Author: Baby Yit Lone
-

စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး
ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရရှိ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်နှင့် PNO အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း…
-

အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်
စစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်တွေ စုဆောင်းရာမှာ အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်နေပြီဖြစ်ကြောင်း Myanmar Defense & Security Institute – MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ MDSI ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တပ်တွင်းသတင်းရင်းမြစ်တယောက်ရဲ့ အတည်ပြု ပြောဆိုချက်ကို ဖော်ပြထားပြီး စစ်တပ်က ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ ဖွင့်လှစ်နေတာလို့ ဖော်ပြပါတယ်။ အမျိုးသမီး စစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိအောင် တင်းတင်းကျပ်ကျပ် ထားရှိလုပ်ဆောင်နေတာလို့လည်း ထုတ်ပြန်ထားပါတယ်။ ရကသ-၄ က အမျိုးသမီးတပ်ကြပ်ကြီး/အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံ တပ်သားသစ်သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။…
-

ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့
ရန်ကုန်တွင် ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်တွင် ရောင်းစားခဲ့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၄ရပ်ကွက်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို ငွေကျပ် ၁၅သိန်းနဲ့စစ်တပ်မှာ သွားရောင်းစားခဲ့တယ်လို့ ဆွေမျိုးတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖခင်ဖြစ်သူက တညင်းကုန်းစုဆောင်းရေးတပ်ကို သွားရောင်းစားခဲ့တာဖြစ်ပြီး ရောင်းစားခံရတဲ့ ကလေးငယ်ဟာ အသက် ၂၃ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။ ” သူ့အဖေက စစ်တပ်မှာ ၁၅ သိန်းနဲ့ သွားရောင်းစားလိုက်ဝာာ။ ကိုယ်တွေက အဒေါ်တော်တယ်ဆိုပေမယ့် ဘာမှပြောလို့မရဘူး။ ကောင်လေးက လိမ္မာတယ်။ သူ့အမေဆုံးတော့ ကလေးက အားငယ်သွားတာ။ အဖေနဲ့လည်းမတည့်တော့ဘူး။ နောက်အိမ်ထောင်ပါ ထပ်ပြုလိုက်တော့ ပိုဆိုးသွားတာ။ အဲဒါကို ကလေးက ဆိုးလို့ဆိုပြီး စစ်တပ်မှာ သွားရောင်းတယ်။ သူကပိုက်ဆံယူပြီး သောက်စားပျော်ပါးနေလေရဲ့” လို့ အဒေါ်ဖြစ်သူ မအေးသန်းကပြောပါတယ်။…
-

မိသားစုများ သဘောမတူ၍ မင်းပြားက LGBT စုံတွဲ တံတားပေါ်ကခုန်ချ အဆုံးစီရင်
ရခိုင်ပြည်၊ မင်းပြားမြို့တွင် မိသားစုအသိုင်းအဝိုင်းမှ သဘောမတူ၍ အမျိုးသမီးချင်း ချစ်ခင်နှစ်သက်နေကြသည့် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) စုံတွဲတစ်စွဲ တံတားပေါ်က ခုန်ချ အဆုံးစီရင်သွားကြောင်း သိရသည်။ ဩဂုတ် ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မင်းပြားမြို့မှ မြေပုံမြို့သို့အထွက်ရှိ ကြပ်စင်တံတားပေါ်မှ မြစ်ထဲသို့ ခုန်ကျ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LGBT စုံတွဲမှာ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ အဖ ဦးကျော်ဦးသာ၏ သမီး မယီယီသန်းနှင့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ အဖ ဦးငမဲလုံး၏ သမီး မခင်မိုးသန်း (Tom Boy) တို့ဖြစ်ကြသည်။ မယီယီသန်းမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး မခင်မိုးသန်း (Tom Boy) မှာ အသက် ၂၂ နှစ်အရွယ်ဖြစ်ကြောင်းနှင့်…
-

စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ
ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား