Author: Baby Yit Lone

  • လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    နိုင်ငံတော်ယာယီသမ္မတက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြတဲ့ လူပုဂ္ဂိုလ် ၃၀၃ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ၂ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။ အဲဒီလိုချီးမြှင့်ရာမှာ သရေစည်သူဘွဲ့ကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ Jeng Phangနော်တောင်၊ ဦးမျိုးသန့်တို့ကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။ စည်သူဘွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ကို ချီးမြှင့်လိုက်တာပါ။ သီရိပျံချီဘွဲ့ကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၇ဦးနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်…

  • မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားအား ယနေ့တွင် မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ကျူးလွန်သူအမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “သေဒဏ်ချလိုက်ပါတယ်။ ၃၀၂(၁) နဲ့ပါ။ ခုနကပဲ အမိန့်ချပါတယ်” ဟု မှော်ဘီတရားရုံးနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက အတည်ပြုပြောကြားသည်။ ဇန်နဝါရီ ၂၄ ရက်တွင် မှော်ဘီမြို့နယ်၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ ခေါင်းပြတ်ကို ကိုင်ကာ လျှောက်သွားနေခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ အဆိုပါအမျိုးသားသည် ဇနီးဖြစ်သူနှင့် နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးအား သတ်ဖြတ်ကာ ခေါင်းဖြတ်၍ အထက်ပါအတိုင်း လမ်းပေါ်လျှောက်သွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက်တွင် အဆိုပါ…

  • ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက်…

  • “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ် တကယ်တန်း စစ်ဖြစ်လာတဲ့အခါမှာ ရုရှား နဲ့ တရုတ်နိုင်ငံတွေက ရှောင်ထွက်သွားတာ သူလက်တွေ့မြင်လိုက်ရတာလဲပါတာပေါ့ တရုတ်စစ်သင်္ဘောကြီးတွေ အီရန်ပင်လယ်ပြင်ဖက်ကို မောင်းနှင်အားဖြည့်တော့မှာလား… တရုတ်တိုက်လေယာဉ်တွေ အီရန်နိုင်ငံပေါ်မှာ ရောက်လာတော့မလား ဆိုတာကို ရင်တဖိုဖို နဲ့ စောင့်ကြည့်နေမိတာပါတဲ့ ရှီကျင့်ဖျင် က ထပ်ပြောတယ်… “ကူညီမယ် ဆိုပေမယ့်လဲ စစ်ရေးအကူအညီ မဟုတ်ပါဘူး” တဲ့ “နည်းပညာအကူအညီလဲ မဟုတ်ဘူး” တဲ့ “ထောက်လှမ်းရေးသတင်းပေးတာမျိုးလဲ မလုပ်ပါဘူး” တဲ့ “ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကို တိုက်တွန်းပေးမှာပါ” တဲ့ သတင်းဖတ်ရင်း..မျက်ဖြူလန်ပြီး အကြောတက်သွားတဲ့ မအလ ကို ကြူကြူခေါ ထမိန်နဲ့အုပ်ပြီး နှာနှပ်ပေးလိုက်ရတယ်ဆိုလားဘဲ Melvin Moe

  • စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု

    စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု

    ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ” ဂဏန်းပတ်၊ “မ” ဂဏန်းပတ် ခွဲပြီး တစ်ရက်ခြားစီပဲ မောင်းခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ စဉ်းစားသာကြည့်ကြပါတော့… အရှေ့အလယ်ပိုင်းမှာ ဗုံးကွဲတာနဲ့ ကျွန်တော်တို့ဆီက ဆီဆိုင်တွေမှာ ဆီကုန်သွားရောတဲ့။ အိမ်နီးချင်း ထိုင်းတို့၊ အိန္ဒိယတို့မှာကျတော့ ဘယ်သူမှ ဆီဆိုင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး အိပ်မနေရပါဘူး။ တကယ့် ပြဿနာက ကမ္ဘာ့ဆီဈေးကြောင့် မဟုတ်ဘဲ နိုင်ငံတကာက အပေါင်းအသင်းမလုပ်တော့လို့၊ ရင်းနှီးမြှုပ်နှံသူတွေ ပြေးကုန်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ဒေါ်လာ (USD) ပြတ်နေတာပါ။ “ပိုက်ဆံမရှိလို့ ဆီမဝယ်နိုင်ပါဘူး” လို့ ရိုးရိုးသားသား…