Author: Baby Yit Lone
-

မန္တလေးတွင် ရွေ့လျားမီးပွိုင့် စတင်အသုံးပြု
အင်အားပြင်း မြေငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့ပေါ်မှာ ရွေ့လျားမီးပွိုင့်တွေ စတင်အသုံးပြုနေပြီလို့ မြို့ခံတွေထံက သိရပါတယ်။ ငလျင်ကြောင့် မြို့တွင်းကမီးပွိုင့်တွေ ပျက်စီးမှုရှိခဲ့တာနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ယာယီအသုံးပြုနိုင်ဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ဒီဇိုင်းရေးဆွဲ စမ်းသပ်ခဲ့တာလို့လည်း သိရပါတယ်။ ဒီရွေ့လျားမီးပွိုင့်တွေကို မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်က ယာဉ်ကြောပိတ်ဆို့တတ်တဲ့ မီးပွိုင့်တွေမှာ ကနဦး စတင်အသုံးပြုမှာဖြစ်တယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထားပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ခံတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို နားလည်မှုနဲ့သာ ဖြေရှင်းကြတာဖြစ်လို့ ဒီလို ရွေ့လျားမီးပွိုင့် အသုံးပြုမှုဟာလည်း ထူးခြားတဲ့ ဖြေရှင်းမှုတခု ဖြစ်လာမှာမဟုတ်ဘူးလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။ “မန္တလေးက မုန့်ဟင်းခါး အဆစ်တောင်းသလို မီးပွိုင့်လည်း အဆစ်တောင်းတယ်။ နီနေလည်း နောက်က ၅ စီးလောက်က လိုက်ဖြတ်တာပဲ။ သူ့ဟာနဲ့သူ ပြီးမှ ပြန်တည့်သွားတာ။…
-

ပုသိမ်တွင် စစ်တပ်က တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းဖြင့် ထွက်ပြေး
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်ထဲမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်အဆင့်ရှိသူတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားလို့ အင်အားအများအပြားနဲ့ လိုက်ရှာဖွေနေတယ်လို့ စစ်ဌာနချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီဝန်းကျင်က အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်ဝင်းထဲမှာ ကင်းစောင့်တာဝန်ကျနေတဲ့ တပ်ကြပ်တယောက် လက်ပစ်ဗုံး ၅ လုံးနဲ့ သေနတ်တလက် ယူဆောင်ကာ ထွက်ပြေးသွားတာလို့ သိရပါတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ကင်းစောင့်နေရင်း ထွက်ပြေးတာ။ ညတွင်းချင်း လိုက်ရှာတာ။ အမှတ် ၁ ကြိုးတံတားကနေ ရွှေမြင်တင်ဘက် ပြေးသွားတယ်ဆိုပြီး အသည်းအသန် လိုက်ရှာဖွေနေတာ။ ဒီနေ့ ဖမ်းမမိသေးပါဘူး” လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကြပ်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရှိတွေ၊ ရေတပ်အရာရှိတွေနဲ့…
-

ဖားကန့်တွင် ဒေသခံ အမျိုးသား ၂ ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက လက်နက်ကိုင်လူတစုက ဒေသခံ အမျိုးသား ၂ ယောက်ကို ပစ်သတ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ လုံးခင်းနဲ့ မှော်ဆီစာရွာ အစပ်နားမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရပြီး မှော်ဆီစာရွာအတွင်းမှာ နောက်ထပ် အမျိုးသားတယောက် ပစ်သတ်ခံထားရကာ အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတစုက ဆိုင်ကယ်နဲ့ လာရောက်ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းက ဘာရည်ရွယ်ချက်နဲ့လုပ်လဲ ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိကြဘူးလို့ ပြောပါတယ်။ ဒေသခံတယောက်က “ဒီကိစ္စတွေက ရှုပ်ထွေးတယ်ဗျ။ KIA က သတင်းရလို့ ပစ်ခတ်တာ ဖြစ်နိုင်သလို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကလည်း KIA နဲ့ တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။ နယ်မြေပိုရှုပ်ထွေးအောင် ကြားကနေ လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီဘက်တွေမှာ…
-

ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ်
ထီးလင်းမြို့ထဲမှစစ်တပ် ရွာကိုသွား၍ ရိက္ခာရှာရန် ကြိုးစားမှု PDF များတိုက်ခိုက်၍ပြန်ဆုတ် ထီးလင်းမြို့နှင့် ၂ မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။ ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းကပုဏ္ဏားရွာနှင့် သရခါရွာကိုဝင်ရောက်ရန်ကြိုးစားနေခြင်းဖြစ်သည်။ “ရိက္ခာရှာထွက်တာ။ ပုဏ္ဏားရွာကိုဝင်ဖို့ကြိုးစားတာ။ ဝင်မလာဘဲ လက်နက်ကြီးနဲ့ ရမ်းပစ်သွားတာ။ ဟိုတနေ့ကလည်း သရခါရွာကို အဲ့လိုပဲ ဝင်ဖို့ကြိုးစားပြီး ပြန်ဆုတ်သွားတယ်။ ရိက္ခာလုဖို့ ကြိုးစားတာပါ” ဟုဒေသခံတဦးကပြောသည်။ အင်အား ၃၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းသည် ပုဏ္ဏားရွာအနီးကိုစက်တင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်ကဝင်လာပြီးနံနက် ၈နာရီခန့်တွင် ပြန်ဆုတ်သွားခြင်းဖြစ်သည်။ သရခါရွာကိုလည်း စက်တင်ဘာလ ၁၉ ရက်က ဝင်ရန်ကြိုးစားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ပုဏ္ဏားရွာနှင့် သရခါရွာသည် ထီးလင်းမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည်။…
-

စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း
ပြည်သူတရပ်လုံး စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း အာဏာသိမ်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ဖြစ်၍ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုတွက်ကာ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က တိုက်တွန်းပြောကြားသည်။ စစ်ကောင်စီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်၏ သဘောထား ပြောကြားမှုကို KNU ဗဟိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ သက်ဆိုးရှည်ရေးပေါ့။ သူတို့ဆိုတာက ဒီ စစ်ကော်မရှင် စစ်အာဏာရှင်တွေရဲ့ သက်ဆိုးရှည်ရေးနဲ့ ရှေ့ဆက်ပြီးတော့ နိုင်ငံတော် ခြယ်လှယ်မယ့် တရားဝင် ဖြစ်ရေးပေါ့။သူတို့အတွက်ထွက်ပေါက်။ တဖက်က ထွက်ပေါက်ဖြစ်သလို တဖက်ကလည်း ပြည်သူလူထုအတွက် ထောင်ခြောက်ပေါ့။ ကျနော်တို့…