Author: Baby Yit Lone

  • စွမ်းအားရှင်တို့ရဲ့ ခေါင်းကိုင်ဖခင် လက်မရွံ့ ခင်ရီ

    စွမ်းအားရှင်တို့ရဲ့ ခေါင်းကိုင်ဖခင် လက်မရွံ့ ခင်ရီ

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှာ အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူဟု အမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။ ဦးခင်ရီ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းများတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက် သတ်ဖြတ်ရာတွင် အရပ်ဝတ် လက်ပတ်နီ၊ စွမ်းအားရှင် လက်မရွံ့တပ်သားများကို သုံးခဲ့သည်။ စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့်အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ Tomas Ojea Quintana ကို ဦးခင်ရီက ဝန်ခံ ပြောဆိုထားကြောင်း ၂၀၀၉ ခုနှစ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ)…

  • ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်

    ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်

    ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

  • ၂၄ နာရီထက်ပိုမချုပ်နှောင်ဖို့နဲ့ နေအိမ်ထဲဝင်ရောက်ရှာဖွေတဲ့ ပုဒ်မတွေကို ရပ်ဆိုင်း
  • အဆိုတော်ချမ်းချမ်း၏ကုန်ပစ္စည်း ပြန်ရောင်းပေးသူ ၁ ဦး ထောင်တသက်တကျွန်းချခံရ

    အဆိုတော်ချမ်းချမ်း၏ကုန်ပစ္စည်း ပြန်ရောင်းပေးသူ ၁ ဦး ထောင်တသက်တကျွန်းချခံရ

    အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ကုန်ပစ္စည်းကို ပြန်ရောင်းချပေးမှုနဲ့ ဖမ်းဆီးခံရသူတွေထဲက တယောက်ကို ထောင်ဒဏ်တသက်တကျွန်းချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရထားတဲ့ အဆိုတော်ချမ်းချမ်းရောင်းရဲ့ ကုန်ပစ္စည်းကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်မြို့နေ ကိုဘုန်းမြင့်အောင်ဆိုသူကို ဇူလိုင် ၃၁ ရက်မှာ ထောင်ဒဏ် တသက်တကျွန်းချလိုက်တာလို့ ဆိုပါတယ်။ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ချမ်းချမ်းနဲ့ပတ်သက်ပြီး ဖမ်းခံရတဲ့ နှစ်ယောက်ထဲက ရန်ကုန်က တယောက်ကို စစ်ခုံရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀/ည နဲ့ ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်တယ်” လို့ Dးပြောပါတယ်။ ၅၀/ည ပုဒ်မဟာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး တသက်တကျွန်း ချမှတ်နိုင်တာဖြစ်ပါတယ်။ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်က ကိုဘုန်းမြင့်အောင်နဲ့ မန္တလေးက မဖြူဖြူနှင်းတို့ကို…

  • မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာ​ကြောင့်က​လေးငယ်​အချို့ အပါအဝင် ​သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ​ဒေသခံအချို့က​ပြောပါတယ်။ သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း ၊ဂေါင်းဦးဘာရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဂေါင်းဦးဘာရပ်ကွက်ဟာ အရမ်းမကြီးသလို လူစည်ကားတဲ့ရပ်ကွက်လည်းမဟုတ်ဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။ “သေတာက ၁၃ဦးပါ။ထိခိုက်တာကမသိရသေးပါဘူး။ ခလေးကောလူကြီးကောအကုန်လုံး၁၃”လို့​ဒေသခံတဦးက​ပြောပါတယ် ။ အခြား​ဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။ ကား​ပေါ်ကပြည်သူ​တွေအပြင် ဗုံးကြဲခံရတဲ့အနားက​နေအိမ်ကပြည်သူ​တွေအများစု​​သေဆုံးထိခိုက်ခဲ့တာလို ​ဒေသခံအချို့က​ပြောပါတယ် ။​ဒဏ်ရာရသူအ​ရေအတွက်ကို​တော့ မသိရ​သေးပါဘူး။ စစ်တပ်က မိုးကုတ်မြို့ကို ဗုံးမကြာခဏကြဲတာ​ကြောင့် ​ဒေသခံ​တွေ ဗုံးခိုကျင်းတူးထား​ပေမယ့် ​လေယာဥ်လာသံမကြားရပဲ ဗုံးကြဲမှသာသိကြတာလို့​ဒေသခံ​တွေက​ပြောပါတယ်။ ဒါအပြင် ဒီက​နေ့ မနက် ဗုံးကြဲခံရချိန်မှာ မိုးရွာ​နေတယ်လို့လည်းသိရပါတယ် ။ “ဗုံးခိုကျင်းတွေအများကြီးလုပ်ထားကြတာ။အခုက လေယာဥ်သံကမကြားရဘူး။လာကျဲတိုင်းအုံးဆိုမှသိရတာ”လို့​ဒေသခံတဦးက​ပြောပါတယ် ။ ဒေသခံအမျိုးသမီးတဦးက​လည်း”ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ…