My First of May

My First of May (2025)

ဒီဇာတ်လမ်းကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ မိသားစုဒရာမာပဲလို့ ပြောရမှာပေါ့သွမ့်ရှူယန် ဆိုတဲ့ လူတစ်ယောက် သူဟာ တစ်ချိန်က ဟောင်ကောင် ချန်ပီယံ သုံးကြိမ်တောင် ရဖူးတဲ့သူ …

ဒါပေမဲ့ အခုတော့ ခြေထောက်မသန်တော့တဲ့အတွက် အားကစားနည်းပြ အလုပ်လုပ်ရင်း၊ တစ်ခါတစ်လေ လက်မှတ်မှောင်ခိုလုပ်တယ်လို့တောင် အပြောခံရတဲ့ဘဝနဲ့ ရုန်းကန်နေရတယ်။

သူ့ဘဝရဲ့ အဓိက စိန်ခေါ်မှုကတော့… သူ့သမီးလေး အားစီ ပါ…သမီးလေးက မသန်စွမ်းဘီးတပ်ကုလားထိုင်နဲ့ အသက်ရှူစက်ကို အသုံးပြုနေရပြီး ရောဂါကလည်း ဆိုးရွားလာတယ်

ဒါကြောင့် သွမ့်ရှူယန်ဟာ အိမ်ငှားခသက်သာတဲ့ အခန်းကျဉ်းလေးမှာ ခိုအောင်းနေရင်း ၊ သူ့သမီးနဲ့ အမေ့ကို ပိုက်ဆံပို့ပေးနေရတယ်…ဒါ့အပြင်… သူ့အမေနဲ့လည်း အဆင်မပြေဘူး။

အမေက အစိုးရအိမ်ရာ လေးယောက်စာ အခန်းကို လက်ဝါးကြီးအုပ်ထားတာမို့ စစ်ဆေးရေး လာမှာကြောက်ပြီး သားဖြစ်သူ သွမ့်ရှူယန်ကို မကြာခဏ အိမ်ပြန်လာနေခိုင်းတယ်..

သမီးလေး အားစီ ရုတ်တရက် အရေးပေါ်အခြေအနေ ဖြစ်ပြီး၊ သူ့ခန္ဓာကိုယ် ချို့ယွင်းမှုတွေက ပိုမိုမကြာခဏ ဖြစ်လာတယ်လို့ ဆရာဝန်က သတိပေးလိုက်ချိန်ပဲ အားစီက အမေဖြစ်သူကို တွေ့ချင်တယ်၊ သူ့မှာ အချိန်သိပ်မကျန်တော့ဘူး ဆိုတဲ့ အသိက ရှူယန်ကို ပိုပြီး တာဝန်ယူစိတ် ရှိလာစေတယ်..

ဒီဇာတ်ကားဟာ ဖခင်တစ်ဦးရဲ့ မေတ္တာ၊ အမေတစ်ဦးရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို လှပစွာ ပုံဖော်ထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်…

အားစီလေးရော ဇာတ်သိမ်းလှပါ့မလားဆိုတာတော့ ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့..


Comments

Leave a Reply

Your email address will not be published. Required fields are marked *