Author: Baby Yit Lone

  • တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင်  လာရောက်

    တပေါင်းလပြည့်‌နေ့ မန္တလေးပေါ်တော်မူဘုရားငါးဆူ အနောက်ဘက် မြစ်ဆိပ်တွင် စပါးအုံးမြွေကြီးလေးကောင် လာရောက်

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ပေါ်တော်မူဘုရားငါးဆူ၏ အနောက်ဘက် မြစ်ဆိပ်အနီးတွင် ယ‌နေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းက စပါးအုံးမြွေကြီး(၄)ကောင်ကို တွေ့ရှိရ‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။ အဆိုပါ မြွေကြီးများကို တွေ့ရှိရသူများ၏ ဆက်သွယ်အကူအညီတောင်းလာသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။ ပေါ်တော်မူဘုရားငါးဆူသည် ၂၀၀၈ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သည့် စကျင်ကျောက်အမျိုးအစား ပေါ်တော်မူဘုရားဆင်းတုတော်များဖြစ်ပြီး မြစ်ကမ်းဘေး၌ ဂန္ဓကုဋိတိုက်ဖြင့် ပူဇော်ထားရှိခဲ့ခြင်းဖြစ်သည်။ ယခု စပါးအုံးမြွေကြီးများသည် ဘုရားဖူးလာမြွေကြီးများဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်ပြောဆိုနေကြသည်။

  • လွတ်ငြိမ်းသက်သာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

    လွတ်ငြိမ်းသက်သာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

    အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား အကြမ်းဖက်စစ်တပ်က ယနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်များကို ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်မှုများတွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ မပါဝင်ဘဲ ရည်ရွယ်ချက်ရှိရှိ ချန်ထားရစ်ကြောင်း သိရှိရသည်။ ယနေ့ အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၅ ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်များအနက်မှ အမိန့်အမှတ် ၅/၂၀၂၆ မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြစ် ကြောင်း၊ ယင်းပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်မှာ အမှုအမျိုးမျိုးဖြင့် ကျခံနေရသော ပြစ်ဒဏ်များအနက်မှ ၆ ပုံ ၁ ပုံ သက်သာခွင့်ပြုခြင်းဖြစ်ကြောင်း၊ သို့ရာတွင်…

  • ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊  True Green City စက်ရုံတွင်  တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို  ရိုက်နှက်

    ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ True Green City စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို ရိုက်နှက်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ကော်စေ့ စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်အလုပ်သမားက စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ရိုက်နှက်ခဲ့မှုအပေါ် တရားဥပဒေနှင့်အညီ အရေးယူရေး လုပ်ဆောင်နေကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တရုတ်နိုင်ငံသား ကျွမ်းကျင် နည်းပညာ Technician ဝန်ထမ်း က မြန်မာအလုပ်သမားကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကို တရုတ်အလုပ်သမားက မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရိုက်နှက်ခံရ၍ လှည့်ကြည့်ရာတွင် တရုတ်နိုင်ငံသားက ထပ်မံဆောင့်တွန်းခဲ့ကြောင်း သိရှိရသည်။ “အခုအခြေအနေက တရားရုံးရောက်နေပါပြီ။ STUM က Legal Aid ပိုင်း…

  • အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အမေရိကန်-အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှင့်ရွှေစျေး ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေ

    အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့ တနင်္လာနေ့ (မတ်လ ၂ ရက်) ဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပြီး စတော့ဈေးကွက်တွေလည်း အထိနာခဲ့ပါတယ်။ ရေနံစိမ်း ဈေးနှုန်းဟာ ၆ ဒသမ ၄ ရာခိုင်နှုန်းလောက်အထိ မြင့်တက်ခဲ့ပြီး တစ်စည်ကို ၇၇ ဒသမ ၅၇ ဒေါ်လာ ဖြစ်သွားပါတယ်။ ဈေးကွက်အဖွင့်မှာဆိုရင် ခေတ္တခဏအတွင်း ၈၂ ဒေါ်လာအထိတောင် ရောက် သွားခဲ့ပါသေးတယ်။ အမေရိကန်ရေနံစိမ်း ဈေးနှုန်းကလည်း ၆ ဒသမ ၂ ရာခိုင်နှုန်းတက်ပြီး တစ်စည်ကို ၇၁ ဒသမ ၁၇ ဒေါ်လာ ဖြစ်လာပါတယ်။ နိုင်ငံတကာမှာ စစ်ရေးတင်းမာမှုတွေကြောင့် လူတွေက စိတ်ချရတဲ့ ရွှေကိုပဲ ဝယ်စုလာကြလို့ ရွှေဈေးဟာလည်း ၁ ဒသမ ၆…

  • ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး

    ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး

    စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်စဉ် NUG ယာယီ သမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးမှာ ၅ နှစ်တာကာလအတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ တော်လှန်ရေး ဘက်တော် သားများအတွက် အကန့် အသတ်များ တဖြည်းဖြည်း ကြီးမားလာနေကြောင်း၊ ထို့ကြောင့် လူထုကို ဝန်ပိစေသည့် ကိစ္စရပ်များကို သတိထားရမည်ဖြစ် ကြောင်း၊ ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိထားရမည်ဖြစ်ကြောင်း သူက သတိ ပေးပြောဆိုသည်။ “လက်ရှိ အချိန်မှာ နွေဦးတော်လှန်ရေးဟာ ၅…