Author: Baby Yit Lone
-

ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို
ရခိုင်တိုက်ပွဲ တနှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်မှ အပြီးသတ် လွတ်မြောက်လုနီးပါး အခြေအနေဖြစ်ကာ အာရက္ခတပ်တော် (AA) ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ရခိုင်ပြည်တခုလုံးကို ရခိုင်ပြည် သူများလက်ထဲသို့ ပြန်ထည့်ပေးမည့်အစီအစဉ်အား ဆက် အကောင်အထည်ဖော်သွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့အတွင်းမှ ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း ဆိုသည်။ ဦးခိုင်သုခက “ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ ကိုးဆယ်ရာနှုန်းကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်ပြီး မိမိတို့ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် ဆက်လက် ချီတက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။ ကျောက်ဖြူအပါအဝင်…
-

တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ
ဟင်္သာတတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁ ဦးလျှင် စစ်မှုထမ်းကြေး လစဉ် ၁ သိန်းခွဲအထိ တိုးမြှင့်ကောက်ခံ
-

ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက်မှုရှိ
ဗန်းမော်တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးနှင့် ဗိုလ်အဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။ စစ်သင်္ဘောများမှ လက်နက်ခဲယမ်းနှင့် လူအင်အားများ လာရောက်ပို့ဆောင်ပြီးနောက် ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စကခ ၂၁ မှ တပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးတစ်ဦးတို့သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။ ”ဩဂုတ် ၂ရက်နေ့ နောက်ပိုင်း ဗန်းမော်တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က ဗုံးနေ့တိုင်းလာကြဲတယ်။ ဒရုန်းနဲ့အဓိကထားပြီး နည်းပညာအားကိုးတိုက်တာပေါ့။ ၇ရက်နေ့တိုက်ပွဲမှာ ဒရုန်းတပ်ခေါင်းဆောင်သေတယ်” ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်နှင့် KIA တို့တိုက်ပွဲတွင် ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်လာသည့် ဗိုလ်ကြီး တန်အောင်ထန်း သေဆုံးသွားကြောင်း သိရသည်။ အမြောက်တပ် ၃၆၆ အတွင်း စစ်ကော်မရှင်နှင့်…
-

(၁၀၂၇)ထက်ပြင်းထန်မယ့်လှိုင်း
ကြားမိထားတာတော့ကြာနေခဲ့ပါပြီ။ မသေချာသေးတာကြောင့်သာ ချမပြခဲ့တာဖြစ်သလို Attention ရှာတာမျိုးလည်း မဖြစ်ချင်ခဲ့လို့ပါ။ ပြင်ဆင်စုဆောင်းမှု့တွေပြုလုပ်နေခဲ့ကြပြီဆိုတဲ့အထိ ကြားသိထားခဲ့ရပေမယ့် လက်ရှိလိုပြည်သူတွေရဲ့စိုးရိမ်ပူပန်မှု့တွေမြင့်တက်လာနေခဲ့ရချိန်မှာ မသေချာတဲ့သတင်းစကားတွေနဲ့မျှော်လင့်ချက်ပေးလိုက်မိလို့ အမှန်တကယ်ဖြစ်မလာခဲ့ဘူးဆိုရင် တော်လှန်ရေးကြီးအဆုံးသတ်သွားတဲ့အထိ အကျိုးသက်ရောက်သွားစေနိုင်မှာစိုးရိမ်မိတာကြောင့် တမင်ကိုမရေးပဲနေနေခဲ့လိုက်တဲ့သဘောပါပဲ။ သို့သော်လည်း တစ်ဖက်ကစစ်အုပ်စုရဲ့အားကောင်းလာတဲ့အနေအထားတွေအပြင် တန်ပြန်မြို့သိမ်းထိုးစစ်တွေကြောင့် စိုးရိမ်ထိတ်လန့်လာခဲ့ကြတဲ့ပြည်သူတွေရဲ့အနေအထားကိုအခွင့်ကောင်းယူကာ (ဟိုအဖွဲ့ကို အပြစ်တင်၊ဒီအဖွဲ့ကို ထိုးချ)ပြီး သွေးခွဲလာခဲ့ကြတဲ့ (ဟိုဘက်ကမှန်းမသိ၊ဒီဘက်ကမှန်းမသိ)တစ်ချို့လူတွေကြောင့် စာရေးသူအပါအဝင်တော်တော်များများလည်း ကြားသိထားခဲ့ပြီးသားသတင်းလေးတစ်ခုကို အနည်းအကျဉ်းလောက်ပြောပြပေးပါရစေ။ စပ်မိလို့ ကြားဖြတ်ပြီးပြောချင်တာလေးတစ်ခုက.! ဘယ်အဖွဲ့ကိုမှလိုက်ပြီး အပြစ်တင်မနေလိုက်ကြပါနဲ့။ (တင်ချင်းတင်) မိမိတို့ရဲ့အဖွဲ့အစည်းတွေကိုသာပြန်ပြီး အပြစ်တင်ကြရမှာပါ။ တိုက်တွန်းနှိုးဆော်ကြရမှာပါ။ ပေါင်းစည်းညီညွတ်ကြဖို့အပါဝင် အောက်ခြေအဖွဲ့အစည်းတွေကိုမထိန်းချုပ်နိုင်ကြတာနဲ့ စနစ်တကျစီမံခန့်ခွဲပြီး အဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုဖြည့်စီးမပေးနိုင်ကြတာမျိုးတွေကအစ ဘယ်သူတွေမှာ အဓိကတာဝန်ရှိနေခဲ့ကြတာပါလဲ.? ဒါကြောင့်မို့ တရုတ်ကြောက်ရလို့၊ကုလားကြောက်ရလို့ဆိုပြီး ဟိုအဖွဲ့ဒီအဖွဲ့တွေကိုအပြစ်တင်ရှုံ့ချနေကြမယ့်အစား မကြောက်ရဘူးလို့ထင်တဲ့ကိုယ့်အဖွဲ့တွေ လှုပ်မလာခဲ့ကြတာကိုသာ နာနာဖိတွန်းကြသင့်တာပါ။ ကြားသိထားခဲ့ရတဲ့ (၁၀၂၇)ထက်ပြင်းထန်မယ့်လှိုင်း (၁၁၂၇)ဆိုတာကြီးအမှန်တကယ်သာဖြစ်လာခဲ့မယ်ဆိုရင် မိမိတို့ဘက်မှာရော ဘာတွေကိုပြင်ဆင်ထားခဲ့ကြပြီးပါပြီလဲ.? လက်ရှိလို တော်လှန်ရေးဘက်ကအရေးနိမ့်လာတော့မယ့်အခြေအနေတွေကို သာမန်စစ်ရေးသုံးသပ်သူတွေတောင် ရိပ်စားမိနေခဲ့ကြတယ်ဆိုရင်…
-

ဗန်းမော်တိုက်ပွဲ အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာအချို့မှ KIA ဆုတ်ခွာရ
ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ “လေယာဉ်ဗုံး၊ဒရုန်းဗုံး မိုးရွာသလို အဆက်မပြတ် ပစ်နေကြလို့ လေယာဉ် ကွင်းနဲ့ အမတ(၃၆၆) နည်းနည်းဆုတ်ပေးထားတယ်ပြောတယ်။ အဲဒီလောက်ပဲ သိသေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တဦးကလည်း “မနေ့ညနေပိုင်းကစ တချို့နေရာကနေ ဆုတ်ပေးထားတယ်ကြားတယ်။ အဓိကတော့ နည်းပညာ စစ်ပွဲပဲ။ တရုတ်နဲ့ ရုရှားဘက်က စကစကို နည်းပညာသာမကဘဲ ဒရုန်းနဲ့ ခေတ်မှီဗုံးတွေပါ ထောက်ပံ့ ပေးနေပြီလို့ သုံးသပ်ရတယ်” ဟု ပြောသည်။ ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ဆိုက်ကပ်လာနိုင်သည့် စစ်သင်္ဘောအုပ်စုနှင့်အတူ အဆိုပါ လက်နက်ခဲယမ်းများ သယ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗန်းမော်မြို့နေရာအချို့ကို KIAက လက်လွှတ်လိုက်ရသည့် သတင်းမှန်ပါက…