Author: Baby Yit Lone
-

စစ်အုပ်စု သက်ဆိုးရှည်ဖို့ ပြည်သူ့စစ်မှုထမ်းတွေ အသက်ကို စတေးနေ
အာရက္ခတပ်တော် (AA) က သူတို့ထံ အလင်းဝင်ရောက်လာသည့် စစ်သားများနှင့် အင်တာဗျူး ပြုလုပ်ထားသည့် ရုပ်သံများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစပြီး AA Info Desk Facebook စာမျက်နှာမှတဆင့် ထုတ်ပြန်လာခဲ့သည်။ ထိုသို့ထုတ်ပြန်လာသည့် ရုပ်သံများအနက် နောက်ဆုံး ရုပ်သံနှစ်ခုကို နားထောင်ပြီးသည့်နောက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသူများအကြောင်းကို ပို၍စိတ်ဝင်စားခဲ့ရပါသည်။ အထက်ဖော်ပြပါ ရုပ်သံ နှစ်ခုတွင်ပါသည့် စစ်သည် နှစ်ဦးအနက် ပထမတဦးမှာ မကွေးတိုင်းအတွင်းရှိ ပဒါန်းနယ်၊ နတ်ရေကန်စခန်းဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျန်တဦးမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ နတ်ရေကန်ဘက်က အလင်းဝင်လာခဲ့သည့် စစ်သည်မှာ တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) က ကိုယ်ပိုင်အမှတ် ပစ/၁၄၇၅၅၁ တပ်သား နေသူရမျိုးဖြစ်ပြီး မကွေးတိုင်း၊…
-

မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ
စစ်ကော်မရှင်က မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ၍ ကိုယ်ဝန်သည်နှင့် ကလေးငယ်များ အပါအဝင် ၂၁ ဦးသေဆုံး မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၁ ဦးထိသေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က မိုးကုတ်အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၂၅၀ ဗုံးများဖြင့် ဗုံးကြဲချခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပါ ထိခိုက်ခဲ့ကြောင်း သိရသည်။ “မနေ့ည ၈ နာရီခွဲလောက်မှာ စစ်တပ်က မိုးကုတ်မြို့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှာတစ်လုံး အဲဒီအနီးက နေအိမ် သုံးအိမ်အလယ်တည့်တည့်ကိုတစ်လုံး ပေါင် ၂၅၀ ဗုံး ၂…
-

မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ
ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြီးနောက် မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ
-

စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို
လှိုင်သာယာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော် ၁ ဦးက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ” စခ ၁ ကောင်နဲ့ ပျူ ၂ ကောင်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” ဟု…
-

မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ
ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်ရတနာရွှေဆိုင် ဩဂုတ် ၁၄ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက်က ပြန်လည်ခုခံတာကြောင့် ဓားပြတယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ မနေ့ နေ့လယ်က ရွှေစင်ရတနာရွှေဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသား ၂ ယောက် ရောက်လာပြီး ဆိုင်အတွင်းဝင်ကာ ဝန်ထမ်းတွေကို ဓား၊ သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာမှာ လုံခြုံရေးဝန်ထမ်းက ပြန်လည်ခုခံခဲ့တာပါ။ ဒေသခံတယောက်က “ဓားပြလာတိုက်တဲ့ ၂ ယောက်ကို လုံခြုံရေးဝန်ထမ်း ကောင်လေးက ထီးနဲ့ ဝင်ရိုက်ပြီး လုံးထွေးသတ်ပုတ်နေတဲ့အချိန် သေနတ်ပါတဲ့ကောင်က ထွက်ပြေးသွားတာ။ ဆိုင်ကရွှေတွေတော့ ပါမသွားဘူး။ လုံခြုံရေးဝန်ထမ်းကောင်လေးတော့ ဓားထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး”…