Author: Baby Yit Lone
-

Nimbiya Banada Myaga Page 1
Nimbiya Banada Myaga – Page 1 (2025) အတိတ်ခြေရာ မိခင်နှင့်သားကြားက သံယောဇဉ်ကို အခြေခံပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပေါင်းစပ်တင်ဆက်ထားတဲ့ ကန်နာဒါစကားပြော သည်းထိတ်ရင်ဖိုဒရာမာရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မာလ်နတ်ဒ်ဒေသမှာရှိတဲ့ရွာတစ်ရွာမှာ အစပျိုးထားတာပါ။ မြေရှင်သူဌေးကတော် ဗာရာလက်ရှ်မီးဟာ ခင်ပွန်းဖြစ်သူ မြေရှင်သူဌေးရဲ့ ထူးဆန်းတဲ့ ေသဆုံးမှုအပြီးမှာ သားဖြစ်သူ အာချာနာကိုပါ ထပ်မံဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့ သစ္စာရှိအစေခံတစ်ဦးရဲ့စောင့်ရှောက်မှုအောက်မှာ လူမမယ်အရွယ် သားဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့တာပါ။ နှစ်ပေါင်း ၂၅ နှစ်ကြာပြီးနောက်မှာ မြို့ပေါ်ကိုရောက်နေတယ်လို့ပြောတဲ့ သူတို့ရဲ့သားဖြစ်သူ အာချာနာ ပြန်ရောက်လာတဲ့အခါမှာတော့ အတိတ်က မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ မိသားစုတွင်းက ကလဲ့စားချေမှုတွေနဲ့ သံယောဇဉ်ဇာတ်လမ်းတွေ တဖန်ပြန်လည်အသက်ဝင်လာပါတော့တယ်။
-

My Love Story with Yamada-kun at Lv999
My Love Story with Yamada-kun at Lv999 (2025) မင်းသားချော Ryûto Sakuma နဲ့ အလှလေး Mizuki Yamashita တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီး မန်ဂါစီးရီးကို ပြန်လည်အသက်သွင်းထားတဲ့ အွန်လိုင်းဂိမ်းအခြေခံ Rom-Com မနဲ့မောင် ဂျပန်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အွန်လိုင်းဂိမ်းကစားရင်း ချစ်သူရထားတဲ့ အာကာ့နဲဟာ ရုတ်တရက် လမ်းခွဲခြင်းခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး စိတ်ထွက်ပေါက်အနေနဲ့ပဲ ဂိမ်းကစားနေရင်းကနေ Guild ဆိုတဲ့ စကားပြောခန်းထဲ မထင်မှတ်ဘဲ ရောက်သွားက လူမှုဆက်ဆံရေးညံ့တဲ့ ယာမာဒါဆိုတဲ့ နာမည်နဲ့ ကစားသူကို ဘုဘောက်တွေ ပွားမိပါတော့တယ်။ အဲဒီနောက်မှာ အာကာ့နဲဟာ ရည်းစားဟောင်းကို လက်စားချေမယ့်အကြံနဲ့ ဂိမ်းရဲ့တစ်နှစ်ပြည့်အခမ်းအနားကို သွားခဲ့ပေမဲ့လည်း ရည်းစားဟောင်းကို ချစ်သူအသစ်နဲ့…
-

Boot Camp
Boot Camp (2008) မင်းသမီး Mila Kunis နဲ့ မင်းသား Gregory Smith တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Boot Camp ဆိုတဲ့ ဇာတ်ကားလေးဟာ ဖီဂျီကျွန်းရဲ့ လှပတဲ့ သဘာဝအလှတရားတွေနောက်ကွယ်က “Camp Serenity” လို့ အမည်ရတဲ့ လူငယ်ပြုပြင်ရေးစခန်းတစ်ခုအကြောင်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ “Serenity” (အေးချမ်းခြင်း) ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် ဒီနေရာဟာ မိဘတွေက သူတို့ရဲ့ဆိုးသွမ်းတဲ့ သားသမီးတွေကို ငွေပေးပြီးပို့လိုက်တဲ့ “တရားမဝင်ငရဲခန်း” တစ်ခုသာ ဖြစ်နေပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့”ဆိုဖီ”ဆိုတဲ့ကလေးမလေးဟာ သူမရဲ့ ပထွေးဖြစ်သူရဲ့အကြံကြောင့် ဒီစခန်းကိုရောက်လာခဲ့သူဖြစ်ပါတယ်။ ဒီစခန်းမှာ ဒေါက်တာဟေးလ်ဆိုတဲ့ လူဟာ “လူသစ်စိတ်သစ် ဖြစ်စေရမယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေကို…
-

Sideways
Sideways (2004) ၂၀၀၄ ခုနှစ်ထွက် Sideways ရုပ်ရှင်က Rom / Com ဆိုပေမဲ့ Drama ဘက်ကိုပိုသွားတယ်လို့ဆိုရပါမယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ တော်တော်များများနဲ့တိုက်ဆိုင်စေနေတာကတော့ လုံးဝကိုသေချာပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးမိမှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုမျိုးမေးခွန်းတွေပြန်မေးမိလို့ပါပဲ။ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုလို့ဆိုရပါမယ်။ အရမ်းကို Fantasy ဆန်တဲ့ချစ်ခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခု၊ Midlife Crisis တစ်ခုကို ပြသသွားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း Miles ဆိုတာက လူလတ်ပိုင်း မိန်းမနဲ့လောလောလတ်လတ်ကွာရှင်းထားတဲ့လူတစ်ယောက်။ သူ့မှာဝါသနာတစ်ခုရှိတယ်။ အဲဒါကတော့ ဝိုင်တွေနဲ့ပတ်သက်ပြီး မြည်းစမ်းရတာ လေ့လာရတာတွေကိုလုပ်ရတာ။ ဝိုင်တွေက သူ့ရဲ့ဘဝပဲ။ နောက်တစ်ခု သူက စာလည်းရေးတယ်။ စာတိုက်ကိုဆက်သွယ်ပြီး စာမူကြမ်းတင်ထားပေမဲ့ ထုတ်ဝေပါမယ်လို့ အကြောင်းမပြန်သေးဘူး။…
-

Labinak: Mereka Ada di Sini
Labinak: Mereka Ada di Sini (2025) ကျေးလက်ဒေသတစ်နေရာမှာ သမီးဖြစ်သူ ယန်တီနဲ့အတူဘ၀ကိုဆင်းဆင်းရဲရဲရုန်းကန်နေရတဲ့နာ့ချ်ဝါဆီကို တစ်ချိန်က သူပညာသင်ဆုရခဲ့ဖူးတဲ့ အဖွဲ့အစည်းဆီကနေ တက္ကသိုလ်ဆရာမအဖြစ်စာလာသင်ဖို့သမီးဖြစ်သူကိုပါ အပြည့်အ၀ထောက်ပံ့မှုနဲ့ပညာသင်ဆုကိုကမ်းလှမ်းလာချိန်မှာ သမီးရှေ့ရေးအတွက်လက်ခံခဲ့ပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးက သူတို့သားအမိကို ဖော်ဖော်ရွေရွေကြိုဆိုကြရုံမက ခမ်းနားလှတဲ့ နေအိမ်၊ ဇိမ်ခံပစ္စည်းအပြည့်အစုံနဲ့ဘ၀သစ်မှာပျော်ရွှင်နေသားကျရတော့မယ့်အချိန်မှာ နာ့ချ်ဝါအတွက် ထိတ်လန့်စရာအတွေ့အကြုံတွေကြုံလာရပါတော့တယ်။ အိမ်မှာတစ်ယောက်တည်းရှိနေချိန်တွေမှာ ထွက်သွား ဆိုတဲ့ အသံတွေ၊ ကိုယ်ထင်ပြခြောက်လှန့်မှုတွေတင်သာမက ကျောင်းမှာရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း လူစင်စစ်မဟုတ်ဘူးဆိုတာသိလိုက်ရချိန်မှာတော့..။ ဒီခြောက်လှန့်မှုတွေရဲ့နောက်ခံအကြောင်းရင်းက ဘာလဲ? ဒီအိမ်ကြီးမှာစွဲကပ်နေတဲ့ဝိဉာဉ်တွေရဲ့ ဇစ်မြစ်၊ သူတို့ကျောင်းအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့လျှို့ဝှက်ချက်၊ အစရှိတဲ့အရာတွေကို ဖော်ထုတ်နိုင်မှအန္တရာယ်ကလွတ်မယ်ဆိုတာ သူ သိလာရပါတော့တယ်။ ဇာတ်လမ်း အစကနေအဆုံးထိဆွဲဆောင်နိုင်ရုံမက၊ Jump scare တွေလှည့်ကွက်တွေနဲ့သရုပ်ဆောင်ချက်၊ နောက်ခံတေးဂီတအဆုံးသေသပ်ကောင်းမွန်တဲ့ ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။