Author: Baby Yit Lone
-

ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇)ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စီးနင်းသူတွေကို ပစ်ခတ်ရာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် အမှတ် -၇ ရပ်ကွက်က နှစ်ထောင်ပြည့်ရပ်၊ တိလောက ဘကကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတစ်ဦးက ဆိုပါတယ်။ “စကစက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဆိုင်ကယ်ပေါ်က လူတွေကို လိုက်ပစ်တာ။ ဆဲဆိုပြီးတော့။ စကစက မူးနေတော့ မြင်မြင်သမျှ ပစ်ရာမှာ သူ့အိမ်မှာ ရှိနေတဲ့ ကိုဇော်ဝင်းကို ထိမှန်တာပါ။ လည်ပင်းနဲ့ ဗိုက်ကို နှစ်ချက်ထိပြီး ညနေပိုင်းမှာ ဆုံးသွားပါတယ်” ကိုဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက်…
-

အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီ ၄၃ မိနစ်ခန့် သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း)…
-

တယ်လီနော (Telenor) ကြောင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးသမားများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလား …
တယ်လီနော (Telenor) ကြောင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးသမားများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလား … …… အဲဒီအချိန်မှာ သူမပြန်ဖြေလိုက်တာက “Fu*k off, Telenor” ဆိုတာပါပဲ …… ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အကျဥ်းချခံထားရာမှ ပြန်လည်လွတ်မြောက်ခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းစဥ်နဲ့အတူ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာပြီးမကြာမီမှာပဲ နိုင်ငံတကာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြီး တယ်လီနော (Telenor) ဝင်ရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍမှာ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအဖို့တော့ ဒီမိုကရေစီ အိုင်ကွန်နိုင်ငံတစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီ နိုင်ငံတွင်းဝင်ရောက်လာမှုကို ဘုရားပေးတဲ့ ဆုလဒ်တစ်ခုသဖွယ် ကြိုဆိုခဲ့ကြပြီး၊ တယ်လီနော ဟာလည်း အချိန်တမုဟုတ်ချင်း မြန်မာနိုင်ငံမှာ သုံးစွဲသူ ၂၃ သန်းကျော်နဲ့ လူသုံးအများဆုံး ဆက်သွယ်ရေးကုမ္ပဏီကြီး…
-
ဗန်းမော်တွင် တိုက်ပွဲပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြားသေဆုံး
ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဩဂုတ် ၂၅ ရက်က တိုက်ပွဲ ပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရမိထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ နီးစပ်သူထံက သိရပါတယ်။ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့သူတယောက်က “လေယာဉ်ကွင်း မသိမ်းသေးတဲ့ဘက်က စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တန်ပြန် ခုခံတိုက်ခိုက်တာ၊ စစ်ကောင်စီဘက်က ၅၄ ယောက်လောက် သေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ လေယာဉ်ကွင်း အကုန်မသိမ်းရသေးဘဲ တခြမ်းမှာ စစ်ကောင်စီတပ်တွေရှိပြီး ကျန်တခြမ်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိထားတယ်လို့ သူက ပြောပါတယ်။ ရေကြောင်းနဲ့ စစ်ကူခေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့လည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဆီ ထွက်ပြေး ဝင်ရောက်လာတာ…
-
စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ယနေ့ နံနက်ပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့၊ နံနက် ၉ နာရီခန့်မှ စ၍ စစ်တွေမြို့နယ်၊ ကျားမသောက်နှင့် ဇော်မဒတ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး AA ဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ” ပစ်လိုက်နား လိုက်နဲ့ အပြန်အလှန်ပစ်နေကြတယ်။ အနည်းဆုံး ၁၀ လုံးကျော်လောက် ရှိမယ်။ အခုတော့ အသံတွေ ခဏရပ်နေတယ်။ ပေါက်တောဘက်ကို ကျတယ်လို့ ခန့်မှန်းရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စလုံး အင်အားအလုံးအရင်းဖြင့် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေသည်။ အာရက္ခတပ်တော်က မြို့တစ်ခုလုံးကို…