Author: Baby Yit Lone

  • စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလဆန်းပိုင်းနှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲမစတင်မီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး အီရန်နိုင်ငံထံမှ လေယာဉ်ဆီများကို သုံးကြိမ်တိုင်တိုင် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း ကျွမ်းကျင်သူများနှင့် ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။ ပြည်တွင်းစစ်အတွင်း မကြာသေးမီက စစ်အုပ်စု အသုံးပြုသည့် ဆီပမာဏအပေါ် အခြေခံကြည့်လျှင် ယခုတင်သွင်းမှုသည် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ လုံလောက်သော ပမာဏဖြစ်သည်ဟု လောင်စာဆီကဏ္ဍနှင့်ပတ်သက်သည့် အတွင်းသိတဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သို့သော် အီရန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် စျေးနှုန်းများ မြင့်တက်နေချိန်တွင် အခြားသော လောင်စာဆီရင်းမြစ်များကို ရှာဖွေရတော့မည်ဖြစ်သည်။ အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင်…

  • ဒေါ်ကြည်ပြာ၏ ချေပချက်များ၊ ရင်ဖွင့်စကားများနှင့် နောက်ကွယ်က အကြောင်းရင်းများ (သီးသန့်အင်တာဗျူး)

    ဒေါ်ကြည်ပြာ၏ ချေပချက်များ၊ ရင်ဖွင့်စကားများနှင့် နောက်ကွယ်က အကြောင်းရင်းများ (သီးသန့်အင်တာဗျူး)

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ၎င်းအပေါ် စွပ်စွဲချက်များအား ဌာနတွင်း စုံစမ်းစစ်ဆေးမှုအပြီး၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခွင့်ပြုရန် တင်ပြခဲ့သည်။ ဝန်ထမ်းများအပေါ် ဆက်ဆံရေး ပျော့ပျောင်းရန် ‘ပြင်းထန်စွာ သတိပေးခြင်း’ ခံရသည်မှအပ အခြားစွဲချက်များ ကျူးလွန်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမသတင်းထောက် မောင်ခက်နွေနှင့် သီးသန့်မေးမြန်းခန်းတွင် ဒေါ်ကြည်ပြာက ၎င်းအနေဖြင့် ကင်ဆာဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး CDM ဝန်ထမ်းများကိုလည်း အထူးတလည် တောင်းပန်သွားခဲ့သည်။ ယခုအင်တာဗျူးတွင် စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါ်ကြည်ပြာ၏ ချေပချက်များနှင့် ရင်ဖွင့်စကားများကို အပြည့်အစုံ ကြည့်ရှုနားဆင်နိုင်ပါသည်။

  • ရန်ကုန် ယာဉ်ထိန်းရဲများ ညအချိန်ထိ အချိန်ပိုဆင်းပြီး ငွေညှစ်ရန် အင်တိုက်အားတိုက်ကြိုးစားနေ

    ရန်ကုန် ယာဉ်ထိန်းရဲများ ညအချိန်ထိ အချိန်ပိုဆင်းပြီး ငွေညှစ်ရန် အင်တိုက်အားတိုက်ကြိုးစားနေ

    စစ်ကော်မရှင်က မတ်လ ၇ ရက်နေ့မှ စတင်ကာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် မော်တော်ယာဉ် မောင်းနှင်ခွင့်ကို စုံ/မ စနစ်ဖြင့် ကန့်သတ်သတ်မှတ်လိုက်ပြီးနောက် လမ်းမများပေါ်တွင် ယာဉ်ထိန်းရဲများက ယင်းစည်းကမ်းကို အသုံးချကာ ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စုံ/မ စနစ်အရ ကားနံပါတ်အဆုံးစာလုံးသည် ရက်စွဲနှင့် ကိုက်ညီမှုရှိမှသာ မောင်းနှင်ခွင့်ပြုခြင်းဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ယာဉ်ထိန်းရဲများသည် လမ်းဆုံလမ်းခွများတွင် အုပ်စုလိုက် စောင့်ဆိုင်းပိတ်ဆို့ စစ်ဆေးလျက်ရှိသည်။ အထူးသဖြင့် ယနေ့ မတ်လ ၉ ရက်နေ့တွင် ယာဉ်ထိန်းရဲများသည် ပုံမှန်တာဝန်ချိန်ထက် ကျော်လွန်ကာ ည ၈ နာရီဝန်းကျင်အထိ အိမ်မပြန်ဘဲ လမ်းမများပေါ်တွင် ခြုံခိုဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ပြောဆိုကြသည်။ “ဒီနေ့က ၉ ရက်နေ့ဆိုတော့ နံပါတ်အဆုံးစာလုံး…

  • အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အာဏာသိမ်းစစ်ကော်မရှင် ထောက်ခံသူတွေက ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်နဲ့ DJ ပညာရှင် လမင်းကဗျာကို မတ်လ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းကွန်ရက်များက ဖော်ပြထားပါတယ်။ သတင်းတွေအရ မတ်လ ၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က လှိုင်မြို့နယ် ၁၆ ရပ်ကွက် ဦးဖိုးမှန်လမ်းရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ထားပါတယ်။ ဒေသခံမျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်အရ မတ်လ ၈ ရက် ညပိုင်းကတည်းက အဆိုပါနေအိမ်အနီးတွင် ရဲကားတစ်စီးနဲ့ အိမ်စီးကားတစ်စီး ရောက်ရှိနေခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းတွင် လုံခြုံရေးအင်အား ဆယ်ဦးထက်မနည်းဖြင့်…

  • မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမက- သူ့ကို မပေးအိပ်လို့ဆိုပီး -မိန်းမကို ရှင်းပစ်ခဲ့တဲ့ သတင်း- ဘန်ကောက်မြို့က- အငှါးတိုက်ခန်းတွေမှာ လင်မယား၂ယောက်က- အတူနေထိုင်ကြတယ်။ မိန်းမရဲ့ အသက်က- 49နှစ်- ဒါပေမဲ့ ပီးခဲ့တဲ့- ၂လပိုင်းက- သူတို့လင်မယားတွေက- အကြောင်းတခုခုကြောင့်- ကွာရှင်းလိုက်ကြပီး- ၁-ယောက်၁ခန်းဆီ၊ ခွဲပီး နေခဲ့ကြတယ်။ အဲတော့- မိန်းမမဟုတ်တော့ပဲ- ဇနီးဟောင်းဖြစ်သွားတယ်။ – 8ရက်နေ့ ညတုန်းက- ယောက်ကျားက- ဇနီးဟောင်းဖြစ်သူ မိန်းမကို ခေါ်ပီး- အပြင်မှာသွားစားသောက်ကြတယ်။ ပြန်လာတော့- မနက်-၄ နာရီ ထိုးနေပီ။ သူတို့ ၂ ယောက်လဲ- သောက်စားလာတော့- မူးလဲမူးနေကြတယ်။ အဲတာနဲ့- ယောက်ကျားက သူ့ဇနီးဟောင်းနဲ့ အိပ်ချင်တယ်ပြောတာ- ဇနီးဟောင်းက လက်မခံဘူး။ ဒီတော့ ယောက်ကျားလုပ်သူက မပေးအိပ်တဲ့ သူ့-မိန်းမကို-စိတ်တိုပီး- ဓ-ားနဲ့- လည်ပင်းကို ထိုးသွင်း…