Author: Baby Yit Lone

  • ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းထိုက်သည် မီဒီယာနှင့် လိင်အလုပ်သား (Sex Workers) အမျိုးသမီးများအပေါ် နှိမ်ချရိုင်းစိုင်းသည့် အသုံးအနှုန်းဖြင့် မှတ်ချက်ပေးခဲ့မှုကြောင့် ဝေဖန်မှုများရှိလာသည်။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲပေးမှုနည်းပါးခြင်းနှင့် ပြည်သူများ ချီတုံချတုံဖြစ်နေမှုအပေါ် စွပ်စွဲ ပြောကြားထားသည်ဆိုသည့် MPA သတင်းဌာန၏ သတင်းအောက်တွင် ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက်အကောင့်ဖြင့် ဝင်ရောက်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းက “မင်းတို့မီဒီယာကလည်း သူများကို အပုတ်ချ မဟုတ်တမ်းတရားပြောမှ ထမင်းစားရတာလားကွာ။ -ာသည်မတွေတောင် မင်းတို့လောက် ဗလောင်းဗလဲမပြောတတ်ဘူး” ဟု ရိုင်းစိုင်းစွာ ရေးသားခဲ့ခြင်းဖြစ်သည်။ “အမတ်လောင်းဆိုသူက အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို နှိမ်ချပြီး ဥပမာပေး ဆဲဆိုတာဟာ သူ့ရဲ့ စိတ်ဓာတ်အောက်တန်းကျမှုကို ပြနေတာပါ။ Sex…

  • သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်…

  • စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”

    စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”

    ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်” ဧရာဝတီတိုင်းအတွင်း ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများဘက်မှ တော်လှန်စစ်များကို တိုးချဲ့၍ ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။ တစ်စထက်တစ်စ နယ်မြေများဆုံးရှုံးလာရသော အကြမ်းဖက် စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနှင့် နေအိမ်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများအား‌ ပြောင်ပြောင်တင်းတင်းကျူးလွန်လျက် ရှိသည်ကို ယခင်ကြေညာချက်များတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုမှ နေ့စဥ်ရက်ဆက် ဆိုသလို ဆက်လက်၍ အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများကို ပူးတွဲပါစာရင်းဇယားများ အတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်ရေးအရရှုံးနိမ့်နေသော အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင်ဟန်ပြရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲများအား ပြုလုပ်နေသော်လည်း တစ်ဖက် တွင်သူရဲဘောဆန်စွာ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ နေ့စဥ်နှင့်အမျှ ဆက်တိုက် ပြုလုပ်လာနေသည်ကိုတွေ့ရသည်။ ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ခဲ့ရသော ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ…

  • မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

    မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

    မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဒေသခံတွေကြောက်ရွံ့ထိတ်လန့်ခဲ့တဲ့ ဒီဖြစ်ရပ်က ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့တာပါ။ အသက် ၄၀ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အပြန် အမျိုးသားခြောက်ဦးက တားဆီးရိုက်နှက်ပြီး ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို လမ်းမှာထားခဲ့ပြီး လမ်းသွားလမ်းလာကားတစ်စီးကိုလည်း သေနတ်နဲ့ပစ်တားဆီးခဲ့ပါတယ်။ ပြီးတော့ ကားမောင်းလာတဲ့ ကိုဇော်မိုးအောင်ကို ကားနဲဲ့ဖမ်းခေါ်သွားတာပါ။ ဒီနေ့ ဒီဇင်ဘာ ၃၁ရက်မှာတော့ ကိုဇော်မိုးအောင် သေဆုံးသွားပြီလို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ “ကားပြန်မရဘူး။ ရုပ်အလောင်းပြန်တွေ့တာ။ လုံးဝကို လက်မခံနိုင်စရာပဲ”လို့ ကိုဇော်မိုးအောင်ရဲ့ မိတ်ဆွေတစ်ဦးက…

  • အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု

    ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ် ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။ ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါ ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။ လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်”ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။ အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က…