Author: Baby Yit Lone
-

The First Ride
The First Ride (2025) Kang Ha-Neul, Kim Young-Kwang, Cha Eun-Woo, Kang Yeong-Seok နဲ့ Han Sun-Hwa တို့လို နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် ဟာသကားသစ်လေး ထွက်ရှိလာပြီနော်။ 2023 ခုနှစ်တုန်းက အရမ်းပေါက်ခဲ့တဲ့ Love Reset ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာရဲ့ လက်ရာလေးမို့လို့ ရယ်ရမှာတော့ ကျိန်းသေတဲ့အပြင် Friendship ကို အသားပေး ရိုက်ပြပေးထားတာမို့လို့ ကြည့်ရင်း ရင်ထဲ နွေးထွေးကြည်နူးရစေဦးမှာ အမှန်ပါပဲ။ – ဇာတ်လမ်းအကျဉ်း – တစ်နေ့မှာ သုံးနာရီပဲ အိပ်ရလောက်တဲ့အထိ စာမှစာပဲ စိတ်ဝင်စားတဲ့ တစ်ကျောင်းလုံး အဆင့်တစ် ဂျောင်ထယ်ဂျောင်း (Kang Ha-Neul)……
-

ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်
ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းစစ်သားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့အပြီးမှာ အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ “ထိုင်းဘက်က အခုချိန်မှာ လေကြောင်းအင်အားသုံးပြီး နေရာတော်တော်များများက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပါပြီ” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်တပ်ဟာ မနက်အရုဏ်တက်အချိန်မှာ နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးကြောင်း ပြောဆိုထားပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ခရိုင် ၄ ခုက…
-

ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်
ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်တွင် မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကလေးမိသားစုက…
-

သတိကြီးကြီးသာထားနေကြပါ၊ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး
သာကေတ Capital လမ်းမ ပေါ်မှာ လုပ်ရဲတာ နော် ဒီနေ့ မနက် ၁၁ :၀၀ ခန့်က ညီမတယောက် ဖုန်းဆက်တယ် သူ့ အမျိုးသား မူး-ယ-စ်ဆေး နဲ့ ဖမ်းမိလို့ သာကေတ ဝက်စု မှာ လာညှိဘို့ ခေါ်တယ် တဲ့ ဖုန်းက အဖမ်းခံရတဲ့ကောင်လေး ဖုန်းနဲ့ဘဲ ဆက်တာ လာတွေ့မယ်ပြောတော့ သဘော်ကျင်း ကိုလာပါ တဲ့ နောက်တခါ ဖုန်းထပ်ဆက်တော့ သာကေတ Capital နားလာပါတဲ့ Capital နားရောက်တော့ ဘယ်နှစ်ရောက်လာတာလည်း အကျီ ဘာဝတ်ထားလည်း မေးတယ် မေးနေချိန် လူတယောက်က တဖက် ကားလမ်းမ က ကြည့်နေတာ တွေ့ရတယ် အဲ့လိုမေးနေကတည်းက ရဲ မဟုတ်မှန်းသိတယ် ဒါပေမဲ့ ကိုယ့်လူက…
-

ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ်
ဒီဇင်ဘာလ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြား ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ် အသံတိတ်သပိတ် ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို ဖမ်းဆီးချိတ်ပိတ်အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များက ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြားထားကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်မည့် အသံတိတ်သပိတ်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက…