Hybrid Storm (2025)

စစ်တုရင်လက်ဝှေ့ ဆိုတာ အားကစားနည်းသစ်တစ်ခုဖြစ်ပါတယ်။
အားကစားသမားအနေနဲ့ လက်ဝှေ့ထိုးတာနဲ့ စစ်တုရင်ကစားတာကို တစ်ပြိုင်ထဲယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ဉာဏ်ရည်နဲ့ ကိုယ်ခံပညာကို ပေါင်းစပ်ထားတဲ့ကစားနည်းဖြစ်ပါတယ်။
အမှုလိုက်တယ်ဆိုတာကလဲ စစ်တုရင်လိုပါပဲ အရှေ့ကိုကြိုမြင်ပြီး အကွက်ကျကျလှုပ်ရှားနိုင်ရပါတယ်။
ဒီဇာတ်ကားကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနညွှန်ကြားရေးမှူးနဲ့ ဂိုဏ်းစတားခေါင်းဆောင်ကြီးတို့ရဲ့ကစားပွဲပဲဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးက ပြိုင်ဘက်လူဆိုးကို စစ်တုရင်ပွဲမှာဖိနှိပ်အနိုင်ယူသလိုပဲ တစ်ဖက်မှာလဲ အကောက်ခွန်ဌာနကို လာဘ်ထိုးတာတွေ လက်ဝှေ့ရုံကိုအသုံးချပြီး ဆေးလိပ်မှောင်ခိုရောင်းချတာတွေ လက်ဝှေ့ကစားသမားကိုအသုံးချပြီး ငွေမဲခဝါချတဲ့အမှုကြီးတွေကိုပါ ဖော်ထုတ်ပြသွားမှာပဲဖြစ်ပါတယ်။



Leave a Reply