Author: Baby Yit Lone
-

စစ်တပ်မှ ထွက်ပြေး၍ ဆန့်ကျင်ဘက်အဖွဲ့များထံသို့ ခိုလှုံမှုများနှင့် တပ်ပြေးစာရင်း အမှန်အတိုင်း အထက်သို့ မတင်ပြမှုများ၊ လစာနှင့်ခံစားခွင့်များ လိမ်လည်ထုတ်ယူနေမှုများကို စိစစ်ဖော်ထုတ် အရေးယူရန် နေပြည်တော်စစ်ရုံးက ညွှန်ကြား
စစ်တပ်မှ ထွက်ပြေး၍ ဆန့်ကျင်ဘက်အဖွဲ့များထံသို့ ခိုလှုံမှုများနှင့် တပ်ပြေးစာရင်း အမှန်အတိုင်း အထက်သို့ မတင်ပြမှုများ၊ လစာနှင့်ခံစားခွင့်များ လိမ်လည်ထုတ်ယူနေမှုများကို စိစစ်ဖော်ထုတ် အရေးယူရန် နေပြည်တော်စစ်ရုံးက ညွှန်ကြား
-

စစ်တပ်က လက်ပစ်ဗုံးတွေမှာ ဘုရားစာကပ်ပြီး သေနတ်နဲ့ လက်နက်ကြီးတွေမှာ ထမီစချည်ပစ်ခတ်ခိုင်း
စစ်တပ်က လက်ပစ်ဗုံးတွေမှာ ဘုရားစာကပ်ပြီး သေနတ်နဲ့ လက်နက်ကြီးတွေမှာ ထမီစချည်ပစ်ခတ်ခိုင်းတယ်လို့အလင်းဝင်စစ်သားပြော
-

-

လူသတ်မှုဖြစ်ပွားပြီးမှ လုံခြုံရေးစနစ်များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုက်ပြီဟု Myanmar Plaza က သတင်းထုတ်ပြန်လာ
မြန်မာပလာဇာကားပါကင်တွင် တရားခံ ဖမ်းမမိသော လူသတ်မှုဖြစ်ပွားပြီးမှ လုံခြုံရေးစနစ်များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုက်ပြီဟု Myanmar Plaza က သတင်းထုတ်ပြန်လာ
-

KIA တိုက်နေတဲ့ဗန်းမော်ကို စစ်သင်္ဘောတွေရောက်သွားတာက ဘာဆက်ဖြစ်နိုင်လဲ
ကချင်စစ်မျက်နှာပြင်ကို ကုန်းလမ်းကနေ ထောက်ပံ့ဖို့ အခက်ကြုံနေတဲ့ မြန်မာစစ်တပ်ဟာ စစ်သင်္ဘောတွေ ပါဝင်တဲ့ထောက်ပို့သင်္ဘောစုကို ဗန်းမော်စစ်မြေပြင်အတွက် အထောက်အကူ ပို့လိုက်ပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဗန်းမော်ကိုသွားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အကြိမ်ကြိမ် တိုက်ခိုက်ခံရလို့ ပုံမှန်ဆို ရက်အနည်းငယ်ပဲကြာတဲ့ဒီရေလမ်းကို သီတင်းနှစ်ပတ်ကြာ ခုတ်မောင်းခဲ့ရပါတယ်။ ဒီအခြေအနေကြောင့်ပဲ မန္တလေးမြို့က အထွက်မှာ ၁၇ စင်းပါတဲ့ ဒီစစ်သင်္ဘောအုပ်စုဟာ ဗန်းမော်မြို့ကို ရောက်ချိန်မှာ ၁၀ စင်း ဝန်းကျင်ပဲ ရှိတော့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ သင်္ဘောတွေနဲ့အတူပါလာတဲ့ လက်နက် ရိက္ခာ အကူအညီကြောင့် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)တို့ကြား နှစ်ဝက်ကျိုးလာတဲ့ ဗန်းမော်တိုက်ပွဲဟာ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီသင်္ဘောတွေမှာ ဘာတွေ တင်ဆောင်လာလဲ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(ပီဒီအက်ဖ်) ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဖော်နေတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက…