Author: Baby Yit Lone

  • Hybrid Storm

    Hybrid Storm

    Hybrid Storm (2025) စစ်တုရင်လက်ဝှေ့ ဆိုတာ အားကစားနည်းသစ်တစ်ခုဖြစ်ပါတယ်။ အားကစားသမားအနေနဲ့ လက်ဝှေ့ထိုးတာနဲ့ စစ်တုရင်ကစားတာကို တစ်ပြိုင်ထဲယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ဉာဏ်ရည်နဲ့ ကိုယ်ခံပညာကို ပေါင်းစပ်ထားတဲ့ကစားနည်းဖြစ်ပါတယ်။ အမှုလိုက်တယ်ဆိုတာကလဲ စစ်တုရင်လိုပါပဲ အရှေ့ကိုကြိုမြင်ပြီး အကွက်ကျကျလှုပ်ရှားနိုင်ရပါတယ်။ ဒီဇာတ်ကားကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနညွှန်ကြားရေးမှူးနဲ့ ဂိုဏ်းစတားခေါင်းဆောင်ကြီးတို့ရဲ့ကစားပွဲပဲဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးက ပြိုင်ဘက်လူဆိုးကို စစ်တုရင်ပွဲမှာဖိနှိပ်အနိုင်ယူသလိုပဲ တစ်ဖက်မှာလဲ အကောက်ခွန်ဌာနကို လာဘ်ထိုးတာတွေ လက်ဝှေ့ရုံကိုအသုံးချပြီး ဆေးလိပ်မှောင်ခိုရောင်းချတာတွေ လက်ဝှေ့ကစားသမားကိုအသုံးချပြီး ငွေမဲခဝါချတဲ့အမှုကြီးတွေကိုပါ ဖော်ထုတ်ပြသွားမှာပဲဖြစ်ပါတယ်။

  • Tall Girl

    Tall Girl

    Tall Girl (2025) Tall Girl ဆိုတဲ့ အချစ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ငယ်ငယ်ကတည်းက အရပ်ရှည်လွန်းတဲ့အတွက် သူ့ဘဝကို မကျေမနပ်ဖြစ်နေတဲ့ ဘတ်စကတ်ဘောကစားသမားလေး ကောင်းရန်ဟာ အချစ်ကို လိုချင်တောင့်တနေသူ တစ်ယောက်ဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုမှာ ဒီဇိုင်နာ ကျန်းယန်ရဲ့ ဒီဇိုင်းကို ဖျက်ဆီးမိသွားခဲ့တဲ့အတွက် သူ့ရဲ့ဆုံးရှုံးမှုကို ပြန်လည်ပေးဆပ်ဖို့ ကောင်းရန်ဟာ ကျန်းယန်ရဲ့ မော်ဒယ်အဖြစ် ကိုယ်တိုင်ဝင်လုပ်ပေးခဲ့ရပါတယ်။ ကျန်းယန်ဟာလည်း အရည်အချင်းရှိပေမဲ့ အထက်အရာရှိရဲ့အကြိုက် ကပ်မဖားတတ်တဲ့အတွက် အခွင့်အရေးမရ ဖြစ်နေတဲ့ လူငယ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ အချင်းချင်းကူညီဖေးမရင်း အားပေးရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်မီးပွားလေးတွေ ဖြစ်ပေါ်လာခဲ့ပြီး ပြဿနာတွေကို အတူတကွဖြေရှင်းရင်း ပေါ့ပါးပြီး ဟာသဆန်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ နေ့တစ်နေ့မှာ ပေါ့ပေါ့ပါးပါး အချစ်ဟာသရုပ်ရှင်လေး ကြည့်ပြီး အပန်းဖြေဖို့ ရွေးချယ်သင့်တဲ့…

  • Train Dreams

    Train Dreams

    Train Dreams (2025) Train Dreams ဟာ Denis Johnson ရဲ့ နာမည်ကြီး ဝတ္ထုတိုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ Robert Grainier (Joel Edgerton) ဆိုတဲ့ သစ်ထုတ်လုပ်သူနဲ့ မီးရထားလမ်း တည်ဆောက်သူတစ်ယောက်ရဲ့ ဘဝအကြောင်းပါ။ ၂၀ ရာစု အမေရိကန်ပြည်ထောင်စုရဲ့ ကျေးလက်ဒေသမှာ သူ့ဘဝရဲ့ ပျော်ရွှင်မှု၊ အချစ်ရေးနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ လူသဘာဝနဲ့ သဘာဝပတ်ဝန်းကျင်ဆက်စပ်မှု၊ အတိတ်နဲ့ပစ္စုပ္ပန်၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတဲ့ ဆန့်ကျင်ဘက်စိတ်ခံစားချက်တွေကို လှပစွာ ဖော်ပြသွားတဲ့ ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Clint Bentley က ဇာတ်ကားကို သဘာဝအလင်းရောင်တွေနဲ့ အဓိက ရိုက်ကူးထားပြီး…

  • My First of May

    My First of May

    My First of May (2025) ဒီဇာတ်လမ်းကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ မိသားစုဒရာမာပဲလို့ ပြောရမှာပေါ့သွမ့်ရှူယန် ဆိုတဲ့ လူတစ်ယောက် သူဟာ တစ်ချိန်က ဟောင်ကောင် ချန်ပီယံ သုံးကြိမ်တောင် ရဖူးတဲ့သူ … ဒါပေမဲ့ အခုတော့ ခြေထောက်မသန်တော့တဲ့အတွက် အားကစားနည်းပြ အလုပ်လုပ်ရင်း၊ တစ်ခါတစ်လေ လက်မှတ်မှောင်ခိုလုပ်တယ်လို့တောင် အပြောခံရတဲ့ဘဝနဲ့ ရုန်းကန်နေရတယ်။ သူ့ဘဝရဲ့ အဓိက စိန်ခေါ်မှုကတော့… သူ့သမီးလေး အားစီ ပါ…သမီးလေးက မသန်စွမ်းဘီးတပ်ကုလားထိုင်နဲ့ အသက်ရှူစက်ကို အသုံးပြုနေရပြီး ရောဂါကလည်း ဆိုးရွားလာတယ် ဒါကြောင့် သွမ့်ရှူယန်ဟာ အိမ်ငှားခသက်သာတဲ့ အခန်းကျဉ်းလေးမှာ ခိုအောင်းနေရင်း ၊ သူ့သမီးနဲ့ အမေ့ကို ပိုက်ဆံပို့ပေးနေရတယ်…ဒါ့အပြင်… သူ့အမေနဲ့လည်း အဆင်မပြေဘူး။ အမေက အစိုးရအိမ်ရာ လေးယောက်စာ အခန်းကို လက်ဝါးကြီးအုပ်ထားတာမို့ စစ်ဆေးရေး…

  • Derelict

    Derelict

    Derelict (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ဗြိတိန်နိုင်ငံက ဘတ်ဂျက်အနည်း ဆုံးနဲ့ ရိုက်ကူးထားပေမဲ့ အနုပညာတန်ဖိုးမြင့်မားတဲ့ ဒရာမာကား Derelict ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် Derelict ရုပ်ရှင်ဟာ ပုံမှန် အစ၊ အလယ်၊ အဆုံး ဖွဲ့စည်းပုံအတိုင်း မဟုတ်ဘဲ၊ အချိန်ကာလကို နောက်ပြန်လှည့်ပြီး ဇာတ်လမ်းကို ပိုင်းခြား တင်ဆက်ထားတဲ့ (Non-linear Narrative) ပုံစံမျိုးကို အသုံးပြုထားပါတယ်။ ဒီဇာတ်ကားဟာ အဓိက ဇာတ်ကောင်နှစ်ဦးရဲ့ ဘဝကို အပြိုင်ပြသပြီး၊ သူတို့ရဲ့ ကံကြမ္မာ ဘယ်လို ရောယှက်သွားတယ်ဆိုတာကို ဖော်ပြပါတယ်။ အက်ဘီဂေးဟာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အတွက် ပြင်းပြတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ လက်စားချေလိုစိတ် တွေ လွှမ်းမိုးနေတဲ့ လူငယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဖခင်ကို သတ်ခဲ့တဲ့…