Author: Baby Yit Lone
-

ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်
လက်ရှိသုံးစွဲနေသည့်ဖုန်းဟန်းဆက်များသည် စစ်ကော်မရှင်ထိန်းချုပ်ထားသော ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR) စနစ်ထဲအလိုအလျောက်မှတ်ပုံတင်ဝင်သွားမည်ဖြစ်ပြီး အဆိုပါစနစ်ကြောင့် သုံးစွဲသူနောက်ကြောင်းကို အသေးစိတ်သိနိုင်ကာ နောက်ယောင်ခံ စောင့်ကြည်နိုင်ကြောင်း သတင်းရရှိသည်။ အဆိုပါစနစ် CEIR ထဲသို့ လက်ရှိသုံးစွဲနေသည့်ဟန်းဆက်များက အခွန်ဆောင်စရာမလိုဘဲ မှတ်ပုံတင်ပြီးသားဖြစ်ပြီး ဆမ်းကဒ်များက မှတ်ပုံတင်ထားရသဖြင့် နေရာလိပ်စာများဖြည့်သွင်းထားရသောကြောင့် ဖုန်းသုံးစွဲသူ၏နေရာကို ထောက်လှမ်းနိုင်ကြောင်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုသစ်ဥာဏ်က ပြောကြားသည်။ “နည်းပညာအရတော့ဒီဟာက ဒီစက်ပစ္စည်း ( ဖုန်း) နဲ့ ဆမ်းကဒ်က ဘယ်နားမှာရှိလဲသိနိုင်တယ်။ မှတ်ပုံတင်လုပ်ဖို့ပြောတာက ဒီစက်နဲ့ဒီဆမ်းကဒ်သုံးနေတာ ဘယ်သူလဲ၊ မှတ်ပုံတင်ကဘာ၊ ဘယ်လိပ်စာဆို တာသိသွားပြီ။ အဲဒီမှတ်ပုံတင်စနစ်ကြောင့် ဘယ်နားသုံးနေလဲဆိုတာ သေချာပေါက်သိနိုင်တဲ့အနေအထားဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။ စစ်ကော်မရှင်က UID နိုင်ငံသားစမတ်ကတ်ပြုလုပ်ခိုင်းထားသည့်အတွက် အချက်အလက်များပြည့်စုံနေခြင်း၊ ဖုန်းမှတ်ပုံတင်နှင့် ဆမ်းကဒ်မှတ်ပုံတင်ပါရှိပြီးဖြစ်၍ အသုံးပြုသူအားလုံးကို စောင့်ကြည့်ပြုနိုင်သောကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။…
-

ရခိုင်သားစစ်ဗိုလ်တွေ ရဲ့ နေအိမ်တွေ ကို AA ချိပ်ပိတ်
အခုအချိန်ထိ စစ်တပ်ဆီမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရခိုင်သား စစ်တပ်အရာရှိတွေ ရဲ့ နေအိမ်တွေ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေရဲ့နေအိမ်တွေကို AA ဘက်က ချိပ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။ အမ်းမြို့ ၊ တောင်ကုတ်မြို့ ၊ သံတွဲမြို့ ၊ မင်းပြားမြို့ တွေက ရခိုင်သား စစ်ဗိုလ်တွေ အပါအဝင်၊ စစ်တပ်နဲ့ ပတ်သက်နေသူတွေ ၊ စစ်ကော်မရှင် အစိုးရဆီမှာ လက်ရှိအချိန်အထိ အလုပ်လုပ်နေသူတွေ ရဲ့ နေအိမ်တွေ ၊ လုပ်ငန်းတွေကို ချိပ်ပိတ်လိုက်တာဖြစ်ပါတယ်။ “သံတွဲမြို့ခံ စစ်ဗိုလ်တွေ ရဲ့ မိဘတွေပိုင်တဲ့ အိမ်တွေကို ပိတ်လိုက်တယ်၊ တော်တော်များများပါသွားတယ်။ ရပ်ကွက်ကြို ရပ်ကွက်ကြားက အိမ်တွေတောင်ပါတယ်” လို့ သံတွဲ သတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၄ ခုနှစ်ကတည်း ရခိုင်က စစ်ကော်မရှင် နဲ့…
-

ကျောက်ဖြူတိုက်ပွဲက စကစတွေထွက်ပြေးနေ ၊ တပ်သားအချို့ AA ဖမ်းမိ
ကျောက်ဖြူတိုက်ပွဲကနေ စစ်ကော်မရှင်တပ်သားတချို့ ခြေဦးတည့်ရာထွက်ပြေးနေပြီး အာရက္ခတပ်တော် ဘက်က လက်ရဖမ်းဆီးရရှိမှုတွေ ရှိတယ် လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူ ရှေ့တန်းစခန်းတွေကနေ လက်နက် နဲ့ အတူထွက်ပြေးလာကြတဲ့ စကစ တပ်သားတွေဟာ AA ရဲ့ စစ်ကြောင်းနဲ့ တိုးပြီး လက်ရဖမ်းဆီးထားတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “သိုင်းချောင်း ဘက်က အခြမ်းက ခြေဦးတည့်ရာထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ဖမ်းမိထားပါတယ်၊ ဒီရက်ပိုင်းမှာ သုံးယောက်လေးယောက်စီ စုစုပြီး ထွက်ပြေးကြတာပါ။ စုစုပေါင်း ၆ ကောင်လောက် မိ လို့ရှိပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ သတင်းတရပ်မှာလည်း ၊ မတ်လ (၁) ရက်နေ့မှာ ကျောက်ဖြူ ၃၂ ရဲတပ်ရင်း က တပ်သား ၃၅ ဦး အလင်းဝင်လာတယ်လို့…
-

စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟု သိရှိရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ၁၅ နှစ်အထိ တာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ကြောင်း၊ မင်းအောင်လှိုင်အလွန် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ထမ်းဆောင်မည့် မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်များအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာ ထမ်းဆောင်ရန် သတ်မှတ်ထားရှိမည်ဟု သိရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ “တပ်မတော်ထဲမှာ အခု သိရတာက အခုလက်ရှိ တပ်ချုပ် အလွန် ဖြစ်လာမယ့် တပ်ချုပ်အသစ်တွေက…
-

ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် အမေရိကန်ရေတပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု USNI News သတင်းတွင် ဖော်ပြခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကွန်ရက်အတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်က အဆိုပါသင်္ဘောများကို အမေရိကန်စစ်တပ်က စောင့်ရှောက်ပေးရန်နှင့် စစ်အာမခံကြေးများ ထောက်ပံ့ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေသည့်၊ အထူးသဖြင့် စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ဘဏ္ဍာရေးလုံခြုံစိတ်ချစေရေးအတွက် နိုင်ငံရေးဆိုင်ရာအန္တရာယ် အာမခံကြေးများနှင့် အာမခံချက်များကို သင့်လျော်သည့်နှုန်းထားဖြင့် ပံ့ပိုးပေးရန် အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်းကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအမိန့်သည် ချက်ချင်းအာဏာသက်ရောက်ကြောင်း ထရန့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ထို့ပြင် လိုအပ်လာပါက အမေရိကန်ရေတပ်သည်…