Author: Baby Yit Lone
-

မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ
ခြောက်ယောက်ဆေးကုသမှုခံယူနေရ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ။ ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဖြစ်ပြီး…
-

ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ကလေး ၅ ဦး ရေနစ်၊ ၃ ဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ယောက်ျားလေး ၃ဦးနဲ့ မိန်းကလေး ၂ဦး စုစုပေါင်း ၅ ဦး ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၅ ဦးအနက် ယောကျာ်းလေး ၂ ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ သို့သော် ကျန်တဲ့ ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကိုတော့ ညပိုင်းအထိ ရှာမတွေ့သေးလို့…
-

ဘုရင်တွေတောင် ကြောက်ခဲ့ရတဲ့ ရွှေတိဂုံစေတီပေါ်က ဆုတောင်းပြည့် တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ
“နန်းလုပွဲတွေ ဖြစ်မှာစိုးလို့ ကိုယ့်သားတော် မင်းညီမင်းသားတွေကိုတောင် ပေးမဖူးခဲ့တဲ့ ‘တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ’ ရွှေတိဂုံစေတီတော်ပေါ်မှာ ရှိနေတာ သင် တကယ် သိပါသလား…?” ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အထက်ပစ္စယံပေါ်မှာ “ပတ္တမြားမျက်ရှင်” (သို့မဟုတ်) “တဝဂူ” ဘုရားလို့ လူသိများတဲ့ အလွန်ထူးခြားတဲ့ ရုပ်ပွားတော်တစ်ဆူ ရှိပါတယ်။ ဒီရုပ်ပွားတော်ဟာ သာမန်ရုပ်ပွားတော် မဟုတ်ဘဲ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ် (ခရစ်နှစ် ၁၇၉၂) မှာ နာမည်ကျော် ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် “ဘိုးဘိုးအောင်” ကိုယ်တိုင် အဓိဋ္ဌာန်နဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဘုရားရဲ့ ထူးခြားချက်ကတော့ တည်ထားတဲ့ ပစ္စည်းတွေပါပဲ။ ဘိုးဘိုးအောင်ဟာ ဒီရုပ်ပွားတော်ကို မင်းမျိုးမင်းနွယ်တွေရဲ့ သွေး၊ မဟာဆီ (နန်းသုံးဆီ) နဲ့ ထူးခြားတဲ့ ဆေးပေါင်းတွေနဲ့ ဖော်စပ်ထားတဲ့…
-

TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိ အခြေအနေ
ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊…
-

ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်
လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။ ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။ အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁…