Author: Baby Yit Lone
-

စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု
ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ” ဂဏန်းပတ်၊ “မ” ဂဏန်းပတ် ခွဲပြီး တစ်ရက်ခြားစီပဲ မောင်းခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ စဉ်းစားသာကြည့်ကြပါတော့… အရှေ့အလယ်ပိုင်းမှာ ဗုံးကွဲတာနဲ့ ကျွန်တော်တို့ဆီက ဆီဆိုင်တွေမှာ ဆီကုန်သွားရောတဲ့။ အိမ်နီးချင်း ထိုင်းတို့၊ အိန္ဒိယတို့မှာကျတော့ ဘယ်သူမှ ဆီဆိုင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး အိပ်မနေရပါဘူး။ တကယ့် ပြဿနာက ကမ္ဘာ့ဆီဈေးကြောင့် မဟုတ်ဘဲ နိုင်ငံတကာက အပေါင်းအသင်းမလုပ်တော့လို့၊ ရင်းနှီးမြှုပ်နှံသူတွေ ပြေးကုန်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ဒေါ်လာ (USD) ပြတ်နေတာပါ။ “ပိုက်ဆံမရှိလို့ ဆီမဝယ်နိုင်ပါဘူး” လို့ ရိုးရိုးသားသား…
-

လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား
ပြည်တွင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်း မှတ်ပုံတင်မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် ၊ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့တွေက မတည်ငွေအဖြစ် သိန်း ၁၀၀၀ ကျပ် ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိဖို့ တာဝန်ရှိသူတွေက တရားဝင် ညွှန်ကြား သတ်မှတ်လိုက်တယ်လို့ အသင်းအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။ ” ဘဏ်စာရင်းပြရမယ်။ အနည်းဆုံး သိန်း ၅၀၀ ပြရမယ်ပြောတယ်။ အခုမှစာ တရားဝင်ထုတ်လာတာပေါ့။အရင်က အဲလိုမရှိဘူး ။ အသင်းရဲ့ ငွေစာရင်းအဝင်အထွက် ၊ လုပ်ဆောင်ချက်တွေ အစီအရင်ခံစာတင်ရမယ်။ စာထဲမှာအရတော့ ပြီးခဲ့တဲ့လကမှ အစည်းဝေးဆုံးဖြတ်ချက်နဲ့ထုတ်တာလို့ပါတယ်။ သိန်း ၅၀၀ မပြနိုင်ရင် အသင်းဖျက်သိမ်းရမှာလား မေးထားတာတော့ ပြန်ဖြေကြားတာမရှိသေးဘူး ။ ” လို့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။ တကယ်လို့…
-

အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော တဲလ်အဗစ်မြို့အား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ အဆောက်အအုံအချို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း လတ်တလော ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။ ဟီဘရူးသတင်းရင်းမြစ်များနှင့် ဂျာနယ်လစ်များမှ ရရှိထားသော သီးသန့်ရုပ်သံဖိုင်တွင် အီရန်၏ ဒုံးကျည်များ တဲလ်အဗစ်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။ ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသော “Operation Epic Fury” စစ်ဆင်ရေးကို အီရန်က တုံ့ပြန်သည့် “၁၀ ကြိမ်မြောက် ဒုံးကျည်လှိုင်း” ဖြစ်သည်ဟု IRGC က ကြေညာထားသည်။ ထိခိုက်ပျက်စီးမှုနှင့် လက်ရှိအခြေအနေ ဒေသတွင်းသတင်းများအရ တဲလ်အဗစ်ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့…
-

စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်
စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်အဖြစ် ဝေဖန်၊ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရပြီ စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ…
-

စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်
စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ် အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည်…