လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာပြီး လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။
အဲဒါကတော့ “မန္တလေး ဘာဘီ” လို့ လူသိများတဲ့ မအိမ့်သက်တန့်ဝိုင်း ဟာ မြန်မာထမင်းဟင်းတွေကိုကြောက်တယ်ဆိုတဲ့ကိစ္စပါ။

အစောပိုင်းမှာကတည်းက မအိမ့်သက်တန့် ဝိုင်ဟာ သူရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံ ကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ်
သူမရဲ့ပုံစံက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပိန်နေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထင်မြင်ချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
မအိမ့်သက်တန့်ဝိုင်းကို ပရိသတ်တွေ စတင်သတိထားမိချိန်ကစပြီး အလွန်အမင်း ပိန်လွန်းနေတဲ့ ခန္ဓာကိုယ်ကြောင့် ရောဂါတစ်ခုခု ခံစားနေရတာလားဆိုပြီး အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။

တချို့က တီဘီရောဂါ၊ ကင်ဆာ သို့မဟုတ် ခန္ဓာကိုယ်မသန်စွမ်းမှုတစ်ခုခု ခံစားနေရတာလားလို့ ဝေဖန်ခဲ့ကြသလို၊ တချို့ကလည်း “အာဟာရပြတ်တောက်နေတာလား၊ ဇွန်ဘီနဲ့တူတယ်” စသဖြင့် အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။
ဒါပေမဲ့ တကယ်တော့ မအိမ့်သက်တန့်ဝိုင်းဟာ လူတွေထင်မြင်နေသလို ရောဂါဝေဒနာတစ်ခုခု ခံစားနေရတာမျိုး၊ မသန်စွမ်းဖြစ်နေတာမျိုး လုံးဝမရှိဘဲ သာမန်မိန်းကလေးတစ်ယောက်ပါလို့ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။
သူမဟာ ဒီလို “Slim Body” ပုံစံမျိုးကို ကြိုက်နှစ်သက်တာကြောင့် တမင်တကာ ဝိတ်ချထားတာလို့ ဆိုပါတယ်။

ဒီလိုပိန်သွယ်တဲ့ ခန္ဓာကိုယ်ပုံစံ ရဖို့အတွက် နှစ်နဲ့ချီပြီး အစားအသောက်တွေကို ဂရုစိုက်ထိန်းသိမ်းခဲ့ရတယ်လို့ မအိမ့်သက်တန့်ဝိုင်းက မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
သူမဟာ အရင်က ပေါင်ချိန် ၁၀၀ ကျော်ရှိခဲ့ပေမဲ့ အခုလို ဘာဘီခန္ဓာကိုယ်မျိုးရအောင် နှစ်ချို့ ဝိတ်ချခဲ့တာလို့ ပြောပြခဲ့ပါတယ်။
အထူးခြားဆုံးအချက်ကတော့ သူမရဲ့ အစားအသောက်ပုံစံပဲ ဖြစ်ပါတယ်။ သူမဟာ ကိတ်မုန့်၊ ပေါင်မုန့်၊ ဟမ်ဘာဂါ စတဲ့ အနောက်တိုင်းအစားအစာတွေပဲ စားသုံးလေ့ရှိပြီး မြန်မာထမင်းဟင်းတွေကို လုံးဝမစားဘူးလို့ ဆိုပါတယ်။

ပိုပြီးအံ့သြစရာကောင်းတာကတော့ မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ ဆီပြန်ဟင်းတွေ၊ သားငါးဟင်းတွေကို စားဖို့မပြောနဲ့ မြင်ရုံနဲ့တင် ကြက်သီးဗြန်းဗြန်းထပြီး ကြောက်မိတယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့်လည်း သူမဟာ ဒီလိုခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့အတွက် ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အနောက်တိုင်းအစားအစာတွေပဲ အဓိကထား စားသုံးနေတယ်လို့ ဆိုပါတယ်။
မအိမ့်သက်တန့်ဝိုင်းဟာ ချမ်းသာကြွယ်ဝတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာတာဖြစ်သလို သူမကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မန္တလေးမှာ နာမည်ကြီး ကြက်ဆီထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

သူမရဲ့ခန္ဓာကိုယ်ပုံစံကြောင့် ပုံမှန်မဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေပေမဲ့ သူမကိုယ်တိုင်ကတော့ သူမရဲ့ပုံစံကို သဘောကျနေတာဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ အစားအသောက်ပုံစံနဲ့ ပိန်လွန်းတဲ့ ခန္ဓာကိုယ်ပုံစံကြောင့်ပဲ မအိမ့်သက်တန့်ဝိုင်းဟာ နာမည်ကြီးလူမှုကွန်ရက်နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့ပြီး အခုဆိုရင် ရွှေဆိုင်၊ စိန်ဆိုင် ပရိုမိုးရှင်းအခမ်းအနားတွေမှာပါ တက်ရောက်နေရပါပြီ။
ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ သူမရဲ့ မြန်မာထမင်းဟင်းကို ကြောက်ရွံ့တဲ့အပြုအမူဟာ “အစားအသောက်ကို ကြောက်ရွံ့တဲ့ရောဂါ” တစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားရင် လူစိတ်ဝင်စားမှုများပြီး နာမည်ကြီးတတ်တဲ့ မြန်မာနိုင်ငံမှာတော့ မန္တလေး ဘာဘီဟာ တော်တော်လေး နာမည်ကြီးနေပါပြီ။
ဒီဗီဒီယိုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေအနေနဲ့ကော မြန်မာထမင်းဟင်းမြင်ရင်တောင် ကြက်သီးထပြီး ကြောက်နေတယ်ဆိုတဲ့ မအိမ့်သက်တန့်ဝိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုအမြင်တွေ ရှိကြပါသလဲ။
ရောဂါတစ်ခုခု ခံစားနေရတာလို့ ထင်မြင်ပါသလား၊ ဒါမှမဟုတ် သူမရဲ့ စတိုင်လ်ကို သဘောကျလားဆိုတာကို ပြောပြသွားကြပါဦးရှင်။


Leave a Reply