Author: Baby Yit Lone
-

အောင်ဇမ္ဗူ ပြဿနာ ပိုကြီးပြီ
ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်ရဲ့ မသန်စွမ်းသူ ပုံစံတု သရုပ်ဖော် ပြက်လုံးကိစ္စ သဘင်အစည်းအရုံး ဆွေးနွေးမယ် မသန်စွမ်းသူတွေရဲ့ လှုပ်ရှားသွားလာပုံကို ပုံစံတူလုပ်ကာ သရုပ်ဖော်ပြက်လုံး လုပ်ခဲ့တာကြောင့် ဝေဖန်မှုမြင့်တက်နေတဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးကတာဝန်ရှိသူတွေ ဒီကနေ့ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကော်မတီဝင်တစ်ဦးထံက သိရှိရပါတယ်။ အစည်းအဝေးက အောင်ဇမ္ဗူဇာတ်အဖွဲ့နဲ့ သဘင်အစည်းအရုံးတို့ နှစ်ဖက်ဆွေးနွေးတာမျိုးမဟုတ်ဘဲ သဘင်အစည်းအရုံးတစ်ဖွဲ့တည်းက တာဝန်ရှိသူတွေပဲ သီးခြား ဆွေးနွေးကြမှာဖြစ်ပါတယ်။ “ဟိုးအရင်ကတည်းက ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ အခုကာလမှာတော့ ဒါမျိုးမလုပ်ဖို့ လိုပါတယ်။ ညနေ အစည်းအဝေးအပြီးမှာတော့ ဆုံးဖြတ်ချက်တစ်ခုထွက်လာမှာပါ” လို့ ကော်မတီဝင်က ဆိုပါတယ်။ စင်မြင့်ထက်မှာ ဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားက သီချင်းသီဆိုဖျော်ဖြေနေချိန် လူရွှင်တော်အဖွဲ့တွေက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လမ်းလျှောက်တဲ့ ပုံစံမျိုး လျှောက်ပြခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေကြတာပါ။ ဒီရုပ်သံဖိုင်ကို မသန်စွမ်းသူတွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့…
-

စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကွင်းဆက်တွေကို ထပ်တိုးဒဏ်ခတ်ဖို့ JFM တောင်းဆို
ပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ နိုင်ငံတကာအစိုးရတွေကို Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတဲ့ ကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ဖို့ JFMက တောင်းဆိုထားတာပါ။ “စစ်အုပ်စုရဲ့ အဆက်မပြတ် သတ်ဖြတ်တာတွေကို ပံ့ပိုးပြီး၊ အကျိုးအမြတ် ရရှိနေတဲ့ ဒီသင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မှုတွေ အဆောတလျင် လုပ်ဆောင်နိုင်မှုအပေါ် မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်က မှီခိုနေတာ ဖြစ်ပါတယ်”လို့ JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ လက်ရှိ စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတာက ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်ဖြစ်ပြီး…
-

စျေးကွက်အတွင်း ငွေစက္ကူ ရှားပါးလာပြီ
KPay အပါအဝင် အွန်လိုင်းငွေပေးချေမှုနဲ့ အရောင်းအဝယ်မလုပ်တာတွေပါရှိလာ ဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်တာမှာ Kpay အပါအဝင် အွန်လိုင်းငွေပေးချေမှူဆိုရင်တချို့ကအလက်မခံတာတွေရှိလာတယ်လို့စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပြည်သူတွေကပြောပါတယ်။ စျေးကွက်အတွင်း ငွေစက္ကူရှားပါးလာတာကြောင့် စျေးဆိုင်တချို့က E-Money အွန်လိုင်းကနေငွေပေးချေတာ( ဥပမာ Kpay ၊ ဘဏ်အကောင့်တွေကနေ ငွေပေးချေတာ)ကိုလက်မခံဘဲ ငွေသားနဲ့ပေးချေနိုင်မှသာ အရောင်းအဝယ်လုပ်ရတယ်လို့လုပ်ငန်းရှင်အချို့ကပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဗဟိုဘဏ်ကနေ အစိုးရ၊ပုဂ္ဂလိက ဘဏ်တွေကနေတဆင့် ငွေကြေးစျေးကွက်ကို တိုက်ရိုက်ပိုထိန်းချုပ်မှုတွေလုပ်လာတာဖြစ်ပါတယ်။ “အခုလဆန်းက ထင်တယ်။UMFCCI (ကုန်သည်စက်မှုအသင်းချုပ်)မှာ လုပ်တဲ့အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဌ ပြောတဲ့ ငွေထုတ်တာကို ကန့်သတ်ထိန်းချုပ်တယ်ဆိုတာကနေ စတာပဲ။အရင်က Special အကောင့်ဖွင့်ထားတဲ့သူတွေတောင် တိုင်ပတ်ကုန်တာ။တခါထုတ် ၂၀ ကနေ ၅၀ ပဲ။အရမ်းပိုင်တဲ့သူမှ ထုတ်ချင်တဲ့ အမောင့်ရဲ့တဝက်ပဲရတာ။အဲဒီတော့ ဘဏ်မဟုတ်တဲ့ ပြင်ပငွေကြေးစျေးကွက်မှာငွေလည်ပတ်မှု လျော့လာတော့တာပဲ။ငွေသားပဲသီးသန့်လက်ခံတယ်ဆိုတဲ့ အရောင်းအဝယ်…
-

GPS လမ်းညွှန်မှားလို့ ကားနှစ်စီး တိုက်မိရာက မြန်မာလုပ်သား ၅ ဦး အပါအဝင် ၉ ဦး အပြင်းအထန်ဒဏ်ရာရ
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်သလွန်(Phatthalung)ခရိုင်အတွင်းမှာ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီလောက်က GPS လမ်းညွှန်မှု လွဲချော်ရာကနေ ကားနှစ်စီး အပြင်းအထန် တိုက်မိပြီး မြန်မာလုပ်သား ၅ ဦး အပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Khaosod သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၂ နာရီအချိန်မှာ ဖတ်သလွန်မြို့နယ်၊ ရာမတ်လမ်းပေါ်က ချောင်ကို (Chong Ko) လမ်းဆုံမှာ အဆိုပါယာဉ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး Ford Ranger ကားတစ်စီးနဲ့ Isuzu D-Max ကားတစ်စီး အရှိန်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။ Ford ကားမောင်းတဲ့ အသက် ၃၇ နှစ်အရွယ် နီဖွန်ရဲ့ ပြောဆိုချက်အရ ဘန်ကောက်မှာ သွေးစစ်ပြီးပြန်လာတဲ့…