Author: Baby Yit Lone

  • ၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား

    ၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား

    ကြာသပတေး နေ့ တွင် နိုင်ငံကို အုပ်ချုပ်နေသော အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအား မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၁၀၂ မြို့တွင် ပထမ အဆင့် အဖြစ် စတင် ပြုလုပ်သွားမည်ဟု ဆိုသည်။ ဤသည်က ဦးနု၏ ဖဆပလ အစိုးရ မှ လွတ်လပ်ရေးရပြီး ကာစ တိုင်းပြည် မတည်မငြိမ် ဖြစ်နေချိန်တွင် အဆင့်လိုက်ခွဲ ၍ ၁၉၅၁ ဇွန်လမှ ၁၉၅၂ ဧပြီ လ အထိ ကျင်းပခဲ့ရဖူးသည်။ ယခု မင်းအောင်လှိုင်သည်လည်း ထိုပုံစံကို အတုယူခဲ့ပုံရသည်၊ သို့သော် တဖက်တွင် ကြည့်မည် ဆိုလျင် ၎င်း၏ အာဏာသိမ်း လုပ်ရပ်ကြောင့်…

  • တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီအဖမ်းခံရမှုနှင့် တယ်လီနော-မြန်မာက တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာအချက်အလက်များ၊ ဖုန်းဟန်းဆက်တည်နေရာတို့ပါသောအချက်အလက်များကို စစ်အုပ်စုထံလွှဲပြောင်းပေးခဲ့မှုနှင့် ဆက်စပ်နေကြောင်း နော်ဝေ-မြန်မာ ကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်း အာဂါ (Audun Aagre) က စွပ်စွဲလိုက်သည်။ အာဏာသိမ်းပြီးနောက် ကိုဂျင်မီ ပုန်းအောင်းနေခဲ့သဖြင့် စစ်တပ်က ရှာမတွေ့ ခဲ့သော်လည်း တယ်လီနောက ကိုဂျင်မီနှင့်ပတ်သက်သည့် မက်တာဒေတာကို ထုတ်ပြန်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ “တယ်လီနောက ကိုဂျင်မီနဲ့ပတ်သက်တဲ့ Metadata (မက်တာဒေတာ) လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်သိပ်မကြာခင်မှာပဲ သူအဖမ်းခံခဲ့ရတယ်။ ဇူလိုင် ၂၃ ရက်၊ ၂၀၂၂ ခုနှစ်မှာ သူကြိုးပေးကွပ်မျက်ခံခဲ့ရတယ်” ဟု အော်ဒွန်း အာဂါက နော်ဝေအခြေစိုက် Panorama…

  • သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်

    သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်

    သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ် ကျွန်တော်တို့မှာ မဟာဗျူဟာမြောက် အင်အားနဲ့ ထိုးစစ် လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းမသွားပါ ဒါဟာ ကျွန်တော့် ထင်ရာမြင်ရာ အာဘော်မဟုတ်ဘဲ သတင်းအချက်အလက်အပေါ် အခြေခံပြီးမှ စနစ်တကျ ရှု့မြင်တဲ့ ယူဆချက် ဖြစ်ပါတယ် ဗန်းမော်မှာလည်း တဂျိမ်းဂျိမ်းချနေတာ ပွဲက မရပ်သေးပါဘူး ကျွန်တော်တို့တပ်ရင်း အပါအဝင် အညာက တက်သွားတဲ့ တပ်တွေလည်း ဗန်းမော်မှာ ဝင်ချနေကြတုန်းပါ မြို့ထဲကနေ စစ်တပ်က ပြန်ထွက်သွားပါတယ် လက်လွှတ်လိုက်ရတဲ့ အမြောက်တပ်ကို KIA PDF တွေ ပြန်သိမ်းတဲ့သတင်း တွေ့မှာပေါ့နော့ ထိုင်း မြန်မာနယ်စပ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကီလိုမီတာ ရှစ်ရာကျော် သိမ်းယူထားနိုင်တဲ့ KNLA ကလည်း ဝေါလေဗျူဟာကို ထိုးနေပါတယ် KNDF KA KNPP တွေကလည်း…

  • ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို လေးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော် လည်း ဝယ်ယူသူမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီး​နောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ထဲတွင် ခြံအမှတ် (၅၄)၏ မြေတဝက်ကို ယူလိုကြောင်း ဦးအောင်ဆန်းဦး၏ သုံးကြိမ်မြောက် လျှောက်ထားချက်ကိုလည်း ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက ဩဂုတ်လ ၇ ရက်နေ့က ပယ်ချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ ခြံနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြလျှောက်ထားရန် ဩဂုတ်လ ၁၃ ရက်နေ့နှင့် ယနေ့ (ဩဂုတ် ၂၁)တို့တွင် ရုံးချိန်းခေါ်ယူခဲ့သော်လည်း တင်ပြခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ ယနေ့ရုံးချိန်းတွင်မူ ဦးအောင်ဆန်းဦး၏ ရှေ့နေဘက်က အမှုသည်နှင့် မတွေ့ရသေးဟုသာ…

  • ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ

    အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။ ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။ “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က…