Author: Baby Yit Lone

  • ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော

    ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဩဂုတ် ၂၁ရက်)မနက်တွင် ပြောသည်။ ဗန်းမော်မြို့အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ “တာမိုင်းလုံဘက်တို့ စကခ(၂၁)နဲ့ တပ်မ(၈၈)တို့နေတဲ့ဗန်းမော်တက္ကသိုလ်ကျောင်းပေါ့။ အဲဒီဘက်မှာနဲ့ နောက်တခုက မြို့မရပ်ကွက်လို့ပြောရမှာပေါ့။ ဝင်းလိုက်ဟိုတယ်တို့ မြစ်ဆုံဟိုတယ်တို့ဘက်မှာ ပိုပြီးမှ တိုက်ပွဲက ပိုပြင်းထန်တယ်လို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဗန်းမော်မြို့၌တိုက်ပွဲများ ပြန်လည်ပြင်းထန်နေခြင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဖြစ်ဟု ပြောသည်။ ဩဂုတ်လဆန်းပိုင်းတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “တနေ့ကိုတော့လေကြောင်းကသုံးလေးငါးခေါက်လာတယ်။ လက်နက် ကြီး တို့ ဒရုန်းတို့တော့ အကြိမ်ပေါင်း ၂၀၊ ၃၀လောက် ဗုံးကြဲတယ်တဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။…

  • ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်

    ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ မြေပြင်ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဝေါလေ ဗျူဟာမကျရေး အင်အားဖြည့်တင်းနိုင်ဖို့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းနဲ့ ကော့ကရိတ် လမ်းဟောင်းဘက်ကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် KNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဝေါလေဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ ကရင် ရှေ့တန်း သတင်းရင်းမြစ်က တယောက်က ပြောပါတယ်။ “နေ့တိုင်းတော့ ပစ်နေတာပဲ။ သူပစ် ကိုယ်ပစ်ပါပဲ။ မြဝတီကနေ ထိုးဖောက်ချင်ရင် လွယ်လွယ် ထိုးဖောက်စရာမှ မလိုဘဲ။ သူတို့လူတွေ ရောက်နေပြီးသားပဲဟာ။ မြဝတီက BGF…

  • မြန်မာထမင်းဟင်း ကို မြင်ရင် ကြက်သီး ဗြန်းဗြန်းထကာ ကြောက်မိလို့ ဟမ်ဘာဂါ တို့ ကိတ် မုန့် ပေါင်မုန့် ပဲစားကြောင်း ပြောလာတဲ့ မန္တလေးဘာဘီ

    မြန်မာထမင်းဟင်း ကို မြင်ရင် ကြက်သီး ဗြန်းဗြန်းထကာ ကြောက်မိလို့ ဟမ်ဘာဂါ တို့ ကိတ် မုန့် ပေါင်မုန့် ပဲစားကြောင်း ပြောလာတဲ့ မန္တလေးဘာဘီ

    လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာပြီး လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ “မန္တလေး ဘာဘီ” လို့ လူသိများတဲ့ မအိမ့်သက်တန့်ဝိုင်း ဟာ မြန်မာထမင်းဟင်းတွေကိုကြောက်တယ်ဆိုတဲ့ကိစ္စပါ။ အစောပိုင်းမှာကတည်းက မအိမ့်သက်တန့် ဝိုင်ဟာ သူရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံ ကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ် သူမရဲ့ပုံစံက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပိန်နေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထင်မြင်ချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မအိမ့်သက်တန့်ဝိုင်းကို ပရိသတ်တွေ စတင်သတိထားမိချိန်ကစပြီး အလွန်အမင်း ပိန်လွန်းနေတဲ့ ခန္ဓာကိုယ်ကြောင့် ရောဂါတစ်ခုခု ခံစားနေရတာလားဆိုပြီး အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ တချို့က တီဘီရောဂါ၊ ကင်ဆာ သို့မဟုတ် ခန္ဓာကိုယ်မသန်စွမ်းမှုတစ်ခုခု ခံစားနေရတာလားလို့ ဝေဖန်ခဲ့ကြသလို၊ တချို့ကလည်း “အာဟာရပြတ်တောက်နေတာလား၊ ဇွန်ဘီနဲ့တူတယ်” စသဖြင့် အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ မအိမ့်သက်တန့်ဝိုင်းဟာ လူတွေထင်မြင်နေသလို…

  • ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လအတွင်း ရေကြည်မြို့နယ်၊ စက်စက်ယို‌ကျေးရွာအနီးတွင် ခလရ ၂၇ စစ်ကြောင်းက စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးစဉ် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် ခလရ ၂၇ တပ်ရင်းမှူး၊ ဗိုလ်ကြီး ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေဆုံးသွားပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ခလရ ၂၇ တပ်ရင်းမှူးနှင့် အရာရှိ၊ စစ်သည်များ သေဆုံးပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ရဲလင်းအောင်က ရေကြည်မြို့တွင် နယ်မြေရှင်းလင်းရန် ပုသိမ်အခြေစိုက် ခလရ…

  • တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာ

    တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာ

    ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွား ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဗန်းမော်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်၏ တင့်ကား ၁ စီးကို ပစ်ခတ် ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်…