Author: Baby Yit Lone
-

ရှမ်းမြောက်တွင် တရုတ်ပစ္စည်းများ စစ်ကောင်စီ ဖမ်းဆီးနေ
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက မူဆယ်နှင့်လားရှိုးမြို့ကနေ ပိတ်ဆို့ဖမ်းဆီးပြီး လားရှိုးမြို့ရှိ ပုဂ္ဂလိကကုန်လှောင်ရုံများကိုလည်း စစ်ဆေးပိတ်သိမ်းခိုင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ “တရုတ်ကနေ ဝင်တာမှန်သမျှကို ဖမ်းနေတာ။ သိန္နီဘဘက်ကအဝင်ကားတွေရော၊ လားရှိုးကနေထွက်မယ့်ကားတွေကိုပါ အကုန်လုံးဖမ်းလာတာ။ ကုမ္ပဏီတွေကိုလည်း ဝင်စစ်ပြီး တချို့အပိတ်ခံရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဧပြီက တရုတ်အစိုးရ၏ အကာအကွယ်ပေးမှုဖြင့် လာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို လားရှိုးမြို့ကနေ၍ ဥပဒေမဲ့စစ်ဆေးမှုများ၊ ငွေကြေးတောင်းခံမှုများပြုလုပ်နေသော်လည်း တရုတ်ကုန်စည်များ တားမြစ်မှုကို ဩဂုတ် ၁၀ ရက်ကစတင် ပြုလုပ်လာခြင်းဟု သတင်းရရှိသည်။ ” မူဆယ်မှာလည်း ဖမ်းတယ်။ တရားဝင်သယ်လို့မရသလို မှောင်ခိုသယ်တော့လည်းဖမ်းတယ်။ လူထုမှာက ဆုံးရှုံးမှုအရမ်းကြီးတယ်”ဟု မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်က မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က…
-

-

မြကျွန်းသာတွင် အမျိုးသား ၁ ဦး ရေထဲခုန်ချ သတ်သေ
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ၊ ကမ္ဘာအေးကန်ဘောင် ၁ ဘက်မှာ ဩဂုတ် ၁၃ ရက် ည ၁၀ နာရီကျော်က အင်းလျားကန်ရေပြင်ထဲ လူတယောက်ရဲ့ရုပ်အလောင်း ပေါ်လာတာကြောင့် ဆယ်ယူခဲ့ရတယ်လို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၇၈ နှစ်အရွယ် အမျိုးသားကြီးတယောက်ဖြစ်ပြီး အဆိုပါနေ့ ညနေ ၄ နာရီကျော်ကတည်းက ကန်ထဲကို ခုန်ချသွားတာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ည ၁၀ နာရီကျော်လောက်မှာ DB (ရုပ်အလောင်း) သွားကောက်ရတာ။ မြန်မာပလာဇာရှေ့တည့်တည့်က အင်းလျားကန်ထဲမှာပါ။ ကမ္ဘာအေးတစ်လို့ ခေါ်တယ်။ အသက်က ၇၈၊ ၇၉ လောက်ရှိပြီ။ အမျိုးသားတဦးပါ။ မိသားစုတွေ ရောက်နေကြပါပြီ” လို့ ပြောပါတယ်။ ရေကန်ထဲခုန်ချရတဲ့ အကြောင်းအရင်းနဲ့ သေမှုသေခင်းဖြစ်စဉ်ကို သက်ဆိုင်ရာ…
-
ရခိုင်စစ်မျက်နှာမှာ စစ်တပ် တန်ပြန်ထိုးစစ်များ တိုးမပေါက်
၂၀၂၅ ခုနှစ်တွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ စစ်တပ်က ထိုမြို့များသာမက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း ပြန်လည် ထိုးစစ်ဆင်နေသည်။ AA ရော စစ်တပ်ကပါ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းတွင် တွေ့ရသည့် ရခိုင်စစ်မျက်နှာအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။ ရခိုင်စစ်မျက်နှာတွင် စစ်တပ်က ထိုးစစ်ဆင်နေသည်ကို ကျောက်ဖြူမြို့တွင် တွေ့ရသကဲ့သို့ စစ်တွေမြို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ တွေ့ရ၏။ ထို့ပြင် အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွ-ငသိုင်းချောင်း ကားလမ်းများမှ ထိုးဖောက်ဝင်ရောက်လာသည့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို ဟန့်တားသည့် ခံစစ်များအပြင် ပြန်လှန်ထိုးစစ်ဆင်မှုများကို…
-

ပြည်သူတွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံ
စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံအထောက်အထားထွက်ပေါ် လူသားဒိုင်းဆိုတဲ့ စကားလုံးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ စကားလုံးတစ်ခုပါ။ အထူးသဖြင့် အညာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ မကြာခဏ ကြားနေကြရတာပါ။ ထင်တိုင်းကြဲနေတဲ့ အာဏာလု စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးပြီဆိုရင် စစ်ကြောင်းတလျှောက် ရွာတွေက ပြည်သူတွေ ကြီးကြီးငယ်ငယ်၊ ကလေးပါမချန် ကျားမ မရွေး ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းလုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့ကဆိုရင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်က ဒလမဲရွာကအသက် ၁၆ နှစ်ဝန်းကျင်ဆယ်တန်းကျောင်းသူတွေအပါအဝင် ရွာသူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ တကယ်တော့ တိုင်းရင်းသားဒေသတွေမှာ လူသားဒိုင်းဆိုတဲ့ စကားလုံးက နားရည်ဝနေခဲ့တာ နှစ်ပေါင်း ကြာရှည်လှပါပြီ။ မြေပြန့်က ပြည်သူတွေ…