Author: Baby Yit Lone
-

အောက်လမ်းတတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဖြန်းနေတဲ့သူကို သတ်ဖို့လုပ်ကြ
အောက်လမ်းတတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဖြန်းနေတဲ့သူကို သတ်ဖို့လုပ်ကြလို့ သေနတ်ပစ်ဖောက် တားမြစ်ခဲ့ရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းကျေးရွာမှာ လေဖြန်းထားတဲ့ ရွာသားတဦးကို အောက်လမ်းဆရာလို့ စွပ်စွဲကာ ရွာသားတွေက သတ်ဖြတ်ဖို့ လုပ်နေတာကြောင့် KNDF နဲ့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တွေက လာရောက်ညှိနှိုင်းကာ ကာကွယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အောက်လမ်းဆရာလို့ စွပ်စွဲခံရသူဟာ လွယ်ယင်းကျေးရွာအုပ်စု၊ မွမ်ခူကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး လေဖြန်းဝေဒနာခံစားနေရသူဖြစ်ကာ သမီး ၂ ဦးရဲ့ ဖခင်ဖြစ်တယ်လို့လည်း ဒေသခံရွာသားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “KNDF၊ ကယန်းပြည်သစ်ကလူတွေ အဲ့လူကို မသတ်ဖို့ မနေ့က မတ်လ ၅ ရက်နေ့မှာ သွားညှိပေးကြတယ်၊ အဲ့ရွာသားကို ရွာမှာမထားချင်ရင် ရွာကနှင်ထုတ်ဖို့နဲ့ သူတို့ခေါ်သွားပေးမယ် ပြောတယ်၊ ရွာသားတွေက…
-

YBS ယာဉ်ဘရိတ်ပေါက်လို့ ကား ၁၃ စီးဆင့်တိုက်ကာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ဆို
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေဗလီမှတ်တိုင်အနီး၊ ရွှေဗဟိုပလာဇာရှေ့မှာ YBS ယာဉ်တစီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးထက်မနည်း အစုလိုက်အပြုံလိုက် ဆင်ကဲတိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၅ ရက် မနေ့က နေ့လယ်ပိုင်း ၂ နာရီခန့်က YBS 144 ယာဉ်လိုင်းက ကားတစီးဟာ ဘရိတ်ပေါက်ပြီး ကား ၁၃ စီးနဲ့ ဆိုက်ကားတစီးကို အရှိန်နဲ့ဝင်တိုက်မိရာက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “တိုက်တဲ့အရှိန် များတယ်၊ ဘရိတ်ပေါက်တာလို့ ပြောတယ်၊ ကား ၁၃ စီး အကုန်ပျက်စီးသွာတယ်၊ ယာဉ်ကြောတွေ အကုန်ပိတ်သွားတယ်၊ အဲ့ထဲက ဆိုက်ကားတစီးလည်း ပျက်စီးသွားတယ်၊ လူထိခိုက်တာတော့ အနည်းအပါးရှိတယ်၊ ကြီကြီးမားမားတော့ မရှိဘူး၊ ကားတွေကတော့ အတော်ပျက်စီးကုန်တယ်” လို့ ရန်ကုန်မြို့နေဒေသခံတဦးက…
-

အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ၇ ရက်မြောက်စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ တိုက်ပွဲမှာ ဒီနေ့ မတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေ သတင်းတွေကို တင်ဆက်လိုက်ပါတယ်။ 🟥 ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်မီးကို ငြှိမ်းသတ်ဖို့နဲ့ ငြိမ်းချမ်းရေးကို အခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ 🟥 အစ္စရေးတိုက်လေယာဉ်တွေဟာ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေတင်မကဘဲ လက်ဘနွန်တောင်ပိုင်းက ရွာတွေအပေါ်မှာပါ ကင်းထောက်ပျံသန်းမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ 🟥 အီရတ်ကာ့ဒ်ဒေသရှိ အီရန်ကာ့ဒ်လက်နက်ကိုင်စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုဟာ အီရန်ဘက်တော်သား အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ 🟥 အဇာဘိုင်ဂျန်နိုင်ငံက ၎င်းတို့ရဲ့ နယ်စပ်ကို အီရန်ဒရုန်းတွေ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့…
-

ဗိုလ်နဂါး မပြောခဲ့တဲ့ မြေအောက်ခန်းထဲက ဇာတ်လမ်းများ
စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။ အညာဒေသတစ်နေရာမှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ဆိတ်ကွယ်ရာနေရာတစ်ခု ရှိနေပါတယ်။ ပုလဲမြို့ပေါ်နဲ့ မိုင်၂၀ ခန့်ဝေးတဲ့ တောတိုက်ထဲမှာလည်း သံသယဖြစ်စရာ မြေအောက်ခန်းတစ်ခုကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၈ရက်နေ့မနက်မှာ တွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ သတ်ဖြတ်မှုတွေရှိခဲ့တဲ့ အထောက်အထားတွေ ရထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ သူ့ကိုယ်သူ တော်လှန်ရေးခေါင်းဆောင်အဖြစ်ကြွေးကြော်ပြီးစစ်တပ်နဲ့ပူးပေါင်းသွားခဲ့တဲ့BNRA အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးကပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်စပ်က ဂွေးပင်ရွာတောတိုက်ထဲမှာ မြေအောက်ခန်းဆောက်ပြီး လုံခြုံရေးအစောင့်အရှောက်တွေ၊ အခြွေအရံတွေနဲ့အတူ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့…
-

အာကာသအစွန်းမှ လုပ်ကြံမှု- ခါမေနီကို အဆုံးစီရင်ခဲ့သည့် စက္ကန့် ၆၀ စစ်ဆင်ရေး
မကြာသေးမီက ကမ္ဘာ့သတင်းမျက်နှာဖုံးများကို တုန်လှုပ်သွားစေခဲ့သည့် အီရန်အဓိပတိ အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံခံရမှုသည် ရိုးရှင်းသော လေကြောင်းတိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ပါ။ ၎င်းသည် ဆယ်စုနှစ်နှင့်ချီ ကြိုတင်ပြင်ဆင်ခဲ့သော ထောက်လှမ်းရေးစစ်ဆင်ရေး၊ အဆင့်မြင့် ဆိုက်ဘာဟက်ကင်းနည်းပညာ၊ အမေရိကန် CIA ၏ သတင်းအချက်အလက်နှင့် ကမ္ဘာ့လေထုပြင်ပမှ ဝင်ရောက်လာသော ဒုံးကျည်များ ပေါင်းစပ်ထားသည့် ရုပ်ရှင်ဆန်ဆန် စစ်ဆင်ရေးကြီးတစ်ခု ဖြစ်သည်။ ဇာတ်ကွက်ဆင်ခြင်းနှင့် လှည့်စားမှု (The Setup) အီရန်ထောက်လှမ်းရေးများ အလစ်အငိုက်မိသွားစေရန် အစ္စရေးတို့က အဆင့်မြင့်လှည့်စားမှုတစ်ခုကို အသုံးပြုခဲ့သည်။ သောကြာနေ့တွင် အစ္စရေးစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ဌာနချုပ်များမှ ထွက်ခွာကာ ဂျူးလူမျိုးတို့၏ အပန်းဖြေနားရက် (Shabbat) အတွက် အိမ်ပြန်နေကြကြောင်း သက်သေပြရန် ဓာတ်ပုံများရိုက်ကာ လူသိရှင်ကြား ထွက်ခွာပြခဲ့သည်။ ထို့နောက်…