Author: Baby Yit Lone
-

နတ်ရေကန်ဗျူဟာမှာ စစ်ကော်မရှင် အကျအဆုံးများပြီး လေယာဉ် ငါးစီးနဲ့ အပြင်းအထန် ခုခံနေရ
နတ်ရေကန် ဗျူဟာမှာ အကျအဆုံးများတဲ့ အတွက် ၊ ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက လေယာဉ်ငါးစီး၊ ဗုံးအလုံးရေ ၂၀ ကျော် နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေဘက်က နတ်ရေကန်တောင်ကို ဝိုင်းဝန်းထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်ဘက်က အလုံးအရင်းနဲ့ အထိနာနေတဲ့ အတွက် လေကြောင်းက လာရောက်ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။ “သူ့တို့ဘက်က အလုံးအရင်းကျတယ်လေ၊ ဗျူဟာကုန်းပတ်ပတ်လည်ကို လေယာဉ် ၅ စီးနဲ့ လာကြဲတယ်၊ ပထမ ဂျက်သုံးစီး ၊ ဝဲလိုက်ကြဲလိုက် လုပ်ပြီး နောက်ထပ် Y12 တစ်စီးနဲ့ ဂျက် တစ်စီး လာကြဲတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ လေကြောင်းက…
-

အင်္ဂပူတွင် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းကြမ်းသည့် ပျူခေါင်းဆောင် ခွေးတောက်ရွက် တက်ခူးရင်း သစ်ပင်ပေါ်ကပြုတ်ကျ၍ ဇက်ကျိုးသေဆုံး
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခံနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး မတ်လ ၂ ရက်နေ့က သစ်ပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် ဖြစ်ပြီး ၎င်းသည် သစ်ပင်ပေါ်သို့ ခွေးတောက်ရွက်တက်ခူးစဉ် ပြုတ်ကျ၍ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။ “ခွေးတောက်နွယ်က အပင်ကြီးပေါ်တက်နေတာ။ အဲဒါ ခူးရင်းနဲ့ အပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေတာ။ သူက ထန်းရည်သောက်ပြီး ပြန်လာတာမို့ မူးနေပုံရတယ်” ဟု ကုန်းတောင်နီ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ဦးသိန်းဇော်သည် မသေဆုံးမီအချိန်အထိ သဲဖြူကျေးရွာရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအသစ် ဦးမြင့်ဦး၏ နေအိမ်တွင်ပြုလုပ်မည့် အစည်းအဝေးသို့တက်ရောက်ရန်…
-

စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို
၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်ကမှ မြန်မာနိုင်ငံရဲချုပ်ဖြစ်လာသူ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုးကို စစ်ကော်မရှင်က တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးကနေ ဒုရဲချုပ်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးတော့မှ ရဲချုပ်ဖြစ်လာခဲ့တာလို့ သိရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တာကြောင့် တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းထားတာလို့ သိရပါတယ်။ “ဝင်းဇော်မိုးက အဂတိကိစ္စ လာဒ်စားတာ အရမ်းဆိုးတယ်၊ အရင်က ဒုတိုင်းမှူးတုန်းက စစ်ဆင်ရေးတခုမှာ Double Cub/4 Wheel ကားတွေကို ပြည်သူတွေဆီက သိမ်းပြီး တခြားတိုင်းမှူးတွေကို တယောက်တစီးပေးတာ၊ အဲ့ကိစ္စကို တိုင်းမှူးသိတော့ ကွိင်တွေတက်တာ ရှိခဲ့ဖူးတယ်၊ ရဲချုပ်တိုင်း ခုလိုလုပ်စားနေကြတာပါ” လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။ လတ်တလောမှာ စစ်ကော်မရှင်ဘက်က ရဲချုပ်ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ ပတ်သတ်ပြီး…
-

စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်
အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ”…
-

ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများနေ
ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိသေးဘူးလို့ဆို ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။ အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။ ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ…