Author: Baby Yit Lone
-

ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တဦးအပေါ် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က တောင်းဆိုလိုက်သည်။ ယနေ့ (မတ်လ ၉) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ နစ်နာသူ အမျိုးသမီးရဲဘော်အား တပ်ရင်းတာဝန်ရှိသူများက မတရားဖမ်းဆီးကာ ကျေးရွာလူထုရှေ့တွင် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း လက်ပြန်ကြိုးတုတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစ်နာသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များအား အဓမ္မ ရေးထွင်းခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကိုပါ ကျူးလွန်ခဲ့ကြသည်ဟု…
-

ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့အတွင်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူ ၁၆၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နေ့မှာ ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ တပ်ရင်းတွေ ပါဝင်တဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအရပ်သား ၁၆၀ ဝန်းကျင်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာအသုံးပြုကာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်တွေ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အခြား…
-

စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်
စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊ စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများမှ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ…
-

မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား
မြန်မာနိုင်ငံမှ ကချင်လွတ်လပ်ရေးတပ်မတော်-KIA အပါဝင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသော နယ်မြေများမှာ အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံက အပြည့် အ၀ ထိန်းချုပ်ထားကြောင်း အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx) က ထုတ်ပြန်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များက မြန်မာနိုင်ငံ၏ အဓိကကျသော မြေရှားသတ္တု (Heavy Rare Earth) တူးဖော်ရေးဒေသများကို ထိန်းချုပ်ထားကြပြီး၊ လျှပ်စစ်ကား (EV) မော်တာများနှင့် လေအားလျှပ်စစ် တာဘိုင်များအတွက် အလွန်အရေးကြီးသည့် Dysprosium နှင့် Terbium သတ္တုများကို တူးဖော်နေကြသော တရုတ်လုပ်ငန်းရှင်များထံမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု ခန့်မှန်းရကြောင်း သိရှိရည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက်…
-

တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို လက်ထိပ်ခတ်ပြီး…