Author: Baby Yit Lone

  • AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ

    ကျောက်ဖြူရှိ နေရာ ၇ ခုထက်မနည်းတွင် တိုက်ပွဲပြင်းထန်နေပြီး AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ ‎ ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ နေရာ ခုနစ်ခုထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ‎ ‎ယနေ့ ဩဂုတ် ၁၇ရက်နေ့တွင် ကျောက်ဖြူရှိ လိပ်ခမော်ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်တို့၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎ ‎”အင်အားအများကြီးသုံးပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ AA ကနောက်မဆုတ်တော့ဘဲ ပြန်တိုက်နေတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ‎ ‎စစ်ကော်မရှင်သည် AA ရှိရာနေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက်…

  • မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ‌တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။ ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။ မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး…

  • သာကေတတွင် လူသတ် အလောင်းဖျောက်မှုဖြစ်ပွား

    သာကေတတွင် လူသတ် အလောင်းဖျောက်မှုဖြစ်ပွား

    ရန်ကုန်၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်က ၁/အနော်မာ သောက်ရေကန်ထဲမှာ လူသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းက သောက်ရေကန်ထဲမှာ လူလတ်ပိုင်း အမျိုးသမီး အလောင်းတလောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အနော်မာရပ်ကွက် တာဝန်ရှိသူတယောက်က “ရေကန်ထဲ ခုန်ချသတ်သေတဲ့ ပုံစံမျိုးကို လုပ်ထားတာ။ တကယ်တမ်း ရင်ခွဲရုံမှာ စစ်ကြည့်တော့ အဆုတ်ထဲမှာ ရေမရှိဘူး။ သတ်ပြီး ကန်ထဲ ပစ်ချသွားတာ။ မသင်္ကာတဲ့သူကိုလည်း ဖမ်းမိထားတယ်” လို့ ပြောပါတယ်။ အဲဒီအမျိုးသမီးကို လမ်းဘေးမှာ ကားနဲ့ကွမ်းယာရောင်းတဲ့သူက သတ်တယ်လို့ စွပ်စွဲဖမ်းဆီးထားပြီး ဘာကြောင့်သတ်တယ် ဆိုတာကိုတော့ စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ၃ မှုထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အလုပ်ကနေ…

  • အိုးဘိုထောင်ရဲ့သတင်းကအမှန်

    အိုးဘိုထောင်ရဲ့သတင်းကအမှန်

    မန္တလေးအိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်းဗုံးကျဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားအကျဉ်းသား ၄ ဦး သေဆုံးပြီး နာမည်စာရင်းများထုတ်ပြန် မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို ဒရုန်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုတွင် နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် ဒရုန်း ဗုံး ၂ လုံးကျဲချခံခဲ့ရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်သည့်အတွက် ဒရုန်းဖြင့် ကျဲချခဲ့သောအဖွဲ့၏…

  • တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်း

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်းကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူသည် နယ်ထိန်းရဲများကို စခန်းကုန်ကျစရိတ်ဟုဆိုကာ ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကို နည်းမျိုးစုံဖြင့် ဖိအားပေး ရှာခိုင်းနေပြီး ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ၎င်းရှာဖွေခိုင်းသော ငွေကျပ် သိန်း ၃၀၀ မပြည့်ပါက နယ်ထိန်းရဲများကို ရိုက်နှက်ပြီး အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ယင်းသို့လုပ်ဆောင်မှုများကို အထက်သို့ တိုင်ကြားသော်လည်း…