Author: Baby Yit Lone
-

အီရန်ခေါင်းဆောင်ရှိတဲ့နေရာကို သိပြီး လုပ်ကြံဖို့ လနဲ့ချီပြင်ဆင်ခဲ့တဲ့အမေရိကန်-အစ္စရေး စစ်ဆင်ရေး
အီရန်နိုင်ငံ့ဦးသျှောင် သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာ အများထင်ခဲ့သလို ညအချိန်မှာ မဟုတ်ဘဲ နေ့အချိန် မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအလိုမှာ ရခဲ့တဲ့ အရေးကြီးထောက်လှမ်းရေးအချက်အလက်တွေကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါ။ အီရန်က အရေးကြီး ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းအချိန်အခါကို လပေါင်းများစွာ သူတို့ စောင့်ကြည့်နေခဲ့ကြပြီး အီရန့်ဦးသျှောင်ခေါင်းဆောင် အလီ ခါမေနီ တစ်ယောက် စနေနေ့ နံနက်ခင်းမှာ တီဟီရန်မြို့လယ်က ခြံဝင်းထဲ ရှိနေလိမ့်မယ်ဆိုတာကို သူတို့ သိခဲ့ကြပါတယ်။ တချိန်တည်းမှာ တခြားစစ်ဘက်နဲ့ ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေ တွေ့ဆုံနေတဲ့နေရာကိုလည်း သူတို့က အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ခေါင်းဆောင်ရဲ့အသွားအလာကို စောင့်ကြည့်နေခဲ့ကြတာ လနဲ့ချီကြာပါပြီ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး သူတို့ ထောက်လှမ်းခဲ့လဲဆိုတာ အမေရိကန် ဘက်က လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ…
-

“အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse)
ကမ္ဘာ့အရိပ်အတွင်းသို့ လ တိုက်ရိုက်ဖြတ်သန်းသွားပြီး “အလုံးစုံလကြတ်ခြင်း” (Total Lunar Eclipse) ဖြစ်စဉ်ကိုအရှေ့တောင်အာရှနိုင်ငံများတွင် ယနေ့ (မတ်လ ၃ ရက်) ညတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ ယခုဖြစ်စဉ်သည် “သွေးရောင်လ” (Blood Moon) ကို ၂၀၂၉ ခုနှစ်မတိုင်မီအထိ နောက်ဆုံး မြင်တွေ့ရမည့် မြင်ကွင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ညနေ ၆ နာရီနှောင်းပိုင်းမှစ၍ မြင်တွေ့နိုင်မည်ဖြစ်ပြီး မိုးတိမ်ကင်းစင်ပါက ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲ ဝန်းကျင်သည် ကြည့်ရှုရန် အကောင်းဆုံးအချိန်ဖြစ်မည်။ အမေရိကန်တွင်လည်း ဒေသစံတော်ချိန် မတ်လ ၃ ရက် နံနက်ပိုင်းတွင် သွေးရောင်ကဲ့သို့ နီမြန်းသွားမည့် အလုံးစုံလကြတ်ခြင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုဖြစ်စဉ်ကို ဗဟိုအမေရိက၊ မြောက်အမေရိက၊ အလယ်အမေရိကနှင့် တောင်အမေရိက အနောက်ပိုင်းတို့မှ…
-

မြန်မာ့အကျပ်အတည်းတွင် နောက်ကွယ်မှ ပံ့ပိုးနေသော အီရန်ကို အမေရိကန်နှင့် အစ္စရေး၏အရေးယူမှုကြောင့် မြန်မာ့အရေး အပြောင်းအလဲဖြစ်နိုင်ဟု သြစတြေးလျ အထက်လွှတ်တော်အမတ်ပြော
မြန်မာနိုင်ငံ၏ အကျပ်အတည်းများတွင် နောက်ကွယ်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည့် အီရန်အစိုးရအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ပြတ်သားသော အရေးယူဆောင်ရွက်မှုများသည် မြန်မာ့အရေး၏ လမ်းကြောင်းကို အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း အနောက်သြစတြေးလျပြည်နယ် (Western Australia) အထက်လွှတ်တော်အမတ် ဒင်းစမစ် (Dean Smith) က ပြောကြားလိုက်သည်။ ဩစတြေးလျအထက်အမတ် ဒင်းစမစ်က အီရန်အရေးနှင့်ပတ်သက်၍ မတ်လ ၁ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အီရန်နိုင်ငံက ဒေသတွင်းနှင့် ဒေသပြင်ပတို့တွင် အလွန်အမင်း မတည်မငြိမ်ဖြစ်စေသော အင်အားစုတစ်ခုဖြစ်ကြောင်း၊ အီရန်အပေါ် အရေးယူမှုကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာထားသည်။ “အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည် အီရန်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်အရေးယူ ဆောင်ရွက်ခဲ့ကြပြီး၊ ယင်းဆောင်ရွက်မှုများကြောင့် အီရန်တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာကာ ဒေသတွင်း ပိုမိုတည်ငြိမ်လာလိမ့်မည်ဟု ကျွန်ုပ် ဆုတောင်းပါသည်။…
-

ဒီးမော့ဆို အနောက်ခြမ်းရှိ KTV အတွင်း အမျိုးသမီး လုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွား
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV တစ်ခုတွင် အမျိုးသမီးလုရာမှ ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KTV ဆိုင်တစ်ခုတွင် အမျိုသမီးရွေးရာမှ အမျိုးသားနှစ်ဦး အကြိုက်တူခဲ့ပြီး၊ ကျူးလွန်သူမှ အမျိုးသမီးပြောင်းပေးရန် ဆိုင်မန်နေဂျာအား ပြောဆိုရာကတစ်ဆင့် အချင်းများခဲ့ပြီး ၄၀ မမ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ပစ်တာက ရဲဘော်ပါ။ KTV လာတဲ့ နှစ်ဖွဲ့ဖြစ်တာလား၊ ဆိုင်ရှင်နဲ့ဖြစ်တာလားတော့ သေချာမသိဘူး။ ဘယ်အဖွဲ့ကလဲဆိုတာလည်း မသိဘူး။ စော်လုရာကနေ ပြဿနာတက်တာပါ။ KTV ထဲပစ်တယ်ဆိုပေမဲ့ ခြောက်ပြီးပစ်တဲ့သဘောပါ။ ၇၉ သေနတ်နဲ့ ပစ်သွားတာက အိမ်သာတွင်းနားကို တစ်လုံး၊ တောထဲကို နှစ်လုံး…
-

ရခိုင်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားထားသော ရခိုင်အဆိုတော် တနင်္ဂနွီ အဖွဲ့ကို ဝေဖန်မှုများ မြင့်တက်နေ
အဆိုတော် တနင်္ဂနွီ အဖွဲ့ကို အရေးယူပေးရန် ရခိုင်အမျိုးသမီးများတောင်းဆို ရခိုင်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသော ရခိုင်အဆိုတော် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ရခိုင်အမျိုးသမီးများနှင့် ရခိုင်ပြည်သူများကြားတွင် ဝေဖန်မှု မြင့်တက်နေကာ ကန့်ကွက်ရှုတ်ချထားကြသည်။ ရခိုင်လူငယ် Ko Thet (ကိုသက်) ဆိုသော အကောင့်ပိုင်ရှင်က လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားသည့် တနင်္ဂနွီအဖွဲ့ ရုပ်သံဖိုင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖေ့စ်ဘုတ်စာမျက်နှာတွင် ပို့စ်တင်ထားသည်။ ရုပ်သံဖိုင်တွင် ရခိုင်အဆိုတော် တနင်္ဂနွီနှင့် နောက်ထပ် လူငယ် ၃ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပြီး ၎င်းတို့အားလုံးက အရက်သောက်စား မူးယစ်ကာ ရခိုင်အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုထားကြသည်။ ၎င်းတို့…