Author: Baby Yit Lone
-

စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ
ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား
-

စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မြို့အချို့ကို ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ
အာဏာသိမ်းမှု ၄ နှစ်ကျော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ပေါင်း ၁၀၃ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီထဲက ၈ မြို့ကို ပြန်လက်လွှတ်ထားရပါတယ်။ တရုတ်ဖိအားကြောင့် လားရှိုးကို စစ်တပ်ဆီ ပြန်လွှဲပေးအပြီး အခုနောက်ဆုံး မိုးဗြဲ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တွေကို ထိုးစစ်ဆင်တာကြောင့် ဇူလိုင်လထဲမှာ ထပ်ပြီး လက်လွှတ်ခဲ့ရပြန်ပါတယ်။ အဲဒီမြို့တွေကို ပြန်သိမ်းပြီးနောက်မှာ စစ်တပ်က မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်ရေးအရ ခြိမ်းခြောက်နေသလို ကချင်ပြည်နယ်ထဲက ဗန်းမော်၊ ဖားကန့်နဲ့ စစ်ကိုင်းတိုင်းထဲက ၁၀ မြို့နယ်ကို ဇူလိုင်လကုန်လောက်ကတည်းက ထိုးစစ်တွေ ပြုလုပ်လာပါတယ်။ ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ မြို့အနည်းအကျဉ်းကို တော်လှန်ရေးတပ်တွေလက်ထဲက ပြန်သိမ်းနိုင်ရုံနဲ့ စစ်တပ်က အနိုင်ရသွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ဆိုပါတယ်။ International Crisis Group…
-

ရှမ်းမြောက်တွင် တရုတ်ပစ္စည်းများ စစ်ကောင်စီ ဖမ်းဆီးနေ
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက မူဆယ်နှင့်လားရှိုးမြို့ကနေ ပိတ်ဆို့ဖမ်းဆီးပြီး လားရှိုးမြို့ရှိ ပုဂ္ဂလိကကုန်လှောင်ရုံများကိုလည်း စစ်ဆေးပိတ်သိမ်းခိုင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ “တရုတ်ကနေ ဝင်တာမှန်သမျှကို ဖမ်းနေတာ။ သိန္နီဘဘက်ကအဝင်ကားတွေရော၊ လားရှိုးကနေထွက်မယ့်ကားတွေကိုပါ အကုန်လုံးဖမ်းလာတာ။ ကုမ္ပဏီတွေကိုလည်း ဝင်စစ်ပြီး တချို့အပိတ်ခံရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီက တရုတ်အစိုးရ၏ အကာအကွယ်ပေးမှုဖြင့် လာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို လားရှိုးမြို့ကနေ၍ ဥပဒေမဲ့စစ်ဆေးမှုများ၊ ငွေကြေးတောင်းခံမှုများပြုလုပ်နေသော်လည်း တရုတ်ကုန်စည်များ တားမြစ်မှုကို ဩဂုတ် ၁၀ ရက်ကစတင် ပြုလုပ်လာခြင်းဟု သတင်းရရှိသည်။ ” မူဆယ်မှာလည်း ဖမ်းတယ်။ တရားဝင်သယ်လို့မရသလို မှောင်ခိုသယ်တော့လည်းဖမ်းတယ်။ လူထုမှာက ဆုံးရှုံးမှုအရမ်းကြီးတယ်”ဟု မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်က မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က…
-

-

မြကျွန်းသာတွင် အမျိုးသား ၁ ဦး ရေထဲခုန်ချ သတ်သေ
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ၊ ကမ္ဘာအေးကန်ဘောင် ၁ ဘက်မှာ ဩဂုတ် ၁၃ ရက် ည ၁၀ နာရီကျော်က အင်းလျားကန်ရေပြင်ထဲ လူတယောက်ရဲ့ရုပ်အလောင်း ပေါ်လာတာကြောင့် ဆယ်ယူခဲ့ရတယ်လို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၇၈ နှစ်အရွယ် အမျိုးသားကြီးတယောက်ဖြစ်ပြီး အဆိုပါနေ့ ညနေ ၄ နာရီကျော်ကတည်းက ကန်ထဲကို ခုန်ချသွားတာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ည ၁၀ နာရီကျော်လောက်မှာ DB (ရုပ်အလောင်း) သွားကောက်ရတာ။ မြန်မာပလာဇာရှေ့တည့်တည့်က အင်းလျားကန်ထဲမှာပါ။ ကမ္ဘာအေးတစ်လို့ ခေါ်တယ်။ အသက်က ၇၈၊ ၇၉ လောက်ရှိပြီ။ အမျိုးသားတဦးပါ။ မိသားစုတွေ ရောက်နေကြပါပြီ” လို့ ပြောပါတယ်။ ရေကန်ထဲခုန်ချရတဲ့ အကြောင်းအရင်းနဲ့ သေမှုသေခင်းဖြစ်စဉ်ကို သက်ဆိုင်ရာ…