Author: Baby Yit Lone

  • ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံ (Provisional Measures) များကို မြန်မာစစ်ကော်မရှင်တပ်က လိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်နေကြောင်း ဂမ်ဘီယာရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ကြားနာစစ်ဆေးမှုတွင် အထောက်အထားသစ်များဖြင့် လျှောက်လဲခဲ့ကြသည်။

    ဂမ်ဘီယာရှေ့နေ အာစလန်ဆူလေမန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆၀၀,၀၀၀ သိန်းခန့်မှာ စစ်တပ်၏ ဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားအုပ်ချုပ်သောစနစ်အောက်တွင် ဒုက္ခခံစားနေရကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ၎င်းတို့သည် တင်းကျပ်သော ခွဲခြားဆက်ဆံမှုများ၊ သွားလာခွင့်ကန့်သတ်ချက်များအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရိုဟင်ဂျာ ၅,၀၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများတွင် “လူသားဒိုင်း” အဖြစ် အသုံးပြုခဲ့ကြောင်း၊ ယင်းကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး၊ ပျောက် ဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက လူပေါင်း ၆၀,၀၀၀ ကျော်ကို တလစာ ကျွေးမွေးနိုင်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာတန်ချိန် ၁,၁၇၅ ကျော်ရှိသော ဂိုဒေါင်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် လူမျိုးတစုလုံး ပျက်စီးစေရန် တမင်ဖန်တီးသည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယင်းလုပ်ရပ်များကြောင့် အချို့သော IDP စခန်းများတွင် ငတ်မွတ်လွန်းသဖြင့် မိမိကိုယ်ကို သတ်သေမှုများအထိ ရှိနေသည်ဟု ဆိုသည်။

    စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များမှတဆင့် အမုန်းစကားများ ဆက်တိုက်ဖြန့်ဝေနေဆဲဖြစ်ကြောင်းနှင့် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစ္စလာမ်ဘာသာနှင့် ဆက်စပ်ကာ အမုန်းတရားများ ပျံ့နှံ့အောင် လုပ်ဆောင်နေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အစီရင်ခံစာကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်နေသူများအား လက် နက်တပ်ဆင်ပေးနေသည်ဟု စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုခဲ့သည်ဟု ရှေ့နေက လျှောက်လဲခဲ့သည်။

    အလားတူ ရှေ့နေ ဂျက်စီကာဂျုံးကလည်း မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ရုံသာမက ကျူးလွန်သူများကို အရေးယူရန် ပျက်ကွက်ခြင်းဖြင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ချိုးဖောက်နေကြောင်း လျှောက်လဲခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်မှ တာဝန်ရှိသူတဦးက “ရှိတဲ့လက်နက်ကိုင်ပြီး ဒီသတ္တဝါတွေကို ရင်ဆိုင်ကြ” ဟု ပြောဆိုခဲ့သော ဗီဒီယိုမှာ လူမျိုးတုံးသတ်ဖြတ်ရန် တိုက်ရိုက်လှုံ့ဆော်မှုဖြစ်ကြောင်း သက်သေအဖြစ် တင်ပြခဲ့သည်။

    စစ်ကော်မရှင်တပ်သည် ICJ ၏ ကြားဖြတ်အစီအမံများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ဂမ်ဘီယာဘက်က အခိုင်အမာ လျှောက်လဲတင်ပြသွားခဲ့သည်။

  • လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    မန္တလေးတိုင်း၊ ‎မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ အမှတ် (၃) တပ်ရင်းမှ ဖမ်းဆီးထားပြီး လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်က သူမရဲ့ လူမှုကွန်ရက်မှတဆင့် ပြောဆိုလိုက်ပါတယ်။

    သီတာယုမွန်ရဲ့ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးဝါးများနဲ့အတူ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    ယောကျာ်းဖြစ်သူကို PDF တို့ ဖမ်းဆီးထားသော်လည်း မြင်းခြံပျူခေါင်းဆောင် သီတာယုမွန် ထမင်းစားမပျက်

    မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် ယောကျာ်းဖြစ်သူကို PDFတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း ထမင်းစားမပျက်ကြောင်းသိရသည်။

    ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာသည့် မြင်းခြံပျူစောထီးခေါင်းဆောင်၏ ယောကျာ်းဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

    ” ဝမ်းသာရအောင်ဆို ငါလည်းဝမ်းသာတယ်။ ကျမ ရင်တောင်မခုန်ဘူး” ဟု မြင်းခြံပျူခေါင်ဆောင်းသီတာယုမွန်က ထမင်းစားရင်း မီဒီယာတစ်ခု၏ အင်တာဗျူးကြည့်ကာ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။

    ပြည်သူ့စစ်လုပ်ရသည်ကို သဘောမကျကြောင်း၊ သူလုပ်လုပ်၊ မလုပ်လုပ် ပြည်သူစစ်က ရှိနေမည်ဖြစ်ကြောင်း သီတာယုမွန်ယောကျာ်းစိန်လွင်က မြင်းခြံခရိုင်အမှတ် ၃တပ်ရင်း၏ စစ်ဆေးမေးမြန်းထားသည့် ရုပ်သံဖိုင်တွင် ပြောကြားထားသည်။

    “ကိုယ့်အလုပ်ကိုယ် လုပ်နေရတာပဲ သဘောကျတယ်။ ပြည်သူ့စစ်ကို လုပ်ရတာ သဘောမကျဘူး။ ကျနော် ပြည်သူ့စစ် မလုပ်ဘူးဗျာ။ သဘောက။ လုပ်ရတာသဘောမကျဘူး။ ပြည်သူ့စစ်ကတော့ ကျနော်ကျကျ မကျကျရှိနေမှာပဲကို သူ့ဟာသူ။ ကျနော်လည်း တားလို့မှမရတာ” ဟု စိန်လွင်ကပြောသည်။

    ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများသည် ကိုယ်တိုင်သုံးစွဲခြင်းဖြစ်ကြောင်းလည်း စိန်လွင်က ဝန်ခံထားသည်။

    စိန်လွင်သည် အသက် ၄၄ နှစ်အရွယ်ရှိပြီး မြင်းခြံမြို့ အမှတ် ၁၉ရပ်ကွက်၏ ဒုပျူစောထီးခေါင်းဆောင်ဖြစ်သည်။

    စိန်လွင်နှင့်အတူ လက်နက်များလည်း မပါသဖြင့် ဖမ်းဆီးသည့်အချိန်တွင် ပြန်လည်ခုခံခြင်းမရှိပေ။

    ရုပ်သံ – လူမှုကွန်ရက်

  • The Piper

    The Piper

    The Piper (2015)

    ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် Pied Piper of Hamelin ဆိုတဲ့ ဂျာမန်ပုံပြင်ကို Horror ပုံစံနဲ့ ပြန်လည်ပုံဖော်ထားတဲ့ ကိုးရီးယား Horror/Mystery ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။

    နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိမှာပါ။

    ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။

    ဇာတ်ကားထဲမှာတော့ Miracle in Cell No. 7 နဲ့ Kingdom ထဲက မင်းသားကြီး Ryu Seung Ryong၊ Lee Sung Min၊ Chun Woo Hee နဲ့ Lee Joon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

    ဇာတ်လမ်းကတော့ ..

    ကိုရီးယားစစ်ပွဲအပြီး ကာလကို အခြေခံထားပါတယ်။

    ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာ Woo Ryong ဟာ သားဖြစ်သူကို ဆေးကုဖို့အတွက် ဆိုးလ်မြို့ကို ခရီးထွက်လာရင်း လမ်းတစ်ဝက် တောင်ကြားထဲမှာရှိတဲ့ သာယာအေးချမ်းပုံရတဲ့ ရွာလေးတစ်ရွာမှာ ခဏတာ နားခိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမဲ့ ဒီရွာမှာ ရွာသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကြွက်ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ အဲဒီကြွက်တွေဟာ ဘယ်လိုမှ နှိမ်နင်းလို့မရအောင် အရေအတွက် များပြားသလို၊ အရွယ်အစားလည်းကြီးပြီး အရမ်းကို ကြမ်းတမ်းကြတာပါ။

    Woo Ryong က ဒီကြွက်တွေကို နှိမ်နင်းပေးမယ်ဆိုပြီး ရွာသူကြီးနဲ့ အပေးအယူ လုပ်လိုက်ပါတယ်။

    သူက ကတိအတိုင်း ကြွက်တွေကို ရွာထဲကနေ ဖယ်ရှားပေးခဲ့ပေမယ့် ရွာသူကြီးကတော့ ကတိမတည်တဲ့အပြင် သူ့ကို လှည့်ဖြားပြီး သားအဖနှစ်ယောက်လုံးကို ရက်ရက်စက်စက် ဒုက္ခပေးခဲ့ပါတယ်။

    ဒါ့အပြင် အေးချမ်းတယ်လို့ ထင်ခဲ့တဲ့ ရွာလေးနဲ့ ရွာသားတွေမှာလည်း လျှို့ဝှက်ချက်တွေ အပြည့်နဲ့ပါ။

    အေးချမ်းတဲ့ ပုလွေသမားတစ်ယောက်ဟာ သူ့ရဲ့ အမြတ်နိုးဆုံးအရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့…

    အေးချမ်းတဲ့ရွာလေးကို ငရဲခန်းအဖြစ် ဘယ်လိုပြောင်းလဲပစ်လိုက်မလဲ ..

    ကတိမတည်တတ်တဲ့ လူသားတွေရဲ့ စိတ်ဓာတ်က ကြွက်တွေထက် ပိုကြောက်ဖို့ကောင်းနေပါတယ်။

    မိဘမေတ္တာ၊ လူသားတွေရဲ့ ဖုံးကွယ်ထားတဲ့ ကောက်ကျစ်မှုနဲ့ ကြောက်မက်ဖွယ် လက်စားချေမှုတွေကို တစ်ကားလုံး သည်းထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

  • Born to Raise Hell

    Born to Raise Hell

    Born to Raise Hell (2010)

    ဒီဇာတ်လမ်းလေးကတော့ 911 ဖြစ်ရပ်ဆိုးကြီးအပြီးမှာ စစ်သွေးကြွတွေဟာအခုလိုလုပ်ရပ်လုပ်ဖို့ကိုငွေ‌ကြေးတွေကို မူးယစ်ဆေးဖြန့်ချီနေရာကနေ ရခဲ့တာကို အမေရိကန်ဖက်ကသိသွားပါတော့တယ်။

    ဒီလိုနဲ့အမေရိကန်အစိုးရကဦးဆောင်းပြီး မူးယစ်ဆေးဝါးပိုင်းကကျွမ်းကျင်အရာရှိတွေကိုစုပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကိုထူထောင်ခဲ့ပါတယ်။

    အဲဒီထဲကအဖွဲ့တစ်ခုမှာတာဝန်ထမ်းဆောင်နေတာကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ဖြစ်သူ စုံထောက်ဘော်ဘီပါ သူဟာလက်တလောတင်သူ့ရဲ့အလုပ်ပါတနာကို မူးယစ်ဂိုဏ်းတစ်ခု‌ကသတ်သွားလို့ လိုက်ပြီးလက်စားချေဖို့ကြိုးစားနေခဲ့တာပါ။

    ဒါပေမဲ့ဘာသက်သေမှမရှိပဲသူတစ်ဦးထဲဖြစ်နေတဲ့အချိန်မှာ သူ့ပါတနာနေရာကိုအစားထိုးဖို့ စတီဗ်ဆိုတဲ့အရာရှိကရောက်လာပါတော့တယ်။

    ဒီလိုနဲ့သူတို့နှစ်ဦးဘယ်လိုသဲလွန်စတွေရှာကြမလဲ ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာကိုကြည့်ရမယ့် Action ဇာတ်လမ်းလေတစ်ကားပဲဖြစ်ပါတယ်။

    အဓိကဒီကားကိုကြည်ြသင့်တဲ့အချက်က သူတို့သံလွန်စရှာတဲ့အခါမှာဘယ်လိုနည်း ဘယ်လိုဉာဏ်နဲ့ရှာပြီး လက်စားချေတယ်ဆိုတာပါပဲ။

    တကယ်ကိုစုံထောက်ဇာတ်လမ်းတွေစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

  • Our Girls

    Our Girls

    Our Girls (2025)

    Oscar ဆုရ ဒါရိုက်တာ Mike van Diem ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်၊ Netherlands Film Festival မှာ ဖွင့်ပွဲဇာတ်ကားအဖြစ် ပြသခဲ့တဲ့ Drama/Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

    သံယောဇဉ်ကြီးမားတဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစုနှစ်စုဟာ နှစ်တိုင်းလိုလို Austrian Alps တောင်တန်းဒေသမှာ အတူတကွ အားလပ်ရက် ခရီးထွက်လေ့ရှိကြပါတယ်။

    ဒီနှစ်ခရီးစဉ်မှာတော့ မမျှော်လင့်ထားပဲ ကံဆိုးမိုးမှောင်ကျပါတော့တယ်။

    သူတို့ရဲ့ ဆယ်ကျော်သက် သမီးပျိုနှစ်ယောက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ မိဘတွေဟာ အခက်ခဲဆုံး ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။

    သမီးတစ်ယောက် အသက်ရှင်ဖို့အတွက် နောက်တစ်ယောက်က ပေးဆပ်ရမယ့် အခြေအနေမျိုး၊ တစ်ယောက်ကို ကယ်တင်ဖို့ အခြားတစ်ယောက်ကို စွန့်လွှတ်ရမယ့် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ နှစ်ပေါင်းများစွာ ခိုင်မြဲခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ကိုယ့်သွေးသားရင်းချာအတွက် အကာအကွယ်ပေးလိုစိတ်တို့ လွန်ဆွဲကြရင်း ဘယ်လိုသည်းထိတ်ရင်ဖိုအခြေအနေတွေ ဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။