Author: Baby Yit Lone

  • ရခိုင်စစ်မျက်နှာမှာ စစ်တပ် တန်ပြန်ထိုးစစ်များ တိုးမပေါက်

    ၂၀၂၅ ခုနှစ်တွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ စစ်တပ်က ထိုမြို့များသာမက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း ပြန်လည် ထိုးစစ်ဆင်နေသည်။ AA ရော စစ်တပ်ကပါ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းတွင် တွေ့ရသည့် ရခိုင်စစ်မျက်နှာအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။ ရခိုင်စစ်မျက်နှာတွင် စစ်တပ်က ထိုးစစ်ဆင်နေသည်ကို ကျောက်ဖြူမြို့တွင် တွေ့ရသကဲ့သို့ စစ်တွေမြို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ တွေ့ရ၏။ ထို့ပြင် အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွ-ငသိုင်းချောင်း ကားလမ်းများမှ ထိုးဖောက်ဝင်ရောက်လာသည့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို ဟန့်တားသည့် ခံစစ်များအပြင် ပြန်လှန်ထိုးစစ်ဆင်မှုများကို…

  • ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံ

    ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံ

    စစ်တပ်က ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံအ​ထောက်အထားထွက်​ပေါ် လူသားဒိုင်းဆိုတဲ့ စကားလုံးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ စကားလုံးတစ်ခုပါ။ အထူးသဖြင့် အညာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ မကြာခဏ ကြားနေကြရတာပါ။ ထင်တိုင်းကြဲနေတဲ့ အာဏာလု စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးပြီဆိုရင် စစ်ကြောင်းတလျှောက် ရွာတွေက ပြည်သူတွေ ကြီးကြီးငယ်ငယ်၊ ကလေးပါမချန် ကျားမ မရွေး ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းလုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့ကဆိုရင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့​နေတဲ့ စစ်ကောင်စီတပ်က ဒလမဲရွာကအသက် ၁၆ နှစ်ဝန်းကျင်ဆယ်တန်းကျောင်းသူတွေအပါအဝင် ရွာသူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ တကယ်တော့ တိုင်းရင်းသားဒေသတွေမှာ လူသားဒိုင်းဆိုတဲ့ စကားလုံးက နားရည်ဝနေခဲ့တာ နှစ်ပေါင်း ကြာရှည်လှပါပြီ။ မြေပြန့်က ပြည်သူတွေ…

  • ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

    ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

    တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ ပျူ စောထီး အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော စစ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း ပဲ့တိုင်ကျေးရွာ အရှေ့ဘက်ရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “စခသေဆုံးထိခိုက်မှုက မသိရသေးပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် စုံစမ်းလို့ မရ သေးဘူး။ အင်အားက ၂၀ ကျော်ပဲ…

  • စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

  • နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါတဲ့လား

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါတဲ့လား

    ကိုကကြီး၊ ကိုခခွေးနဲ့ ကိုဂငယ်တို့ ဆွေးနွေးခန်း “ဗျို့ ကိုကကြီး၊ ပြီးခဲ့တဲ့အပတ်က ခင်ဗျားပြောခဲ့တဲ့ ပျောက်နေတယ်ဆိုတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကတော့ သေသွားပြီးနော်၊ တိုက်ဆိုင်လိုက်တာဗျာ”။ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတဲ့ ကိုကကြီးကို လှမ်းပြောလိုက်သူက ကိုခခွေးပါ။ ဆိုင်ထဲမှာ ကိုခခွေးရော၊ ကိုဂငယ်ပါ ရောက်နေကြပြီ။ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတဲ့ ကိုကကြီးကို လှမ်းပြောလိုက်သူက ကိုခခွေးပါ။ ဆိုင်ထဲမှာ ကိုခခွေးရော၊ ကိုဂငယ်ပါ ရောက်နေကြပြီ။ ကိုကကြီး ။ ။ အင်း … ဟုတ်ပါရဲ့၊ တိုက်ဆိုင်တယ်လို့ပဲ ဆိုရမယ်။ ဦးမြင့်ဆွေက နေမကောင်းဘူးလို့ သတင်းထုတ်ထားတာတော့ ကြာနေပြီ။ သေမယ့်သေတော့ တပ်ချုပ် မင်းအောင်လှိုင်က ယာယီသမ္မတ (တာဝန်) နဲ့ ဦးဆောင်ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတဲ့ အချိန်ကျမှ သေသွားတာ။…