးလိမ့်မည်ဟု ခန့်မှန်း ရေးသား ပြောဆိုမှုများရှိသော်လည်း ယခုထွက်ပေါ်လာသည့် စာရင်းအရ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လျာထားသည်ကို တွေ့ရသည်။ မတ် ၁၃ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဩဝါဒခံယူပွဲ၌လည်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပတ်သက်၍ ၎င်းနှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့သူအဖြစ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုခဲ့သေးသည်။ ယခု…
-

ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။
မင်းတို့ဟာကလည်းကွာ ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။ ကျုပ်တို့အစိုးရ ကျွန်တော်တို့အစိုးရလို့ ပြောပြောနေတဲ့ ဟိုလူကြီးတသိုက်တော့ ဘာတွေပြောဦးမယ်မသိ။ လွှတ်တော်က ထိန်းကျောင်းမယ် ဘာညာမပြောနဲ့ ခင်ဗျားတို့နောက်ကျောကိုလည်း ပြောင်းကထောက်ထားတယ်ဆိုတာ ဒီဖြစ်စဉ်ကသက်သေပြတာပဲ။ အကယ်ဒမီစာရင်းပေါက်သလိုပဲ စစ်အုပ်စုစာရင်းကလည်း ညကတည်းကထွက်နေတာ။ သမ္မတ- ဦးမင်းအောင်လှိုင် ဒုသမ္မတ(၁) ဦးညိုစော ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ- ဦးခင်ရီ ဒုဥက္ကဋ္ဌ -ဦးမောင်မောင်အုန်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဒုဥက္ကဋ္ဌ – ဦးလှမိုး ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) – ဗခမကစိုးဝင်း ဟုတ်မဟုတ်တော့ စောင့်ကြည့်ပေါ့။ အနိုင်ရပါတီဥက္ကဋ္ဌ က သမ္မတမလုပ်ရတော့ ရီးလုပ်ရမှာလားဆိုပြီး ဒက္ခိဏအဝိုင်းပေါ်တက်ပြီး အော်သာဆဲလိုက်ပါတော့။ T.H.A သန်းထိုက်အောင်