Author: Baby Yit Lone

  • တရုတ်၏ဖိအားနှင့် အကျိုးစီးပွားပေါ် အခြေခံပြီး မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီလုပ်နေဟု KIA ပြော

    တရုတ်၏ဖိအားနှင့် အကျိုးစီးပွားပေါ် အခြေခံပြီး မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီလုပ်နေဟု KIA ပြော

    နိုင်ငံတဝန်းက ပြည်သူလူထုရဲ့ ကန့်ကွက်မှုနဲ့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ရဲ့ နိုင်ငံရေး ဖိအားနဲ့ အကျိုးစီးပွားတွေ အပေါ် အခြေခံပြီး စစ်ကောင်စီက ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းလာတာလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောပါတယ်။ လူထုရဲ့ ကန့်ကွက်မှုနဲ့ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်ကို ယာယီရပ်ဆိုင်းခဲ့ပြီး ၁၅ နှစ် ကြာပြီးနောက် လက်ရှိ နိုင်ငံ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင်အဖွဲ့တွေက လူထုဆန္ဒကို ဆန့်ကျင်ကာ ပြန်လည်စတင်ဖို့ ကြိုးပမ်းလာတာပါ။ တရုတ်ရဲ့ ဖိအားနဲ့ အကျိုးစီးပွားကို အခြေခံပြီး စစ်ကောင်စီက စီမံကိန်းကို ပြန်စတင်ဖို့ ကြိုးပမ်းနေတာလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက…

  • ရန်ကုန်​တွင် ရွေးကောက်ပွဲနီးချိန် ဆက်တိုက်ဗုံးပေါက်ကွဲနေသဖြင့် မဲရုံတာဝန်ကျသူများ စိုးရိမ်နေ

    ရန်ကုန်​တွင် ရွေးကောက်ပွဲနီးချိန် ဆက်တိုက်ဗုံးပေါက်ကွဲနေသဖြင့် မဲရုံတာဝန်ကျသူများ စိုးရိမ်နေ

    ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ကျင်းပမဲ့ရက် နီးလာချိန် ဗုံးပေါက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် မဲရုံစောင့်ဖို့ စိုးရိမ်နေကြတယ်လို့ တာဝန်ကျ Non CDM နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမက ပြည်သူ့ပါတီရန်ကုန်တိုင်းရုံးအနီးမှာ ဒီဇင်ဘာ ၂၁ ရက်က ဗုံးပေါက်ခဲ့သလို ဒီဇင်ဘာ ၂၂ ရက်ညကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်က နေအိမ်တခုမှာ ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဆက်တိုက် ဗုံးပေါက်ခဲ့တဲ့အတွက် ဒီဇင်ဘာ ၂၈ ရက်လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲရုံစောင့်ရမယ့်အပေါ် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတယ်လို့ လှိုင်မြို့နယ်မှ Non CDM ကျောင်းဆရာမတယောက်က ပြောပါတယ်။ “မသွားလို့လည်းမရဘူး။ ဘယ်အချိန် ဘာထဖြစ်မယ်မသိတော့ စိုးရိမ်တာပေါ့။ အိမ်ကသူတွေလည်း စိတ်ပူနေတယ်။ ဖြစ်နိုင်ရင် မသွားချင်ဘူး။” အဲဒီလို ဗုံးပေါက်တဲ့ ဖြစ်စဥ်တွေကြောင့်…

  • နေပြည်တော် PDF 901 တပ်ရင်း ဗျူဟာ 19 က ရဲဘော်တွေ

    နေပြည်တော် PDF 901 တပ်ရင်း ဗျူဟာ 19 က ရဲဘော်တွေ

    နေပြည်တော် PDF 901 တပ်ရင်း ဗျူဟာ 19 က ရဲဘော်တွေကတော့ နေပြည်တော်ထိ ချီတက်နေပါပြီ။

  • လေဆိပ်အနီး ဒရုန်းပျံသန်းမှု နောက်ဆက်တွဲ ဒရုန်း ၂၅၀၀ ကျော် ထပ်မံ သိမ်းဆည်း

    လေဆိပ်အနီး ဒရုန်းပျံသန်းမှု နောက်ဆက်တွဲ ဒရုန်း ၂၅၀၀ ကျော် ထပ်မံ သိမ်းဆည်း

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် သံသယရှိသော ဒရုန်းပျံသန်းမှုများကို တွေ့ရှိခြင်းကြောင့် လုံခြုံရေး အေဂျင်စီများနှင့် အမျိုးသားထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)တို့ ပူးပေါင်း၍ ထပ်မံရှာဖွေရာ သံသယရှိ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း The Nation သတင်း၌ ယနေ့ ဖော်ပြသည်။ သိမ်းဆည်းရမိသည့် ဒရုန်းများသည် “ယူကရိန်းစစ်ပွဲ” တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သော ဒရုန်းများနှင့် ဆင်တူသည်ဟု ဖော်ပြထားပြီး မြေပြင်မှတဆင့် မှောင်ခိုတင်သွင်းလာသည်ဟု ယုံကြည်ရကြောင်း သတင်းက ဆိုသည်။ ထိုသို့ ပြည်တွင်း၌ မှောင်ခိုတင်သွင်းလာသော ဒရုန်းများသည် လုံခြုံရေးခြိမ်းခြောက်မှုပုံစံအသစ်အဖြစ် ယူဆကြသလို အသေးစိတ်အချက်အလက်များကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အသေးစိတ်အချက်လက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ ဓာတ်ပုံ-The Nation

  • နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    တပ်မ(၉၉)၊ စကခ(၁၇)တို့အထိနာခဲ့တဲ့ နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။ မင်းဘူးမြို့အခြေစိုက်တပ်မ(၈၈) လက်အောက်ခံတပ်ရင်းတွေကို စစ်တပ်နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်နေတာဖြစ်ပါတယ်။ “တပ်မ ၈၈ကိုပါ ပြန်သုံးလာတယ်။ ဒါကြောင့် စကခ(၁၇)နဲ့ တပ်မ(၈၈)ပေါင်းပြီးအင်အား ၁၀၀၀ ကျော်သုံးနေတယ်။ တိုက်ပွဲကတော့ တပ်ဆိုင်ထားပြီးချနေတဲ့အနေအထားဖြစ်တယ်”လို့ ဒေသခံစစ်‌ ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။ ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလမှာ ပြန်ရဖို့ တန်ပြန်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။…