Author: Baby Yit Lone

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    ရွေးကောက်ပွဲအပိုင်း(၁)အပြီး စစ်တပ်ထိပ်ပိုင်းရာထူးများ ဆက်တိုက်ပြောင်းလဲလျက်ရှိရာ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်ရာထူးများအား စစ်ခေါင်းဆောင်လူရင်းများဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောသည်။

    နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းအား ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ် ခန့်အပ်ကာ စစ်ထောက်ချုပ်တာဝန် ထမ်းဆောင်နေသော ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်း (DSA-38)ကို စစ်ရေးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ကာ စစ်ထောက်ချုပ်နေရာတွင် မကြာသေးမီက ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ စစ်ဘက်သို့ ပြန်ခေါ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား ခန့်အပ်လိုက်ကြောင်း သိရသည်။

    ယခင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အား စစ်ဘက်ရာထူးမှ အနားပေးကာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ၎င်းသည် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူ ဖြစ်သည်။

    လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စိုးမင်းသည် စစ်တက္ကသိုလ်အပတ်စဥ် ၃၉ ကျောင်းဆင်းတဦးဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာ၀န်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    စစ်ရေးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်းမှာ စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသကဲ့သို့ စစ်ထောက်ချုပ် ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်မှာလည်း စစ်ခေါင်းဆောင်နှင့်အတူနေခဲ့ဖူးသော လူရင်းတဦး ဖြစ်သည်။

    အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ သမ္မတလုပ်ရန် သေချာနေသည့်အတွက် စစ်ဘက် အရေးကြီးနေရာများအား ၎င်း၏လူရင်းများဖြင့် အစားထိုးရွှေ့ပြောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက သုံးသပ်သည်။

    တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးအားလည်းကောင်း၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်စိုးညွန့်အား လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

    နေပြည်တော်တိုင်းမှူးနေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်အား အစားထိုးခန့်အပ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို ခန့်အပ်လိုက်သည်။

    လစ်လပ်သွားသည့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူး ချုပ်အောင်ဌေးအား ခန့်အပ်ခဲ့ပြီး လစ်လပ်သွားသော တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနေရာ၌ ပခုက္ကူ အခြေစိုက်တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထက်အား ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

    ထို့ပြင် တပ်မ ၁၀၁ တပ်မမှူးနေရာတွင် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၈) ဗိုလ်မှူးချုပ် သန့်လွင်စိုးအား ခန့်အပ်လိုက်သည်။

    ပဲခူးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်၊ အခြားစစ်ရာထူးကြီးများကိုလည်း အပြောင်းအလဲများ လုပ်ပြန်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ဇန်နဝါရီလ ၄ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် သေဆုံးသွားပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကြည်သိုက်နေရာတွင် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း၊ သူရဇော်လွန်စိုးမှာ စစ်တိုက်တော်သော ဗိုလ်ချုပ်တစ်ဦးအဖြစ် နေပြည်တော်စစ်ရုံးတွင် အသိအမှတ်ပြုခံထားရသူဖြစ်ကြောင်း သိရှိရသည်။

    ” စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျသွားတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ အရေးပေါ် ကဗျာကယာ လုပ်လိုက်ရတဲ့ ဒီစစ်ရာထူးခန့်အပ်မှုတစ်ခုလို့ ထင်တယ်။ ကျွန်တော်တို့ ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဒီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကတော့ တောင်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာတယ်။ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ကျွန်တော်တို့ ဒီညောင်ကြိုးဒေသတွေကို ပြန်ပြီးတော့ တိုက်စစ်ဆင်လိုတဲ့ ဟာရည်ရွယ်ချက် ပေါ့နော်၊ အဲဒီရည်ရွယ်ချက်နဲ့ ခန့်အပ်တာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည။

    ယင်းအပြင် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် (စစ်တက္ကသိုလ်အပတ်စဉ် ၃၉ )ကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ နေပြည်တော်‌တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် လည်းကောင်း၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်ကို တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ်ကြီး၊ စကခ(၁၈) စကခမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးကို တပ်မ ၁၀၁ တပ်မမှူးအဖြစ်လည်းကောင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကို စကခ ၁၀ စကခမှူးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ကြောင်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရာထူးကို ဗိုလ်မှူးချုပ် စိုးညွှန့်ကိုပေးလိုက်ကြောင်း သိရှိရသည်။

    ” ဒီဗိုလ်မှူးချုပ်စိုးညွှန့်ဆိုတာ ကျွန်တော်တို့ အရင်တုန်းက တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်၊ အဲဒီ တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်ကနေမှ အရန်အင်အားကို သွင်းလိုက်တာ။ အရန်အင်အားကနေမှ ကျွန်တော်တို့ဒီ လကခချုပ် ပေါ့နော်၊ ဒုတိယလကခချုပ် ဖြစ်တယ်။ တပ်မ ၁၀၁ တပ်မမှူး ပေါ့နော်၊ နာမည်က ဘီလူး၊ အဲဗိုလ်မှူးချုပ်ဇော်မင်းထက်ဆိုတဲ့သူကတော့ တပ်မတော်နည်းပညာတက္ကသိုလ် ပေါ့နော်၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးထိ ခန့်လိုက်ရတာ၊ တိုးပြီးခန့်လိုက်တာကို တွေ့ရတယ်။ အဲတော့ ကျွန်တော်တို့ ကြည့်ရမယ်ဆို စစ်တက္ကသိုလ် ၄၂၊ ၄၄ ပတ်ချာလည် ပေါ့နော်၊ ၄၂ ၊ ၄၄ ပတ်ချာလည်တွေကို သူ ကစားလာတယ်။ အငယ်တွေကို ပြန်ပြီးတော့ ဒါထပ်ပြီးတော့ ပွဲထုတ်လာတာပေါ့နော်။ ပြီးရင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း လကခချုပ် လုပ်တယ် ပေါ့နော်။ ဒါဒုတိယဗိုလ်ချုပ်ကြီး တစ်နေရာတွေ စပြီးပေးနေတာ။ စပြီးပေးနေတာဆိုတာ သူအခု လူစမ်းလာပြီ ပေါ့နော်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးအပြောင်းအလဲများကို ဆက်လက်ပြုလုပ်ရန်အတွက် နေ့စဉ် စစ်ရုံးတွင် အစည်းအဝေးများ ဆက်တိုက်ခေါ်ယူလျက်ရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

  • Baghban

    Baghban

    Baghban (2003)

    “ကိုယ်တို့ သားသမီးတွေ အိမ်မက်တွေကိုဖြည့်စည်းရင်းနဲ့ ကိုယ်တို့အိမ်မက်တွေနဲ့ ဝေးကွာခဲ့ရတယ်”

    သားသမီးတွေရဲ့ ခါးခါးသီးသီးငြင်းပယ်ခံရမှုအပေါ်မှာ ဖခင်တစ်ယောက်ရဲ့ တုန့်ပြန်တဲ့စကား။

    မိဘဆိုသည်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သားသမီးတွေကိုတော့ ပြည့်စုံအောင်ထားချင်တာ သဘာဝပါပဲ။

    “အဖေ မဆာလို့မစားတော့ဘူး”

    “အမေ့အတွက်မချန်နဲ့တော့နော်၊ အမေစားခဲ့ပြီးပြီ”

    ချိုမြိန်တဲ့ မုသားတွေအောက်က မျက်ရည်စတွေကို သားသမီးတွေမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ မိဘကတော့ အနစ်နာခံစမြဲပါ။

    ဘယ်သူကလုပ်ခိုင်းလို့လဲဆိုတော့ ဘယ်သူမှ မလုပ်ခိုင်းပါဘူး။

    အဖြေကတော့ မိဘဖြစ်နေလို့ပါပဲ။

    သာမန် မိသားစုမိကြီးပြင်းလာတဲ့လူ၊ မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရသူတွေဆို ဒီလိုမျိုး ကိစ္စတွေကို အမြဲလိုလိုကြုံခဲ့ရပါလိမ့်မယ်။

    ဒါတွေကိုငယ်စဉ်အခါတုန်းက မသိခဲ့ရပေမဲ့ အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာတော့ အားလုံးကိုနားလည်လာရပါတယ်။

    ဒီလိုမျိုးနားလည်လာရတဲ့အချိန်မှာ မိဘတွေက အနားမှာရှိကောင်းလည်းရှိနေနိုင်တယ်။

    ရှိချင်မှလည်းရှိလိမ့်မယ်။

    အရာအားလုံးနောက်မကျသွားခင်တော့ မိဘဟာမိဘပဲဆိုတာ ဒီရုပ်ရှင်ကအကောင်းဆုံးချပြသွားပါတယ်။

    ဇာတ်ညွှန်း

    မယ်လ်ဟိုတာ ဆိုတာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ။

    အပင်မကြီးပေမဲ့ သား ၄ ယောက်ကိုတော့ အရိပ်လုံလောက်အောင်ပေးနိုင်ခဲ့တယ်။

    ငါ့သားလေးလိုချင်တာရဖို့ မိုးကိုဒူးနဲ့တိုက်ရပါစေ ဆိုတဲ့လူစားမျိုး။

    သူ့မှာ ပူးဂျာဆိုတဲ့ ဇနီးသည်တစ်ယောက်ရှိတယ်။ အသက်ကြီးလာသည့်တိုင် အချစ်တွေကမကုန်ခမ်းနိုင်၊ ချစ်မဝနိုင်ဖြစ်နေတုန်း။

    နက်ကတိုင်ကို စည်းတတ်တယ်။ ဒါပေမယ့် မစည်းဘူး။

    ဇနီးသည်စီးပေးမှ နက်ကတိုင်မှ လည်ပင်းမှာ မြဲမှာလို့ မှတ်ယူထားတဲ့လူမျိုး။

    Baghban ဆိုတာကို မြန်မာလိုပြန်ရရင် ဥယျာဉ်မှူးပေါ့လေ။

    ဥယျာဉ်ထဲက အပင်လေးတွေ ဝေဆာလာဖို့ နေပူပူ မိုးရွာရွာ အရိပ်တကြည့်ကြည့် ကြည့်နေရမှာ ဥယျာဉ်မှူးတစ်ယောက်ရဲ့တာဝန်ပဲလေ။

    ဒါမှလည်း အပင်တွေကြီးလာခဲ့အခါမှာ ကိုယ့်ကိုအရိပ်ပြန်ပေးနိုင်မယ်လေ။ မဟုတ်ဘူးလား။

    ဒါပေမယ့် ရာ့ဂျ်အတွက်တော့ အဲလိုမျိုးမဟုတ်ခဲ့ဘူး။

    ရာ့ဂျ်တစ်ယောက်အလုပ်ကထွက်ပြီး ပင်စင်စားဖြစ်လာတဲ့အခါ၊

    အပင်တွေကြီးလာတဲ့အခါ၊

    ရေသောက်မြစ်တွေခိုင်လာတဲ့အခါ၊

    ဥယျာဉ်မှူးရေလောင်းဖို့မလိုဘူးဆိုပြီး ဥယျာဉ်မှူးကိုကန်ထုတ်ခဲ့တယ်။

    တစ်ခါမှ မခွဲဖူးတဲ့၊ အရမ်းချစ်ကြတဲ့ လင်မယားနှစ်ယောက်ကို တစ်အိမ်စီခွဲပြီးခေါ်ထားလိုက်တယ်။

    ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကို ချစ်ခင်နွေးထွေးမှုပေးတဲ့ ဇနီးသည်ကလည်းမရှိပြန်၊ သားနဲ့ချွေးမတွေကလည်း ကိုယ့်ကို ပစ်ပယ်လာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ရင်ထဲက မျှော်လင့်ချက်မိုးတိမ်တွေပြိုကျခဲ့ရပါတယ်။

    ဒီလိုနဲ့ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို မျက်ရည်လေးဝဲရင်း ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။

  • Gak Nyangka..!!

    Gak Nyangka..!!

    Gak Nyangka..!! (2025)

    ဒီတစ်ခါမှာတော့ ၂၀၂၅ ခုနှစ်ထွက် အင်ဒိုနီးရှား ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဇာတ်လမ်းထဲမှာ Agoy, Bruno, Cherry နဲ့ Darlina ဆိုတဲ့ သူငယ်ချင်း ၄ ယောက်ပါတယ်။ သူတို့က ရေကြောင်းသိပ္ပံ (Marine Science) မေဂျာက ကျောင်းသားတွေပေါ့။

    သူတို့မှာ အဓိက ရည်မှန်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက ကျောင်းမြန်မြန်ပြီးပြီး ဘွဲ့ရဖို့ပါပဲ။

    ကံကောင်းချင်တော့ သူတို့တင်လိုက်တဲ့ Thesis Proposal က အောင်မြင်သွားပါတယ်။ ဒါပေမဲ့ ဝမ်းသာစရာက ခဏပါပဲ ပြဿနာအကြီးကြီးတစ်ခုတက်လာတယ်။

    အဲ့ဒါက သူတို့လုပ်မယ့် သုတေသနအတွက် ကုန်ကျစရိတ်ကမတရားကြီးမားနေတာပါပဲ။

    ဒီလိုနဲ့ လိုနေတဲ့ ပိုက်ဆံရဖို့အရေး သူတို့ ၄ ယောက် မလုပ်ရဲလုပ်ရဲနဲ့ စွန့်စားပြီး ပိုက်ဆံရှာဖို့ ကြံကြရော။

    ပိုက်ဆံရဖို့အရေး ဘေးပေါက်အလုပ်တွေ၊ စွန့်စားရတဲ့ အစီအစဉ်တွေ လုပ်ကြရင်းနဲ့ ဘယ်လိုအလွဲတွေ၊ အရှုပ်တော်ပုံတွေဆက်ဖြစ်လာမလဲ?

    သူတို့ တကယ်ရောဘွဲ့ယူနိုင်ပါ့မလားဆိုတာကို ခွီနေအောင် ကြည့်ရမယ့် Comedy ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

    ဘဝအမောတွေပြေပြီး သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားလေးပါပဲခင်ဗျာ။

  • The City God Forgot

    The City God Forgot

    The City God Forgot (2024)

    Indie ရုပ်ရှင်တွေထဲက ကြည့်သင့်တဲ့ Crime , Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်

    ဇာတ်လမ်းအဓိက theme က Paradise ဆိုတဲ့ မြို့က Underground ရပ်ပါတွေ…

    မူးယစ်လောကနဲ့ ဒုစရိုက်ဂိုဏ်းတွေအကြောင်းကိုရိုက်ပြထားတာပါAction နဲ့ Drama ပေါင်းစပ်ထားတဲ့ခံစားချက်ပြင်းထန်တဲ့ Crime ဇာတ်ကား —The City God Forgot ကြည့်ပြီးရင်“အပြစ်ဆိုတာ ဘယ်သူ့ဆီမှာတကယ်ရှိတာလဲ”မေးခွန်းတစ်ခု ကျန်ခဲ့ပါလိမ့်မယ်။

  • The Raid

    The Raid

    The Raid (2026)

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင်မလေးချန်ဖေးဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့ပါတနာမလေးတစ်ယောက် လူဆိုးလက်မှာ အဖြစ်ဆိုးနဲ့သေသွားပြီးနောက်မှာ တင်းကုန်းဆိုတဲ့ မူးယစ်ရာဇာကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ သစ္စာဆိုခဲ့ပါတယ်။

    သာမန်စီးပွားရေးသမားအယောင်ဆောင် ဉာဏ်များတဲ့မူးယစ်ရာဇာကြီးရဲ့ ပြစ်မှုကျူးလွန်ကြောင်းသက်သေအထောက်အထားရဖို့ရာ အမျိုးမျိုးစွန့်စားပြီး အန္တရာယ်ကြားက ကစားပွဲတစ်ခုပဲဖြစ်ပါတယ်။

    ချန်ဖေးဟာ သူ့ရဲ့ရဲဘော်ရဲဘက်တွေအရင်လို ထပ်မဆုံးရှုံးရအောင် အသက်ပေးသွားတဲ့ရဲဘော်တွေရဲ့စတေးမှုတွေ အလကားမဖြစ်ရအောင် လူမှုပတ်ဝန်းကျင်ကိုဖျက်ဆီးနေတဲ့ မူးယစ်ရာဇာကြီးကို ဘယ်လိုအမိဖမ်းမလဲဆိုတာ ဆက်ပြီးအားပေးကြည့်ရှုလိုက်ကြပါ။