Author: Baby Yit Lone

  • စရဖ၏ ဖုန်းပျောက်သွားသည့်အတွက် ပုသိမ်တွင် ဖုန်းအရောင်းအ၀ယ်လုပ်ကိုင်သူအချို့ကို စစ်တပ်ဖမ်းဆီးထား

    စရဖ၏ ဖုန်းပျောက်သွားသည့်အတွက် ပုသိမ်တွင် ဖုန်းအရောင်းအ၀ယ်လုပ်ကိုင်သူအချို့ကို စစ်တပ်ဖမ်းဆီးထား

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဖုန်းအရောင်းအ၀ယ်ပြုလုပ်သည့် လူငယ် လေးဦးထက်ထက်မနည်းကို စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။ ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်၊ မြို့ပါတ်လမ်းနှင့်ကမ်းနားလမ်းတွင်နေထိုင်သော လူငယ်အချို့၏ နေအိမ်များကို ဩဂုတ် ၂၂ ရက်နေ့က စစ်ကားများဖြင့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်​။ “ငွေဆောင်မှာ စရဖရဲ့ သေနတ်နဲ့ ဖုန်းပျောက်တဲ့ကိစ္စက ဖုန်းကို ပုသိမ်မှာလာရောင်းတယ်ဆိုလို့ ဖုန်းအဟောင်းရောင်း၀ယ်လုပ်တဲ့သူအချို့နဲ့ ဖုန်းပြင်တဲ့သူအချို့ကို ညတွင်းချင်းလာဖမ်းတာ”ဟု ပုသိမ်မြို့နယ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက ပြောသည်။ ငွေဆောင်မြို့တွင် သြဂုတ် ၁၉ ရက်နေ့က စရဖတပ်ဖွဲ့၀င် ​အောင်မြင့်ဦး ဆိုသူ၏ သေနတ်၊ ဖုန်းနှင့် ငွေသားများပျောက်ဆုံးခဲ့ပြီးနောက် ဒေသခံအချို့ဖမ်းဆီးခံခဲ့ရကာ ဖုန်းကို ပုသိမ်မြို့တွင် လာရောက်ရောင်းချသည်ဟု သတင်းရသဖြင့် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးထားသူများကို စစ်ဆေးနေပြီး…

  • ကျောက်မဲထိုးစစ် နောင်ပိန်ရွာမှ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲပြင်းထန်နေ

    ကျောက်မဲထိုးစစ် နောင်ပိန်ရွာမှ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲပြင်းထန်နေ

    ရှမ်းပြည်နယ်၊ ကျောက်မဲကို ဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းဟာ နောင်ပိန်ရွာနားကို ရောက်ရှိနေပြီး ဩဂုတ် ၂၇ ရက်အထိ တိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်။ နောင်ချိုကို စစ်တပ်က ပြန်သိမ်းပိုက်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောက်ထပ်မြို့တွေ ဖြစ်တဲ့ ကျောက်မဲနဲ့ မိုးကုတ်ကိုလည်း ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ဆက်ပြီး ထိုးစစ်ဆင်နေတာပါ။ ကျောက်မဲမြို့နယ်၊ နောင်ပိန်ဘက်ကို ရောက်နေတဲ့ စစ်ကြောင်းနဲ့ TNLA တို့အကြား တိုက်ပွဲက တပတ်ကျော် ကြာလာပြီဖြစ်ပြီး တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။ “တိုက်ပွဲကတော့ ဒီနေ့အထိလည်း ဆက်ရှိပါတယ်။ ဟုတ်တယ် ပြင်းထန်တယ်။ သူတို့ဘက်ကတော့ လေကြောင်းကိုပဲ အဓိက အားကိုးတာပဲပေါ့။ ဒရုန်းတွေလည်း အများကြီးသုံးတယ်။” နောင်ပိန်ဘက်ကို…

  • ဘုတ်ပြင်းအခြေစိုက်  အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး  ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး

    ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး

    တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ အလောင်းကို ဘုတ်ပြင်းသို့ ပြန်သယ် တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ ဦးတည်၍ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၃ စီးကို…

  • ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများ အရေးပေါ်ပိတ်လိုက်ပြီး MNDAA ကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။ “မနက်ကကျောင်းသွားပို့‌တော့ပြန်လွှတ်လိုက်တယ်။ TNLA နဲ့ စစ်တပ်ဆွေးနွေးနေချိန်မှာ လေကြောင်းကနေလာပစ်မှာကို စိုးလို့တဲ့။ တနင်္လာနေ့မှာပြန်ဖွင့်မယ်လို့သိရတယ်။ ဒီနေ့မနက်ကွတ်ခိုင်မှာ ထူးခြားတာက ကိုးကန့်(MNDAA)တွေက အလံအသစ်တွေ လွှင့်နေတယ်။ ကျီးလန့်စာစားနေရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။ သြဂုတ် ၂၆ ရက်ညနှင့် ယနေ့နံနက်အစောပိုင်းအထိ ကွတ်ခိုင်ကို စစ်ကောင်စီကင်းထောက်လေယာဥ်ဝဲနေခဲ့၍ ဒေသခံများစိုးရိမ်နေကြသည်။ “ည ၇ နာရီ လောက်ကစပြီး တစ်နာရီခြားတစ်ခါလောက် လေယာဉ်ဝဲတာ။ မနက်သုံးနာရီလောက်အထိဝဲတယ်။ ကျနော်တို့ မအိပ်ဘဲနဲ့ စောင့်ကြည့်နေခဲ့ရတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။ ကွတ်ခိုင်မြို့ကို TNLAရော MNDAA…

  • ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်က မြဝတီမြို့မှ အာရှလမ်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၍ မြဝတီမြို့မှပါ အာရှလမ်းဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းပိုင်းရှိ တတန်ကူးရွာအနီး အကြမ်းဖက် စစ်တပ်က လူလှိုင်းဖြင့် ထိုးစစ်ဆင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးကာ ၅ ကြိမ် တပ်လန်သွား၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ လက်ရှိအချိန်တွင်…