Author: Baby Yit Lone
-

မရမ်းကုန်း မီးလောင်မှုကနေ လူတိုင်း သင်ခန်းစာယူသင့်တဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်
၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အမျိုးသမီး ၃ ဦး အတူနေထိုင်ကြပေမယ့် တဦးက ဘုရားဖူးခရီးသွားတာကြောင့် ကျန်ရှိတဲ့သူ ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။ နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့…
-

သြစတြေးလျ အထက်လွှတ်တော်ကော်မတီမှာ မြန်မာ့အရေး လူထုကြားနာပွဲ ပြုလုပ်
မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲတစ်ရပ်ကို သြစတြေးလျ အထက်လွှတ်တော်ရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဥပဒေပြုရေးကော်မတီမှာ ပြုလုပ်သွားပါတယ်။ ဒီဇင်ဘာကစပြီး အပိုင်းလိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရပြန်လည်ပေါ်ပေါက်ရေး အတားအဆီးတွေအပါအဝင် မြန်မာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာတင်ပြချက်တွေကို အထက်လွှတ်တော်ကော်မတီမှာ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက ကြားနာခဲ့တာဖြစ်ပါတယ်။ ဒီကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)၊ မြန်မာ့အရေးလှုံ့ဆော်ကွန်ရက်(Myanmar Campaign Network)၊ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)နဲ့ သြစတြေးလျရောက် CRPH/NUG ထောက်ခံတဲ့အဖွဲ့တို့က သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေကို ကော်မတီမှာ တင်သွင်း ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။ ဒါအပြင် သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း အစီရင်ခံတင်သွင်းခဲ့ပါတယ်။ “မြန်မာလူထုအပေါ် အကြမ်းဖက်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်ကို ဟန့်တားဖို့ရာ…
-

မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ် စီမံကိန်းဝန်းက ငါးကန်ဟောင်း ရေအိုင်အတွင်းမှာ ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၁ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းနေ အသက် (၄၂) နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ စိုးမိုးထိုက် ဖြစ်တယ်လို့ သိရပြီး ကျူးလွန်သူဟာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အသက် (၃၃) နှစ်အရွယ် လင်းစိုးသက် (ခ) အမန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ လင်းစိုးသက်ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ ဇန်နဝါရီလ အတွင်းက ကိုစိုးမိုးထိုက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း၊…
-

မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တလခွဲအတွင်းဖမ်းခံရ
မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နိုင်ငံခြားသား ၆,၀၀၀ ကျော်ကို တလခွဲအတွင်း ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၆ ဇန်နဝါရီလကစလို့ တနိုင်ငံလုံးမှာ စစ်ဆေးမှုပေါင်း ၁,၇၀၀ လောက်လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပူးပေါင်းစစ်ဆေးမှုတွေအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေအမျိုးမျိုးကို ဖောက်ဖျက်ကျူးလွန်တယ် ဆိုတဲ့ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံခြားသား ၆,၂၀၀ကို ဖမ်းဆီးရမိခဲ့သလို အလုပ်ရှင် ၂၃၀ ကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးက “အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ သာယာဝပြောရေးအတွက် ပိုဗျူဟာကျပြီး ပစ်မှတ်ထားတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စမတ်ကျကျ နှိမ်နင်းရေး နည်းလမ်းကိုအသုံးပြုပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို…
-

ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍ မြန်မာ့အရေး ဆွေးနွေး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် “ပါလီမန်များနှင့် ကုလသမဂ္ဂ – ပြည်သူ့အတွက် ပိုမိုကောင်းမွန်စွာ အတူတကွ ဆောင်ရွက်ခြင်း”အမည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း CRPHက ထုတ်ပြန်ထားသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၁၄) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင် တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ ကတိကဝတ်နှင့် လက်တွေ့ကွာဟချက်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် ပထမနေ့တွင် CRPH…