Author: Baby Yit Lone
-

မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ၊ စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို သိမ်းဆည်းပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် နစ်နာကြေးပေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆို
မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ၊ စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို သိမ်းဆည်းပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် နစ်နာကြေးပေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် စစ်တပ်အရာရှိများ၏ ပိုင်ဆိုင်မှုများ၊ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း နှင့်ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ် စီးပွား ရေးလုပ်ငန်းများကို သိမ်းဆည်းပြီး ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် နစ်နာကြေးပေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က မြန်မာစစ် တပ်၏ ထိပ်သီးခေါင်းဆောင်များထံမှ နစ်နာကြေးများရရှိရန်နှင့် ၎င်းတို့၏ စီးပွားရေးပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတစ်ခုတွင် အရပ်ဘက်ဆိုင်ရာ တရားစွဲဆိုမှုတစ်ခုကို တင်သွင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ လျှောက်လဲချက်သည်…
-

ဆားလင်းကြီး ပကဖ စခန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်၊ တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး
ဆားလင်းကြီး PDF စခန်းမှာ အစည်းအဝေးလုပ်နေချိန် လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က PDF တပ်တွေရဲ့ စခန်းမှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ် အနောက်မြောက်ခြမ်းရှိ မန်ကျီးတထောင်ရွာအနီးက PDF စခန်းမှာ မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရချိန်က စခန်းအတွင်း အစည်းအဝေး ပြုလုပ်နေချိန် ဖြစ်တယ်လို့ သိရပါတယ်။…
-

တာချီလိတ်မှာ အမျိုးသမီးတစ်ဦး ကလေးမွေးပြီး အိမ်သာမှာ စွန့်ပစ်ခဲ့
ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီး အိမ်သာမှာ သွားရောက်စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေဆီက သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ တာချီလိတ်မြို့ ဟော်လိတ်ရပ်ကွက်ရှိ ပန့်ဆိုင်တစ်ခုရဲ့ အိမ်သာမှာ ကလေးမွေးဖွားပြီး စွန့်ပစ်ထားတာ ဖြစ်ပါတယ်။ “ကလေးကို ဆေးရုံသွားပို့တဲ့ အချိန်မှာ မွေးစားတဲ့သူက လာခေါ်သွားပြီ” လို့ ဖြစ်စဥ်သိရှိသူ တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ ကလေးကို တာချီလိတ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု သွားရောက်ကယ်ထုတ်ပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။ ကလေးမွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့ အဲဒီအမျိုးသမီးဟာ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရသေးဘဲ ၎င်းမွေးဖွားလာတဲ့ အဆိုပါကလေးငယ်ကဟာ သားယောက်ျားလေးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သံ – ဦးလှမိုး တာချီလိတ် လူမှု…
-

ခြေနှစ်ချောင်း ကယ်မိလို့ ပြဿနာ အတုံးလိုက်တွေ့သွားရတဲ့ ဇာဇာထက်
၂၀၂၆ ကတော့ ကံကောင်းခြင်းပြသာနာတွေနဲ့အစပြု😁ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ ကျောက်မြောင်းထဲအပြန် ဟိုအပတ် ဗုဒ္ဓဟူးညနဲ့ ကြာဿပတေးည မလွှကုန်းလမ်းထိပ် စတွေ့တာ1:46am စကားစပြောမေးမြန်းတော့ 1:54am ငါ့နှယ်လမ်းမှာအချိန်မတော် ကိုယ်နဲ့လဲမသိတဲ့ခလေးမလေးတစ်ယောက် tik tok ဆော့နေလို့စိတ်ပူပြီး ကားရပ်မေး သူပြောတဲ့အိမ်နေရာ ကျောက်မြောင်းစျေးနား မိဘမောင်နှမညီမသားချင်းစာနာစွာ ကူညီလိုက်ပို့ပေးခဲ့တာကို သူ့အိမ်ကကျေးဇူးမတင်တဲ့အပြင် တရားခံလိုဖုန်းတွေဆက် စစ်မေးနေလို့ ဘာသိချင်တာလဲမေးလိုက်တော့ ဒီဖုန်းဘယ်ကရတာလဲဘယ်လိုတွေ့တာလဲ ဘယ်လို ပတ်thet တာလဲတရားခံလိုစစ်မေးပြီး သူဆက်နေတာက ကိုယ့်ဖုန်းကိုဆက်တာသူ့လူကကျေးဇူးတင်စကားပြောချင်လို့ဖုန်းနံပါတ် တောင်းထားတာ ကိုယ်တွေလိုက်ပို့တာကိုတောင် လိုက်ပို့ခံရသူက recording ပါဖမ်းထားသတဲ့ကွယ် ဖမ်းထားလဲဂရုမစိုက် နင့်တို့ဟာမလေးကိုပို့ပြီးအိမ်ပြန်ရောက်တော့ 2:11am အမလေးလူတွေများ ကိုယ့်ကိုပြောသွားတာ နင်တို့ဘာသာလျှာရှည်ပြီး ကူညီတာနင်တို့ကိစ္စတဲ့ ဪ အေး ငါတို့လဲ နောက်နောင်ဆို မည်သူ့ကိုမျှ မကူညီ မသနား မစာနာတော့ပါဟေ့ မိကောင်းဖခင်သားသမီးကတော့ ကိုယ့်မိဘမောင်နှမသားချင်းကို အဲ့လိုကူညီတဲ့သူကို ကျေးဇူးတင်တာပဲကြားဖူးတာ…
-

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကသာမြို့ခံအမျိုးသားတစ်ဦး အသတ်ခံရ
မလေးရှားနိုင်ငံ၊ ဘီဒိုးမြို့က မျက်နှာကြက်လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရပြီး မိသားစုဝင်တွေက အမှုမှန်ပေါ်ပေါက်ဖို့လိုလားကြောင်း ပြောပါတယ်။ သေဆုံးသူဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့က အသက် ၃၈ နှစ်အရွယ် ကိုရဲဝင်းလှိုင်ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိသားစုနဲ့ နောက်ဆုံးအဆက်သွယ်ရခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မလေးရှားရဲတွေက အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း မိသားစုဝင်က ဆိုပါတယ်။ “ရဲတစ်ယောက်က သူဌေးစက်ရုံကိုလာပြီး သူဌေးကို နင့်စက်ရုံက အရှည်ကြီး အသတ်ခံရကြောင်း လာပြောသွားတာပါတဲ့။ ကျွန်မက ကိုရဲဝင်းလှိုင်နဲ့ တစ်ရက်မှမပျက် အဆက်သွယ်ရနေတဲ့သူပါ။ ကိုရဲဝင်းပျောက်ဆုံးနေတယ်လို့သိရကတည်းက ဆက်တိုက်ပဲစုံစမ်းနေခဲ့တာ” စက်ရုံသူဌေးက သေဆုံးသူမိသားစုဝင်တွေကို ကိုရဲဝင်းလှိုင်သေဆုံးမှုကို အသိပေးအကြောင်းကြားခြင်း မရှိခဲ့တာကြောင့် မိသားစုဝင်တွေက ခက်ခက်ခဲခဲစုံစမ်းခဲ့ရပြီး ဖေဖော်ဝါရီလ…