ကြောက်စရာကြီးနော်

ခေတ်ကြီးမကောင်းတော့တာမို့ဘအစစအရာရာ ပိုပြီး။သတိရှိကြစေဖို့ ဒီနေ့ကြုံရတာလေး ဝေမျှပေးချင်ပါတယ်။

ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ အကူကလေးမလေးကို အဝယ်တော်သီရိမင်္ဂလာစျေးကိုလွှတ်ပြီး သံပန်းတံခါးသော့ခတ် ဟင်းချက်ပြီးစ ကိုယ်လဲ ရေချိုးဖို့ ရေလဲထမိန်ဝတ်ပီး အိမ်ရှေ့မှာ YouTube လေးဖွင့်နေတုန်း တံခါး Bell တီးတယ်။

CCTV ကလှမ်းကြည့်တော့ ကိုယ်လဲ မသိသူ။ ဘာမှလဲ ငါမှာမထားပါဘူးဆိုပီး သစ်သားတံခါး ဖွင့်ကြည့်တော့ ထောင်ထောင်မောင်းမောင်း ဆံပင်တိုတိုနဲ့ စွပ်ကြည်အနီ ဝတ်ထားတဲ့ယောက်ျားတစ်ယောက် …

ရေလဲထမိန်နဲ့ Tower ခြုံပီး ဘာကိစ္စရှိလို့လဲဆိုပီး ကိုယ်ကအိမ်အတွင်းက (သံပန်းအတွင်း)နေ မေးတော့ ဝရံတာ ဘေးမှာ ညောင်ပင်ပေါက်နေတယ်။

ရေပိုက်လဲ ကွဲပီး ရေတွေကျနေလို့ အောက်ထပ် ပထမထပ်က အပင်ခုတ်ဖို့ လွှတ်လိုက်လို့တံခါးဖွင့်ပေးဖို့ပြောတယ်။

ညောင်ပင်သေးသေးလေးနဲ့ ဘေးတိုက်ကပိုက်တခု တန်းလန်းဖြစ်နေတာလဲသတိထားမိတယ်။

ဒါပေမယ့် ငါကလဲ ရေချိုးခါနီးပုံနဲ့ အိမ်မှာလဲ ငါတစ်ယောက်ထဲဆိုပြီးတွေးနေတုန်း အဲ့လူကထပ်ပြောတယ် အိမ်ဘေးမှာဒီလောက်ဖြစ်နေတာမမြင်ဘူးလား ပြမယ် တံခါးဖွင့် ဆိုပြီးထပ်ပြောတယ်။

လူက အဲ့အချိန် တကယ် ဇဝေဇဝါဖြစ်နေတာ။

သူကလဲ ရေပတ်မဝင်ပဲဆက်တိုက်ပြောနေတာ။

နောက်တော့ ကိုယ်က ခပ်တည်တည်နဲ့ပဲ ပထမထပ်က လုပ်ခိုင်းရင်အဲ့အထပ်ကိုပဲလုပ် ကျမဘာသာ လုပ်ချင်တဲ့အချိန်ကျမှ ခေါ်ပြီးလုပ်မယ်ဆိုပီး တံခါးပိတ်ချလိုက်တယ်။ ရေဝင်ချိုးနေတာပေါ့။

ခဏနေတော့ Bell က တောက်လျောက်တီးပြန်ရော။

အဲဒါနဲ့ ရေချိုးခန်းကမြန်မြန်ချိုးပီး CCTV ကနေလှမ်းကြည့်တော့ အမျိုးသမီးတစ်ယောက်။

အဲဒါနဲ့ သစ်သားတဲခါးဖွင့်ပြီး ဘာကိစ္စရှိလို့လဲအမလို့မေးတော့ ညီမလေးရေ ခုနက ညီမလေးလွှတ်လိုက်လို့ဆိုပြီး သစ်ပင်ခုတ်ဖို့ဆိုပြီး အမတို့အခန်းကို ယောက်ျား ၂ ယောက်တက်လာလို့ပါတဲ့။

အဲ့အစ်မတွေက ၆ လွှာမှာနေကြတာ ဖုန်းအဆက်အသွယ်မရှိပေမယ့် လှေကားမှာဆုံရင်တော့ ခေါ်ပြောဖူးတာပေါ့။

၆ လွှာကအမက ဘယ်သူလွှတ်လိုက်တာလဲမေးတော့၄ လွှာကအမကလွှတ်လိုက်တာသူကရေချိုးမှာ နာရီဝက်လောက်ကြာဦးမှာမို့ အပေါ်ထပ်ကအပင်တွေအရင်လုပ်ဆိုပြီး လွှတ်လိုက်တာပါဆိုပြီး တံခါးဖွင့်ပေးပါဆိုပီး အတင်းဖွင့်ခိုင်းပါလေရော။

ဟိုအမကလဲ တကယ်လားဘယ်လိုမှန်းမသိနဲ့ သူလဲဇဝေဇဝါဖြစ်နေတာ ခုတ်ခက ၇၀၀၀၀ ပေးရမယ်လို့လဲပြောတယ်။

အခု ဝရန်တာကိုကြည့်ချင်လို့ဆိုပြီးတံခါးဖွင့်ခိုင်းတယ်။

သူတို့ကအပေါ်က ကြိုးနဲ့ဆင်းပီးခုတ်ရမှာမို့ ဝရံတာကိုကြည့်ရမှာမို့ တံခါးအတင်းဖွင့်ခိုင်းတယ်။

၆ လွှာကအမလဲ ဘာလုပ်ရမှန်းမသိတော့ ကျမအခုချက်ချင်း ၇ သောင်းပေးဖို့မရှိသေးဘူး..အိမ်ကလူကြီးတွေကိုမေးရဦးမယ်။ အခုတော့မလုပ်သေးဘူးဆိုပြီးပြောလိုက်တယ်။

အဲ့ လူ၂ ယောက်ဆင်းသွားမှ ၆ လွှာက အမက ကျမဆီ ဆင်းလာကာ ညီမလေး အပင်ခုတ်ဖို့လွှတ်ဖို့လူ လွှတ်လိုက်လား။ အမဘယ်လောက်ပေးရမလဲ (မခုတ်လိုက်မိရင် ကျမက သူ့ကိုစိတ်ဆိုးမှာ သူကပူနေတာ)။

ကိုယ်လဲ ရေစက်လက်နဲ့ မလွှတ်တဲ့အကြောင်းပြောပြ.. အဲ့ကျမှ သူ့ဖုန်းနံပါတ်ယူပြီး တခုခုဆို ဆက်မေးဖို့ပြောဖြစ်တယ်။

ပထမ ထပ်ကိုလဲ ကိုယ့်ဆီလွှတ်သေးလားသွားမေးတော့ သူတို့ကလဲကြောက်ပြီး မလွှတ်ဖူးအမတဲ့။

သူတို့လဲ ကိုယ့်ဖုန်းနံပါတ်ယူပြီး တခုခုဆို ညီမလေးတို့ကိုလဲပစ်မထားပါနဲ့ပြောတံခါးတွေပိတ်ကြနဲ့ပေါ့။

အခြားတိုက်တွေကိုလဲ ဟိုအထပ်က လွှတ်လိုက်တာဆိုပြီးလျှောက်ပြောပီး တံခါးဖွင့်ခိုင်းတယ်တဲ့။

ဒီနေ့သာ အပင်ခုတ်ဖို့ တံခါးဖွင့်လိုက်ရင် ဒီစာကို ရေးနိုင်မယ်မထင်ဘူး။

မြေညီထပ်မြေရှင်ကတော့ သမီးရေ ဘယ်သူဖွင့်ခိုင်းဖွင့်ခိုင်း ဘာခုတ်ရမယ် ညာခုတ်ရမယ်ပြောလဲ ဦးဆီသာလွှတ်လိုက်။ လုံးဝမဖွင့်နဲ့ လို့သတိအထပ်ထပ်ပေးတော့တာပဲ။

တိုက်ခန်းနေသူများအားလုံး သတိပြုလို့ရအောင် ဒီ Post လေးကိုရေးလိုက်တာပါ။

ခေတ်ကြီးကဆိုးနေတာမို့ တချက်လေးမှားလိုက်တာနဲ့ အသက်ပေးရမယ့်ကိန်းပါ။

Credit

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *