Author: Baby Yit Lone

  • ဆယ်ကျော်သက်ကောင်လေးကို ချစ်သူမိန်းကလေးက မြဝတီကျားဖြန့်သို့ ရောင်းချ

    ဆယ်ကျော်သက်ကောင်လေးကို ချစ်သူမိန်းကလေးက မြဝတီကျားဖြန့်သို့ ရောင်းချ

    တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကောင်လေးတဦးဟာ ၁၇ နှစ်အရွယ် ချစ်သူ မိန်းကလေးရဲ့ လှည့်ဖျားခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကျားဖြန့်လုပ်ငန်းတခုဆီ လူကုန်ကူးခံခဲ့ရတဲ့အကြောင်း The Standard (HK) News သတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။ သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ ဟူအန်လို့ ဖော်ပြပြီး သူ့ကို ချစ်သူမိန်းကလေးရှိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ကို ဖျားယောင်းခေါ်ဆောင်သွားခံခဲ့ရတာလို့ ဆိုပါတယ်။ ဟူအန်ရဲ့ အစ်မဖြစ်သူရဲ့ ပြောကြားချက်အရ သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဘိလိယက်ခန်းမတခုမှာ ဆုံခဲ့ကြတာဖြစ်ပြီး မိန်းကလေးဖြစ်သူဟာ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်အသုံး အဆောင်တွေနဲ့ သူ့ကိုယ်သူ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူအဖြစ် ဟန်ဆောင်ခဲ့ တယ်လို့…

  • ရန်ကုန်မှာ taxi ဌားစီးမယ်ဆိုဂရုစိုက်ကြပါ

    ရန်ကုန်မှာ taxi ဌားစီးမယ်ဆိုဂရုစိုက်ကြပါ

    အထူးသဖြင့် ခရေပင်လမ်းခွဲထိပ်က ကားမှန်ကို အမဲကပ်ထားတဲ့ ကားကို ရှောင်စီးကြပါ။ ကားနံပါတ်တော့ မသိလိုက်လို့ပါ အဖြူရောင် pro box ကားပါပဲ… သတိထားဖို့ပါ ရန်ကုန်နဲ့ပြည်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို လွန်းပြန်အောင် သွားနေတဲ့ ကျွန်တော်အတွက်တော့ ပထမဆုံးပဲ အခုခေတ်မှာ ဘယ်သူကိုမှမယုံပါနဲ့ ရန်ကုန်ပြန်ရောက်တော့ ခရေပင်လမ်းခွဲမှာဆင်းတယ် ဆင်းဆင်းချင်း ဝိုင်းခေါ်တဲ့taxiသမားများလို့ သူတို့နဲ့လွတ်ရာလျောက်ရင်း လမ်းထိပ်က လူတယောက်က လာမေးတယ် ဘယ်သွားမလဲ ပေါ့ Taxi ခ ညှိ တယ် အဆင်ပြေတော့ ကားဆီသွားပြီး မောင်းတဲ့သူနဲ့ သူတို့ချင်း စကားတီးတိုးပြောကြတယ် ပြီးလည်းပီးယော အကို လာတက်ဆိုပီး ရှေ့တံခါးဖွင့်ပေးတယ် ကိုတက်ထိုင်ပီး ကားထွက်ခါနီးမှ နောက်ကနေ ခုန လာမေးတဲ့ပွဲစားလိုလို အကောင်က တက်လာတယ် တယောက်ထဲစီးဖို့ပြောထားတာလေညီဆိုတော့ ဒီနားတင်လိုက်မှာပါတဲ့ ကားထွက်ပြီး ပုံမှန်သွားနေကြ…

  • တောင်ကြီးတွင် TNLA နှင့် MNDAA အလိုမရှိကြောင်း စစ်တပ်က ငွေပေးဆန္ဒပြခိုင်း

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ TNLA နဲ့ MNDAA တို့ကို ရှမ်းပြည်မြောက်ပိုင်းဒေသတွေကနေ ထွက်ခွာသွားစေဖို့ ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေပေးပြီး ဆန္ဒပြခိုင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ သြဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ ဘောလုံးကွင်းကနေ မိန်းလမ်းတလျှောက်သွားပြီး စူဌာမုနိဘုရားအထိ စီတန်းရင်း “TNLA /MNDAA သီပေါ၊ ကျောက်မဲ၊ သိန္ဒီဒေသများက အမြန်ဆုံးထွက်ခွာပေး” စာသားနဲ့ မြန်မာနိုင်ငံအလံ ကိုင်ဆောင်ဆန္ဒပြကြတယ်လို့ ​သိရပါတယ်။ မြို့ခံတယောက်က “အောင်သပြေ အေးသာယက ဘောမတွေနဲ့ သူတို့ အတင်းလိုက်ခိုင်းလို့ရတဲ့သူတွေနေမှာပေါ့။ ၁၀,၀၀၀ ရတယ်လို့ ကြားတာပဲ။ လူမျိုးရေး မီးမွှေးတယ်လို့မြင်တယ်။ စစ်ရှုံးနေတော့ နှစ်ဖက်တိုင်းရင်းသားတွေကို ရန်တိုက်ပေးနေသလိုပဲ” လို့ ​ပြောပါတယ်။ တောင်ကြီးမှာ ဆန္ဒပြဖို့အတွက် လူအယောက် ၁၅၀၀ ကို…

  • စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမြို့ အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူအနီးဝန်ကျင်း၌ တပ်စွဲထားသော စစ်တပ်ကို ဩဂုတ် ၁၇ ရက် ညပိုင်းတွင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။ တိုက်ပွဲမှာ ည ၈ နာရီခန့်မှ ၉ နာရီခန့်ထိ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်သည့်အသံများကို မြို့ပေါ်နေ ပြည်သူများ အတိုင်းသားကြားခဲ့ရကြောင်း၊ ယင်းပြင် တိုက်ပွဲဖြစ်ပွားသောနေရာအနီး သံဃာ အပါး ၂၀၀ ကျော် သီတင်းသုံးသည့် စစ်ကိုင်းမြို့ မဟာခိုနန်းပရိယတ္တိစာသင်တိုက် ကျည်ဆန်များထိမှန်ခဲ့ပြီး ကိုရင်ငယ် တပါးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ခံတဦးက “ည ၈ နာရီလောက် စဖြစ်တာ၊ လက်နက်ကြီးသံတွေကြောင့် အိမ်တောင်…

  • နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော ဇွန် ၁၂ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့မှာ ကျောင်းဆရာ/ဆရာမများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ် မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြဖစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေ လိုသည်”ဟု ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည်…